|
RMS

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ Epidemic Control for Volunteer Training (TOT) ဖွင့်လှစ်

  28/ May/ 2018

ရန်ကုန်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် Epidemic Control for Volunteer Training (TOT) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှက အဖွင့် အမှာစကားပြောကြားခဲ့ရာ – ယခု ဖွင့်လှစ်တဲ့သင်တန်းသည် အလွန်အကျိုးရှိပြီး စိတ်ဝင်စားစရာကောင်းသည့် သင်တန်းဖြစ်ကြောင်း၊ ကပ်ရောဂါအသွင်ဖြင့် ကျရောက်တတ်သော ရောဂါများကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များ၊ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရွက်ရမည့် အစီအစဉ်တို့အား အသေးစိတ် သင်ကြားပေးသွားမည်ဟု သိရှိရပါကြောင်း၊ အလွန်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပြီး ကြက်ခြေနီ၏ ကျေးရွာအရောက် ခရီးပေါက်ရမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် အလွန်ပင် ဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ အသင်း၏ ရည်ရွယ်ချက်နှင့် အခြေခံမှုအတိုင်း လူမျိုးဘာသာ အဆင့်အတန်း မခွဲမခြားဘဲ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် အကျိုးရှိတဲ့ သင်တန်းဖြစ်သည့်အတွက် ကြိုးစား သင်ယူကြပြီး မိမိတို့ရပ်ရွာများကို ပြန်ရောက်တဲ့အခါ ပြည်သူလူထုရဲ့ ကျန်းမာရေး အသိပညာများ တိုးတက်လာအောင် ကြိုးစားလုပ်ဆောင်ပေးစေလိုကြောင်း တို့ကို ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သည့် ရောဂါများ၏ ကာကွယ် နှိမ်နင်းရေး အစီအမံများကို မိမိတို့ကိုယ်တိုင် ရေးဆွဲ အကောင်အထည်ဖော်ပြီး ကြံ့ကြံ့ခံတုံ့ပြန်နိုင်သော၊ ဘေးကင်းလုံခြုံသည့် လူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်စေရန်၊ လူထုအတွင်း ရုတ်တရက်ဖြစ်ပွားတတ်သည့် ကပ်ရောဂါများကို ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် လူထုတို့ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရန် တုံ့ပြန်နိုင်ရန်နှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဆိုးကျိုးများအား လျော့ချနိုင်ရန်၊ လူထုအတွင်း ကျရောက်တတ်သော ကပ်ရောဂါများနှင့် နောက်ဆက်တွဲ ပြသ၁နာများ၏ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ အဆိုပါ သင်တန်းကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စနစ်တကျ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၄) ဦး တက်ရောက်လျှက်ရှိပါသည်။ သင်တန်းပြီးဆုံးပါက သင်တန်းသား/သူများအနေဖြင့် စီမံချက်ရပ်ကွက် (၄) နေရာနှင့် စာသင်ကျောင်း (၂၀) တို့တွင် ကူးစပ်ရောက်ဂါနဲ့ ပတ်သက်သည့် အသိပညာပြန့်ပွားရေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။