|
RMS

Earthquake Response: Cash Relief, Food Items Distribution & Child Friendly Space in Southern Shan State

  15/ Jul/ 2025

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကျေးလက်ဒေသ၊(နန်းသဲအုပ်စု၊ အိုင်ထောင့်ကြီး၊ ရှေ့၀ကြီး ၊ မြောင်း၀ကြီး၊ ကြေးစားကုန်းမြောက်၊ ကြေးစားအောက်၊ ကြေးစားတောင်၊ ရေသာရွာ၊ မင်းချောင်းလယ်၊ မင်းချောင်းရှေ့၊ ပွဲစားကုန်းရွာ၊ နွားဓမတောင်၊ ခေါင်တိုင်၊ အင်းပြင်ကျေးရွာ၊ လွယ်အံကျေးရွာအုပ်စု ၊ အရှေ့ကျောက်တန်း၊ နန်းပန်ရွာ)၊ ကလောမြို့ရှိ ရပ်ကွက် (၁၁) ရပ်ကွက်နှင့် အောင်ပန်းမြို့ရှိ (ရေချိုကျေးရွာ၊ ရပ်ကွက် ၃၊ ၄၊ မိုးကောင်း၊ ရွာငံစု၊ ညောင်ပင်ထောက်၊ မင်္ဂလာရပ်ကွက် ၁၊ ၂ နှင့် လှည်းရိုး) တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသော အိမ်ထောင်စု (၇၈၉) စုအတွက်အိမ်ထောင်စု တစ်စုလျှင် ငွေသား (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေသား (၃၉,၄၅၀,၀၀၀) ကျပ်ကို ၂၀၂၅ ခုနှစ်၊ မေလ(၁၃)ရက် နှင့် (၁၄) ရက်နေ့တွင်သွားရောက်ထောက်ပံ့‌ပေးခဲ့ပါတယ်။

၎င်းအပြင် ပြည်တွင်းအလှူရှင်များမှ လှူဒါန်းခဲ့သည့် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် နှင့် ဓာတ်ဆားထုပ် တို့ကို ကလောမြို့ နှင့် အောင်ပန်းမြို့တွင် ဖြန့်ဝေပေခဲ့ပြီး၊ ညောင်ရွှေမြို့နယ် ရှိ အင်းလေးဒေသဖက်တွင် ဆန်၊ ခေါက်ဆွဲ နှင့် ဓာတ်ဆားတို့ကို လည်း အိမ်ထောင်စု (၇၈၉)စု အတွက် ပေးဝေခဲ့ပါတယ်။

ထိုဒေသရှိ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရန် နှင့် ကြောက်ရွံ့ထိတ်လန့်မှုတွေကို သက်သာစေဖို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကလေးငယ်များအား အားပေးစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများနှင့်ကလေးပျော်စင်တာကိုပါ ဖွင့်လှစ်ခဲ့ရာ ကလေးငယ်များ လာရောက်ဆော့ကစားခဲ့ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ငလျင်ဘေးဒဏ်ခံစားရသည့် ရပ်ရွာလူထုထံ လက်ရောက် ပေးအပ်နိုင်ရန် အသင်းအနေဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။