|
RMS

  14/ Aug/ 2020

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အရေးပေါ်ကွပ်ကဲမှုစင်တာ ဖွင့်ပွဲနှင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ

ပုသိမ်၊ ဩဂုတ် ၁၄ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အရေးပေါ်ကွပ်ကဲမှု စင်တာ Emergency Operation Center ဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ဩဂုတ်လ ၁၄ ရက်‌ေန့ နံနက်ပိုင်းက ပုသိမ်မြို့တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ အဆိုပါစင်တာရုံး ရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမန်းကြည်ရွှင်တို့က ဖွင့်လှစ် ပေးခဲ့ကြပါသည်။ ဆက်လက်ပြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ‌‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က ပြောကြားရာတွင် လူသားအရင်းအမြစ် လုပ်ငန်းတာဝန်များကို တိုင်းဒေသကြီးအတွင်း လက်ရှိလုပ်ဆောင်နေသည့် EOC စင်တာတွေနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချကာကွယ်နိုင်မှာဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများမှာ အဖက်ဖက်က စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသည့် ကြက်ခြေနီ‌‌စေတနာလုပ်အားရှင်များကိုလည်း တိုင်းဒေသကြီးအစိုးရအနေနှင့် မှတ်တမ်းတင်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်က အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က တိုင်းဒေသကြီး ကြက်ခြေနီ အရေးပေါ် ကွပ်ကဲမှုစင်တာနှင့်ပတ်သက်၍ လည်းကောင်း၊တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ က COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပါသည်။  

Read More

  13/ Aug/ 2020

ကျေးရွာအရောက် မိုင်းအန္တရာယ်အသိပညာပေးခြင်းများ ကြက်ခြေနီပြုလုပ်

ကျောက်မဲ၊ ဩဂုတ် ၁၃ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်မန်းယာယီရွှေ့ပြောင်းကျေးရွာရှိ ရွာသူ/ရွာသားများအား မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်အန္တရာယ်အသိ ပညာပေးခြင်းကို ကျောက်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲက ကျေးရွာအရောက်သွားရောက်လုပ်ဆောင်ခဲ့ပါသည်။ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၃ရက်နေ့က ကျောက်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဖြိုးပြည့်ကျော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးတို့က ရွာသူ/ရွာသူများနှင့် ကလေးငယ်များ စုစုပေါင်း ၃၀ဦးခန့်အား မိုင်းအန္တရာယ်အသိပညာပေးခြင်းများဟောပြောခြင်းနှင့် ကလေးငယ်များအား ပုံစွဲစာအုပ်နှင့် ရောင်စုံဆေးခြယ်မှင် များပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Read More

  13/ Aug/ 2020

ကျောက်မျက်တွင်းဟောင်းပြိုကျမှုဖြစ်စဉ်တွင် ကြက်ခြေနီက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်

မိုးကုတ်၊ ဩဂုတ် ၁၃ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ဓာတ်တော် ပျားစွဲလူးတွင်းပြိုကျမှုကြောင့် ကျောက်ရှာဖွေနေသူ ၃ဦးမှာ ပိတ်မိမှုဖြစ်စဉ် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၁ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူးဦးကျော်ကျော်ထွန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်ကျား၁၆ဦး၊ မ၄ဦးတို့က မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးဦး၊ ဌာနဆိုင်ရာများ၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ Rescue တပ်ဖွဲ့၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ တွင်းအနက်ပေ ၁၃၀၀ထိဆင်းကာ ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့သည်။ တွင်းပြိုကျမှုကြောင့် သေဆုံးခဲ့သူ၁ဦးရုပ်အလောင်းအား အပြင်သို့ ခက်ခက်ခဲခဲထုတ်ယူကာ မိုးကုတ်မြို့ပြည်သူ့ဆေးရုံသို့ မြတ်စေတနာလူမှုကူညီရေးအသင်း ကားဖြင့် ပို့ဆောင်ခဲ့သည်။ အလားတူ ဩဂုတ်လ ၁၂ရက်နေ့ တွင်းပြိုကျမှုဖြစ်စဉ်အတွင်း ၂ဦးသေဆုံး၊ တစ်ဦးပေါင်ကျိုး ဒဏ်ရာရရှိခဲ့ရာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲကကြက်ခြေနီစေတနာလုပ်အားရှင် များက ဆေးရုံသို့ ပို့ဆောင်ပေးခြင်းကို ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊Rescue တပ်ဖွဲ့ လူမှုကူညီရေးအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More

  12/ Aug/ 2020

ကြက်ခြေနီမှ မိုးကောင်းမြို့နယ်အတွင်း ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ပြုလုပ်

မိုးကောင်း၊ သြဂုတ် ၁၂ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၂ရက်နေ့က မိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ရင်းရပ်ကွက်တွင် ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် အရေးပေါ်အခြေအနေများကြုံလာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများအား လက်တွေ့သရုပ်ပြသသည့် ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင်သရုပ်ပြပွဲကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။  

Read More

  12/ Aug/ 2020

ဖားကန့်တွင် ရေလွမ်းမိုးမှုကြောင့် ရွှံ့နွံအမှိုက်များ တင်ကျန်နေသော ရပ်ကွက်များနှင့်လမ်းများတွင် ကြက်ခြေနီမှ သန့်ရှင်းရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်

ဖားကန့်၊ ဩဂုတ် ၁၂ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၁ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် လမ်းမကြီးပေါ်တွင် ရေဖုံးလွှမ်းခြင်းများဖြစ်ပွားခဲသဖြင့် ရွှံ့နွံနှင့်အမှိုက်များ ကျန်နေရစ်ခဲ့ရာ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွာရာတွင် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

Read More

  10/ Aug/ 2020

အရေးပေါ်သွေးလိုအပ်နေသော လူနာအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးမှ သွေးလှူဒါန်း

လွိုင်ကော်၊ ဩဂုတ် ၁၀ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၀ရက်နေ့က ကယားပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်သွေးလိုအပ်နေသော လူနာတစ်ဦးအတွက် လွိုင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးမှ သွေးတစ်လုံးလှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။  

Read More

  09/ Aug/ 2020

မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပြုလုပ်ထားသော ခြေနင်းလက်ဆေးစင်နှင့် အမှိုက်ပုံးများကို မူလွန်ကျောင်းသို့ သွားရောက်ထောက်ပံ့

မုဒုံ၊ ဩဂုတ်လ ၉ မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပြုလုပ်ထားသော ခြေနင်းလက်ဆေးစင်နှင့် ခြေနင်းအမှိုက်ပုံးများကို ကော့ခလွယ်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ အသုံးပြုနိုင်ရန် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင်များက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Read More

  09/ Aug/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ညောင်တုန်း၌ ပြုလုပ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်းဆင်းပွဲတွင် ထူးချွန်ရရှိသူများအား ဆုချီးမြှင့်

ညောင်တုန်း၊ ဩဂုတ် ၉ မြန်မာနိုင်ငံကြက်ခြေနီအသင်း Red Ready စီမံချက်နှင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ညောင်တုန်းမြို့ အထက(၂)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ အသင်းဥက္ကဌ နှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ထင်ဇော်စိုး၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးမန်းကြည်ရွှင်၊ ရှေးဦးပြုစုခြင်းနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်၊ မအူပင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။ ရှေးဦးစွာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က သင်တန်းဆင်း အမှာစကားပြောကြားပါသည်။ ထို့နောက် မြိုနယ်ပညာရေးမှူး ဦအေးထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးသန်းမြင့်က အသင်းခွဲ၏ ဆောင်ရွက်မှုများကို တင်ပြခဲ့ပါသည်။ ယင်းနောက် အသင်းဥက္ကဌက သင်တန်းတွင်ထူးချွန်ဆု ရရှိသူများအားလည်း ကောင်း၊ တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌက သင်တန်းဆင်း လက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြပါသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ အတွက် လူနာတင်ယာဉ်ဝယ်ယူရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့်က အလှူငွေကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်းသို့ အလယ်တန်း/အထက်တန်း ဆရာ/ဆရာမ ၃၁ ဦး တက်ရောက်ခဲ့ကြပါသည်။    

Read More

  09/ Aug/ 2020

မရမ်းကုန်းအခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မရမ်းကုန်း၊ ဩဂုတ် ၉ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအဖြစ် ခြင်များမခိုအောင်းနိုင်စေရန် မြက်ရိတ်စက်ဖြင့် ချုံနွယ်ရှင်းလင်းပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်တွင် အမှိုက်များမရှိရန်ရှင်းလင်းခြင်း၊ ခြင်ဆေးဖြန်းခြင်းများအပြင် အသိပညာပေးဗွီနိုင်းများကပ်ခြင်းတို့ကို မရမ်းကုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ကျောင်းကြက်ခြေနီကျောင်းသူ/သားများ စုစုပေါင်းအင်အား(၂၀)ဦးဖြင့်၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ရက်က ဆောင်ရွက်ခဲ့ပါသည်။

Read More