01/ Jan/ 2021
ချစ်ခင်လေးစားအပ်ပါသော နိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင် တပ်ဖွဲ့ဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ -
ယနေ့သည် ၂၀၂၁ ခုနစ် နှစ်သစ်ရဲ့ ပထမ ခြေလှမ်းကို စတင်မည့် နေ့ရက်ကောင်းဖြစ်ပါတယ်။ ဒီလို မင်္ဂလာ ရှိလှတဲ့ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည်စုံကြပါစေကြောင်းနဲ့ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ အချိန်အခါဖြစ်သည်နဲ့အညီ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးနှင့်တကွ ဘေးအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ရှေးဦးစွာ နှုတ်ခွန်းဆက်ပါတယ်။
ယခု ကမ္ဘာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားကူးစက်နေတဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါဆိုးကြောင့် အသက် ပေါင်းများစွာ ကြွေလွင့်ဆုံးရှုံးနေကြရပါတယ်။ ဒီကပ်ရောဂါဆိုးကို တိုက်ထုတ်ဖို့ရာမှာ ကျွန်တော်တို့ တစ်ဦး တစ်ယောက်တိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ကြက်ခြေနီများအနေနဲ့လည်း မိမိတို့ ကိုယ်တိုင်အတွက် သာမက အများအကျိုးအတွက် ဒေသအလိုက် ရောဂါတားဆီးကာကွယ်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူး ပေါင်းပါဝင်ဆောင်ရွက်နေကြတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူပါတယ်။ အထူးသဖြင့် ကူးစက်မှုနှုန်း မြင့်တက် နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှိုင်ကိုဗစ်ကုသရေးစင်တာနှင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတို့တွင် တိုင်းဒေသကြီး/ ပြည်နယ်(၇)ခုက ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း (၂၇၃)ဦးတို့က အလှည့်ကျ တစ်လစီ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် အသင်းအနေဖြင့် နိုင်ငံတော်ကို တစ်ဖက် တစ်လမ်းက အားဖြည့်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုလာရောက်ကူညီနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်း ပံ့ပိုး ပေးခဲ့ကြတဲ့ ကြီးကြပ်ကော်မတီများ၊ မြို့နယ်အမှုဆောင်များ၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်ခေါင်းဆောင်များ၊ အလှူရှင်များနဲ့ ခွင့်ပြုပေးခဲ့ကြတဲ့ မိဘ၊ ဆွေမျိုးသားချင်းများ၊ အထူးသဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ကြက်ခြေနီ စေတနာ လုပ်အားရှင် တစ်ဦးတစ်ယောက်တိုင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အထူးပင် ကျေးဇူးတင် လေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ လက်ရှိ ကြုံတွေ့နေရတဲ့ ကပ်ရောဂါဆိုး ကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံများကို ပုံစံအသစ် (New Normal Style) ဖြင့်ပြောင်းလဲ ပြုမှုလုပ်ဆောင် ကြရမှာဖြစ်တဲ့အတွက် ပုံစံသစ်နဲ့ အံဝင်ခွင်ကျဖြစ်မည့် ဆောင်ရွက်မှုများကို တီထွင်ဖန်တီး ကြိုးစားလုပ် ဆောင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။
ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ -
ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီနှင့် အများပြည်သူ အတူလက်တွဲကာ ပိုမို ကျန်းမာ ကြံ့ခိုင်သော လူမှုဘဝများကို တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝ ပတ်ဝန်း ကျင်မှာနေထိုင်ရင်း ထပ်မံကြုံတွေ့လာနိုင်သည့် ဘေးဒုက္ခအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ထိရောက်တဲ့ တုံ့ပြန်နိုင်မှု တို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြစ် အသင်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိန်းသိမ်းကာ မွန်မြတ် လှတဲ့ လူမှုကရုဏာခရီးလမ်းမှာ မည်သို့သော စိန်ခေါ်မှု၊ အခက်အခဲများ ကြုံတွေ့စေကာမူ ဖြေရှင်း ကျော်လွှား ဆောင်ရွက်နိုင်သော ကြက်ခြေနီများ ဖြစ်ကြပါစေကြောင်းနှင့် ရောဂါဘယကင်းဝေး ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါ သမယမှာ ဆန္ဒပြု ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သလိုက် ပါတယ်။
ဒေါက်တာမောင်မောင်မြင့်
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း
30/ Dec/ 2020
ရန်ကုန်၊ ဒီဇင်ဘာလ ၃၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြေစာပုံပြိုခြင်းအရေးပေါ်တုန့်ပြန်ရေး လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ ၊ ညွှန်ကြားရေးမှူးများ၊ IFRC မှ Head of Country Office Joy Singhal၊ DRC မှ Country Manager Andreas Walter Fabricius၊ IFRC-KL မှ Jessie Roseleen HUARD နှင့်တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ IFRC မှ Head of Country Office Joy Singhal၊ DRC မှ Country Manager Andreas Fabricius နှင့် IFRC-KL မှ Jessie Roseleen Roseleen HUARD တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်မှ ဖားကန့် မြို့နယ်၊ မြေစာပုံပြိုမှုဖြစ်စဉ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆွေးနွေးပွဲတွင် လေ့လာဆန်းစစ်ခြင်းများအပေါ်အဖွဲ့လိုက်ဆွေးနွေးခြင်း ၊အဖွဲ့လိုက် ဆွေးနွေးခဲ့သည့်အကြောင်းအရာများအား ပြန်လည်တင်ပြဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
30/ Dec/ 2020
လှိုင်းဘွဲ့၊ ဒီဇင်ဘာ ၃၀
၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ မြို့ဝင်ဂိတ်တွင် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ခရီသွားရာဇဝင်များ၊ ထောက်ခံစာများ၊ အမည်စာရင်းများအား စီစစ်မှတ်တမ်းသွင်းခြင်းတို့ကို လှိုင်းဘွဲမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့က ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် လှိုင်းဘွဲ့မြို့နယ်မှ ဒုတိယတပ်ဖွဲ့မှူး ဒေါ်အိဖြူနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်၂ ဦးတို့ကလည်း နေရပ်ပြန်ပြည်သူများကို အမည်စာရင်းများမှတ်တမ်းသွင်းပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ပြန်မည့်သူများအား စီးနင်းရမည့်ကားများညွှန်းပို့ခြင်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
30/ Dec/ 2020
ဝက်လက်၊ ဒီဇင်ဘာ ၃၀
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ စည်ပင်သာယာဈေးတွင် နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ ဝက်လက်မြို့အဝင်အထွက်ဂိတ်များတွင် နှာခေါင်းစည်းများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ ရေနှင့်အစားအသောက်များ ပေးလှူခြင်း၊ ဝက်လက်မြို့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ခံထားရသူများအား ထောက်ပံ့ပစ္စည်းများပေးလှူခြင်းတို့ကို ဝက်လက်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။
30/ Dec/ 2020
29/ Dec/ 2020
ရန်ကုန်၊ ဒီဇင်ဘာလ ၂၉ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ရွှေဂဲတာတမံကျိုးပေါက်-ရေကြီးရေလျှံမှု အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာအမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ ၊ ညွှန်ကြားရေးမှူးများ၊ IFRC Head of Country Office မှ Joy Singhal၊ DRC မှ Country Manager Andreas Fabricius၊ IFRC-KL မှ Jessie Roseleen HUARD နှင့် IFRC မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းတပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ အမရပူရ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ IFRC Head of Country Office မှ Joy Singhal၊ DRC မှ Country Manager Andreas Fabricius နှင့် IFRC-KL မှ Jessie Roseleen HUARD တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်မှ အမရပူရမြို့နယ်၊ ရွှေဂဲတာကျိုးမှုဖြစ်စဉ် အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Online လေ့လာဆန်းစစ်ခြင်းများ Result အပေါ်အဖွဲ့လိုက်ဆွေးနွေးခြင်း၊ ဆွေးနွေးခြင်းအပေါ်ပြန်လည်တင်ပြဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
28/ Dec/ 2020
ရန်ကုန်၊ ဒီဇင်ဘာလ ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသော Red Ready Program မှ ကချင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် (၂း၀၀ )နာရီက ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဌနှင့် အလုပ်အမှု ဆောင်များ၊ အသင်းခွဲများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်နှင့် တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဘရန်ဒီး နှင့် အသင်းခွဲများ ဖွံ့ဖြိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်တို့က အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်း ဖြစ်လေ့ဖြစ်ထရှိသော သဘာ၀ဘေးအန္တရာယ်များအကြောင်းနှင့် ဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် ကြက်ခြေနီ၏ အခန်းကဏ္ဏအကြောင်းဆွေးနွေးခြင်း၊ ရရှိလာသောသင်ခန်းစာများအကြောင်းဆွေးနွေးခြင်း၊ EOC၏ အထောက်အကူဖြစ်စေမှုအကြောင်း ၊ EOCတည်ထောင်ရန် အကြောင်းဆွေးနွေးခြင်း၊ EOC၏ အခန်းကဏ္ဏအကြောင်းများအား အဖွဲ့ လိုက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
28/ Dec/ 2020
ရန်ကုန်၊ ဒီဇင်ဘာလ ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသော Red Ready Program မှ ကရင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် (၂း၀၀ )နာရီက ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူ၊ ဒုတိယထွေထွေအတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးခွန်ကျော်ဝင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်း ဖြစ်လေ့ဖြစ်ထရှိသော သဘာ၀ဘေးအန္တရာယ်များအကြောင်းနှင့် ဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် ကြက်ခြေနီ၏ အခန်းကဏ္ဏအကြောင်းဆွေးနွေးခြင်း၊ ရရှိလာသောသင်ခန်းစာများအကြောင်းဆွေးနွေးခြင်း၊ EOC၏ အထောက်အကူဖြစ်စေမှုအကြောင်း ၊ EOCတည်ထောင်ရန် အကြောင်းဆွေးနွေးခြင်း၊ EOC၏ အခန်းကဏ္ဏအကြောင်းများအား အဖွဲ့ လိုက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
28/ Dec/ 2020
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ဆေးကုသမှုခံယူဖို့ လာရောက်တဲ့ တောင်ငူမြို့နယ်မှ လူနာနဲ့ လူနာစောင့်(၇)ဦး၊ ဒိုက်ဦးမြို့နယ်မှလူနာနှင့်လူနာစောင့်(၃)ဦးတို့ကို(၂၀၂)မိုင်စစ်ဆေးရေးဂိတ်နဲ့ စည်ပင်ဧည့်ရိပ်သာအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှတဆင့် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
ဒါ့အပြင် ပျဥ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာမှ လူနာနှင့်လူနာစောင့်(၃)ဦးတို့အားကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကြက်ခြေနီ ဒုတိယတပ်ခွဲမှူး ဦးကျော်ကျော်ထွန်းနဲ့ဦးကောင်းမြတ်ဝင်းတို့က နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။