|
RMS

၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်

  26/ Feb/ 2018

ရန်ကုန်၊ ဖေဖော်ဝါရီ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလှုပ်ရှားမှုကို ယနေ့မနက်ပိုင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ပတ်ဝန်းကျင်သန့်ရှင်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဒေါ်လှကြင်ဦးဆောင်ကာ တိုင်းဒေသကြီး၊ ခရိုင်များ၊ မြို့နယ်များ၊ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း အင်အား ၃၀၀ ဦးကျော်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့်ပူးပေါင်းကာ ဆေးရုံကြီးပတ်ဝန်း ကျင်ရှိ စွန့်ပစ်ပစ္စည်းများ၊ ပလပ်စတစ်အိတ်များ၊ အမှိုက်များအား ကောက်ယူစုစည်းကာ အမှိုက်အိတ်များဖြစ် ထည့်သွင်း၍ မြို့တော်စည်ပင်သာယာရေးဌာန အမှိုက်သယ်ယူရေးယာဉ်များပေါ်သို့ စုပေါင်းသယ်ယူပို့ဆောင်ကာ ပတ်ဝန်းကျင်သန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ကြက်ခြေနီလှုပ်ရှားမှုကို စနေနေ့ နံနက် ၆ နာရီမှ ၉ နာရီထိ ဆောင်ရွက်ခဲ့ကြရာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူ သွားရောက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Credit; ဇော်မိုးအောင် (Supporting Officer Yangon Region)