|
RMS

Auto Draft

  01/ Sep/ 2018

= = =

ရေတာရှည်၊ သြဂုတ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာ အုပ်စု၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ရုတ်တရက် ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆွာမြို့အနီးဝန်းကျင်ရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၎င်းရေဘေးသင့် ကျေးရွာများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်ဦးဆောင်သော NDRT နှင့် ERT အဖွဲ့ဝင်များမှ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ကျေးရွာအတွင်း ရေဘေးကြောင့်ထိခိုက်ခံစားရမှု အခြေအနေများနှင့် လိုအပ်ချက်များကို ကနဦးဆန်းစစ်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ အဆိုပါ ကနဦးဆန်းစစ်ချက်များအရ ရေဘေးသင့်ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ထိရောက်သော အကူအညီ ထောက်ပံ့မှုများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိကြော

င်း သတင်းရရှိပါသည်။ Credit; MRCS EOC