|
RMS

ကြက်ခြေနီက မန္တလေးတိုင်းဒေသကြီးတွင် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

  29/ Dec/ 2020

ရန်ကုန်၊ ဒီဇင်ဘာလ ၂၉

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ရွှေဂဲတာတမံကျိုးပေါက်-ရေကြီးရေလျှံမှု အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာအမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ ၊ ညွှန်ကြားရေးမှူးများ၊ IFRC Head of Country Office မှ Joy Singhal၊ DRC မှ Country Manager Andreas Fabricius၊ IFRC-KL မှ Jessie Roseleen HUARD နှင့် IFRC မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းတပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ အမရပူရ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ IFRC Head of Country Office မှ Joy Singhal၊ DRC မှ Country Manager Andreas Fabricius နှင့် IFRC-KL မှ Jessie Roseleen HUARD တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်မှ အမရပူရမြို့နယ်၊ ရွှေဂဲတာကျိုးမှုဖြစ်စဉ် အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆွေးနွေးပွဲတွင် Online လေ့လာဆန်းစစ်ခြင်းများ Result အပေါ်အဖွဲ့လိုက်ဆွေးနွေးခြင်း၊ ဆွေးနွေးခြင်းအပေါ်ပြန်လည်တင်ပြဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။