|
RMS

၂၀၁၈ ခုနှစ် “ ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆုချီးမြှင့်ခံရသော ဒေါ်ဇွန်လေးဝေအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ၀မ်းမြှောက် ဂုဏ်ယူ

  05/ Jul/ 2018

= = =

နေပြည်တော်၊ ဒက္ခိဏသီရိမြို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ၂၀၁၈ ခုနှစ် “ (၁၅) ကြိမ်မြောက် ထူးချွန်အမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ” အခမ်းအနားတွင်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး (တတိယတန်း) ဒေါ်ဇွန်လေးဝေသည် ၂၀၁၇ ခုနှစ် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆု ချီးမြှင့်ခံရခြင်းအတွက်  မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ဝမ်းမြှောက် ဂုဏ်ယူရပါသည်။

ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဦးစီးမှူး (တတိယတန်း) ဒေါ်ဇွန်လေးဝေသည် ရှမ်းပြည်နယ်တောင်ပိုင်း စစ်ဘေးရှောင်စခန်းများတွင် လူမှုကရုဏာလုပ်ငန်းများနှင့် မိသားစု ပြန်လည်ဆက်သွယ် ပေးရေး လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သောကြောင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး၌ ကျင်းပသော ၂၀၁၈ ခုနှစ် “ (၁၅) ကြိမ်မြောက် ထူးချွန်အမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ” အခမ်းအနားတွင် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သည် နှစ်စဉ် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကျိုးမာန်တက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျီုးသမီးများ၏ အကျိုးစီးပွားအတွက် စိတ်ရင်းစေတနာဖြင့် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသမီးများကို မှတ်တမ်းတင် ဂုဏ်ပြုချီးမြှောက်ခြင်း ဖြစ်ပါသည်။