|
RMS

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Nestle Myanmar က ထပ်မံ လှူဒါန်း

  12/ Oct/ 2020

ရန်ကုန်၊ အောက်တိုဘာ ၁၂

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Nestle Myanmar က မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်(၁၀)နာရီက အွန်လိုင်းမှတစ်ဆင့် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။
Nestle Myanmar က အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၅၁၆၅ တန်ဖိုးရှိ Nestle Products များဖြစ်သော Milo နှင့် Nescafe များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိစွာဖြင့်ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး Nestle Myanmarမှ Managing Director Mr. Stephen Knight, Head of Finance Mr. Muhammad Jakram Zafar, Head of Consumer Communication Mr. Micheal Wong, Head of Corporate Affair Ms Monzar Myo Aung နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
Nestle Myanmar သည် ၂၀၂၀ပြည့်နှစ် ဧပြီလအတွင်းက တစ်ကြိမ် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၀၀၀၀ ခုအား လာရောက်လှူဒါန်းခဲ့ပြီး ယခု ဒုတိယအကြိမ် ထပ်မံလှူဒါန်းခြင်းဖြစ်ပါသည်။
ယခုကဲ့သို့ လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Nestle Myanmar အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတယ်။

Credit to – လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန