|
RMS

  12/ Oct/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Nestle Myanmar က ထပ်မံ လှူဒါန်း

ရန်ကုန်၊ အောက်တိုဘာ ၁၂ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Nestle Myanmar က မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်(၁၀)နာရီက အွန်လိုင်းမှတစ်ဆင့် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။ Nestle Myanmar က အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၅၁၆၅ တန်ဖိုးရှိ Nestle Products များဖြစ်သော Milo နှင့် Nescafe များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိစွာဖြင့်ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး Nestle Myanmarမှ Managing Director Mr. Stephen Knight, Head of Finance Mr. Muhammad Jakram Zafar, Head of Consumer Communication Mr. Micheal Wong, Head of Corporate Affair Ms Monzar Myo Aung နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ Nestle Myanmar သည် ၂၀၂၀ပြည့်နှစ် ဧပြီလအတွင်းက တစ်ကြိမ် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၀၀၀၀ ခုအား လာရောက်လှူဒါန်းခဲ့ပြီး ယခု ဒုတိယအကြိမ် ထပ်မံလှူဒါန်းခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Nestle Myanmar အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတယ်။ Credit to - လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန

Read More

  29/ Sep/ 2020

ရန်ကုန်တိုင်းဒေသကြီးသို့ အင်အားဖြည့် သွားရောက်ကူညီခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီ‌ေစတနလုပ်အားရှင်များအား ဂုဏ်ပြုကြိုဆို

ပုသိမ်၊ စက်တင်ဘာ ၂၈ မြန်မာနိုင်ငံကြက်​ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် သွား‌ေရာက်အင်အားဖြည့် ကူညီခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၉) ဦးတို့သည် တာဝန်ပြီးဆုံး၍ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းကဧရာဝတီတိုင်းဒေသကြီးသို့ ပြန်လည်‌ေရာက်ရှိလာရာ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမန်းကြည်ရွှင်၊ တိုင်း‌ေဒသကြီး ကြက်‌ေခြနီတပ်ဖွဲ့မှူး ဦးဝင်းမြင့် နှင့် မြို့နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များက ရန်ကုန်တိုင်းဒေသကြီး နယ်နမိတ်အထိ သွားရောက် ကြိုဆိုခဲ့ကြပါသည်။ အဆိုပါအဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့​ခြင်းဖြစ်ပြီး တာဝန်ပြီးဆုံးချိန်တွင် ကျန်းမာရေးစစ်ဆေးခဲ့ရာ ရောဂါပိုးကူးစက်ခံရခြင်းမရှိပဲ အောင်မြင်စွာ ပြန်ရောက်လာခြင်းဖြစ်ပြီး မြို့နယ်အသီးသီးမှ ကြက်ခြေနီ တာဝန်ရှိသူများနှင့်အတူ လူမှုရေးအဖွဲ့အစည်းများမှမော်တော်ယာဥ်များဖြင့် သက်ဆိုင်ရာမြို့နယ်များ​အလိုက် Home Stay နေထိုင်မည့်နေရာအရောက် ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  28/ Sep/ 2020

နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေး အင်အားဖြည့်ကူညီမည်

နေပြည်တော်၊ စက်တင်ဘာ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အင်အားဖြည့် ကူညီရန် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅) ဦး ပါဝင်သောအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ စီမံမှုဖြင့် စေလွှတ်ခဲ့ပါသည်။ အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင် များအား စုရပ်ဖြစ်သော နေပြည်တော်တိုးဂိတ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံရေးရာဌာန ဌာနမှူး ဦးမြင့်ထွန်းဟန်၊ ဗဟိုဦးစီးမှူး ဦးစိုးနိုင်၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌဒေါ်ဖြူဖြူမြင့်၊ ကော်မတီ၀င် ဦးမောင်မောင်ထွန်း၀င်း၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ယမင်းအေး၊ ဥတ္တရခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ဦးနိုင်၀င်းစိုး၊ ဒက္ခိဏခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ဦးစီးမှူး(ဒုတိယတန်း)ဦးညီငယ်တို့က အားပေးနှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါအဖွဲ့တွင် နေပြည်တော်အတွင်းရှိ မြို့နယ် (၅) ခုမှ ကြက်ခြေနီစေတနာလုပ်အားရှင်အမျိုးသား (၂၅) ဦး၊ အမျိုးသမီး (၁၀) ဦး၊ စုစုပေါင်း (၃၅) ဦး ပါဝင်ကြကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်စခန်းတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။  

Read More

  28/ Sep/ 2020

လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် တာဝန်ထမ်းဆောင်ရန် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၈ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုတို့ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော် ဦးဆောင်သည့်နေပြည်တော်ရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့သည် လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ရက်သတ္တပတ် ၂ ပတ်ကြာ ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။

Read More

  28/ Sep/ 2020

COVID-19 Monthly Update No (2)

Read More

  27/ Sep/ 2020

ပွင့်ဖြူတွင် ကြက်ခြေနီက ကိုဗစ် ၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း ဆက်လက်ဆောင်ရွက်

ပွင့်ဖြူ၊ စက်တင်ဘာ ၂၇ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၇ရက်နေ့က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အင်းကုန်းကျေးရွာရှိ အိမ်ထောင်စုများအား နှာခေါင်းစည်းများထောက်ပံ့ပေးခြင်း၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို အင်းကုန်းကျေးရွာကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  26/ Sep/ 2020

မန်တုံရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန်တုံ၊ စက်တင်ဘာ ၂၆ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မန်တုံမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ နေရပ်ပြန်ပြည်သူ ကျား (၂၁)နှင့် မ (၅၈) ဦးတို့အား မန်တုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်ဇော် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၈) ဦးတို့က ခြင်ထောင် (၇၉) လုံး ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (၅၈) ခုနှင့် အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၁) ခုတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

Read More

  26/ Sep/ 2020

(၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး(ဒုတိယနေ့)အခမ်းအနားကို Online Video Conferencing စနစ်ဖြင့် ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၆ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး (ဒုတိယနေ့)အစီအစဉ်အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်တွင် Online Video Conferencing ဖြင့်ဆက်လက်ကျင်းပပြုလုပ်ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးချုပ်နှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်လျက်ရှိပါသည်။ ယနေ့(ဒုတိယပိုင်း)အစီအစဉ်များတွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့မှ ဆောင်ရွက်ပြီးစီးမှုအစီအရင်ခံစာများတင်ပြခြင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမဟာဗျူဟာစီမံကိန်း(၂၀၂၁ခုနှစ်၂၀၂၅)ခုနှစ်ထိတင်ပြခြင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်မှ ရှေးဦးပြုစုခြင်းမူဝါဒတင်ပြခြင်း၊ လူသားအရင်းအမြစ်ဌာနညွှန်ကြားရေးမှူးဒေါ်ချမ်းမင်းဦးက ကလေးသူငယ်အကာအကွယ်ပေးရေးဆိုင်ရာမူဝါဒနှင့် အလုပ်သင်မူဝါဒတင်ပြခြင်းနှင့် အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးမှ အရင်းအမြစ်စုစည်းအသုံးချရေးမူဝါဒတင်ပြခြင်းတို့တင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အထွေထွေညှိနှိုင်းဆွေးနွေးခြင်းများနှင့် အကြံပြုတင်ပြချက်များပြုလုပ်ခြင်း၊ တင်ပြချက်များအပေါ် အသင်းဥက္ကဌမှ ခြုံငုံသုံးသပ်ခြင်းများပြုလုပ်ခဲ့ပါသည်။ ယင်းနောက် (၈၃)ကြိမ်မြောက်ကြက်ခြေနီညီလာခံတွင် ဆုံးဖြတ်ချက်(၂)ရပ်၊အတည်ပြုခြင်း(၁၃)ရပ်နှင့် မှတ်တမ်းတင်ခြင်း (၁၃)ရပ်တို့ကို ပြုလုပ်ခဲ့ကာ အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

Read More

  25/ Sep/ 2020

တီးတိန်တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်စည်းများနှင့် မျက်နှာအကာများလှူဒါန်း

တီးတိန်၊ စက်တင်ဘာ ၂၅ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တီးတိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဇာဏီဟိန်း ဦး‌ဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက Covid-19 ရောဂါ ကာကွယ်ရေးအတွက် ချင်းပြည်နယ်၊ တွန်းဇန်မြို့ရှိ သတ္တမနေ့ဘုရားကျောင်းသို့ နှာခေါင်းစည်း ၁၀၀ ခု၊ မျက်နှာအကာ ၄၀ ခုနှင့် PPE ဝတ်စုံ ၁ စုံ တို့ကိုလည်းကောင်း၊ တီးတိန်မြို့နယ်၊ အန်လန့်ကျေးရွာရှိ သတ္တမနေ့ဘုရားကျောင်းသို့ နှာခေါင်စည်း ၂၀၀ ခု၊ မျက်နှာအကာ ၉၀ ခု၊ PPE ဝတ်စုံ ၁စုံ တို့ကိုလည်းကောင်း လှူဒါန်းခဲ့ပြီး ၎င်းမြို့နယ်များရှိ ရပ်မိရပ်ဖများအား Covid-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Read More