|
RMS

Auto Draft

  28/ Jun/ 2018

= = =

ရခိုင်၊ ဇွန်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Peter Maurer သည် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်လုပ်ဆောင်ရန် အကူအညီများလိုအပ်နေသည့် ရပ်ရွာလူထု အသိုင်းအဝိုင်းအားလုံးနှင့်အတူ ထိတွေ့ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ သွားရောက် လေ့လာလျက်ရှိပါသည်။

၂၀၁၈ ခုနှစ် ဇွန်လ၂၇ ရက်နေ့တွင် ICRC ဥက္ကဌ Peter Maurer သည် မောင်တောမြို့နယ်အတွင်း ကြက်ခြေနီလှုပ်ရှားမှုမှ လူသားချင်းစာနာမှု အကူအညီများ ဆောင်ရွက်နေသည့် ကျေးရွာတချို့သို့ သွားရောက်လေ့လာခဲ့ပါသည်။ ထို့သို့ လေ့လာရာ ရပ်ရွာလူထုများထဲမှ မောင်တောမြို့နယ် ငခူရကျေးရွာတွင် စားသောက်ဆိုင် ဖွင့်ထားသော ဒေါ်ကျော့စိန်နှင့်လည်း တွေ့ဆုံခဲ့ပါသည်။

ဒေါ်ကျော်စိန်မှ “ ကြက်ခြေနီကပေးတဲ့ အစားအစာဝေမျှမှုကိုပဲ အဓိကအားကိုးပြီးနေရတယ်။ အဲဒါသာမရှိရင် ကျွန်မတို့အန္တရာယ်တွေကြားက စွန့်စားပြီး တခြားနေရာတွေပြောင်းရမှာ. . ”လို့သူမက ပြောခဲ့ပါသည်။

ထို့အပြင် Mr Maurer သည် လူသားချင်းစာနာမှု အကူအညီများအနေဖြင့် ကြက်ခြေနီလှုပ်ရှားမှုက ထောက်ပံ့ပေးသည့် ဆန်၊ သကြား၊ လက်ဖက်ခြောက်၊ တကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများ၊ မျိုးစေ့နှင့် မြေသြဇာများ ရပ်ရွာလူထုသို့ သွားရောက် ဖြန့်ေ၀ ပေးရာတွင်လည်း လိုက်ပါ ကြကြည့်ရူ့လေ့လာခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Peter Maurer သည် ရခိုင်ပြည်နယ်ခရီးစဉ်အနေဖြင့် သုံးရက်တာကြာမြင့်မှာဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ လိုအပ်နေတဲ့ ရပ်ရွာလူထု အသိုင်းအဝိုင်းများနှင့် တွေ့ဆုံမှာဖြစ်သလို အစိုးရကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Credit; ICRC