|
RMS

Auto Draft

  31/ Jan/ 2018

ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

= = =

ပဲခူး၊ ဇန်နဝါရီ

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ပဲခူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးငွေရှိန်၊ ၊ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် အဆိုပါ အခန်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သင်တန်းဆင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ အမှာစကား ဆက်လက်ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးငွေရှိန်က သင်တန်းသား သင်တန်းသူများကို သင်တန်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် စံပြုဆုရရှိသော သင်တန်းသား သင်တန်းသူများအား ဆုမျာပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၉ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရပါသည်။