|
RMS

Auto Draft

  03/ Jul/ 2018

= = =
တာချီလိတ်၊ ဇွန်လ
မြန်မာနိုင်ငံကြက်ခြေနီအသင်း တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်မီးသတ်ဦးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများနှင့် မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ထိုင်းလူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် တာချီလိတ်မြို့ရှိ ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေခြင်းများကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်ခဲ့ကြပါသည်။

ထိုင်းလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံအတွင်းမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ကူညီသူများပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ရှာဖွေရေးများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည်။

Credit; Minxtut
#PhotoCredit