|
RMS

  01/ Mar/ 2020

Our Red Cross Volunteers educated the community about COVID-19 in Shan State

ဟိုပုံး၊ မတ်လ ၁ရက်
တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒေါ်နန်းလှိုင်လှိုင်ထွေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ဦးသည်
COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ၂၀၂၀ပြည့်နှစ် မတ်လ၁ရက်နေ့က ဟိုပုံးမြို့နယ်ထမ်းစန်းရွှေတိဂုံစေတီဝန်းကျင်နှင့် ထမ်းစန်းဂူတို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  01/ Mar/ 2020

ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဖားကန့်၊ မတ်လ ၁ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးသန်းဇော်ကွန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဝေခြင်းနှင့် ပိုစတာများကပ်ခြင်း အစရှိသည့် လုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၁ ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  27/ Feb/ 2020

မြင်းခြံမြို့နယ်တွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မြင်းခြံ၊ ဖေဖော်ဝါရီ ၂၇ မြင်းခြံခရိုင်ယာယီကြက်ခြေနီကြီးကြပ်ရေးအဖွဲ့ဥက္ကဌဦးတင့်လွင်နှင့် တပ်ဖွဲ့မှူးဉီးဇော်ဝင်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်းကာ မြင်းခြံဈေးနှင့် လူစည်ကားရာနေရာများတွင် ရောဂါ ကာကွယ်ရေးပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အစရှိသည့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  22/ Feb/ 2020

ကြက်ခြေနီမှ COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ညောင်လေးပင်၊ ဖေဖေါ်ဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးစိုးဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦး တို့သည် ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီ ၂၂ ရက် နံနက်(၉)နာရီက ညောင်လေးပင်မြို့နယ် မုက္ခမူကျေးရွာရှိ ရွာသူရွာသားများကို COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါ ရောဂါလက္ခဏာ များနှင့် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ညောင်လေးပင်ရွှေကျင်ကားလမ်းမပေါ်ရှိ ခရီးသွားပြည်သူများအား ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

Read More

  15/ Feb/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ COVID-19 ဗိုင်းရပ်စ်အကြောင်းသိကောင်းစရာဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ပြုလုပ်သည့် COVID-19 ဗိုင်းရပ်စ် အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို ၂၀၂ဝပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၊ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့အသင်းဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီတာကြူ၊ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါက်တာနေထက်လင်းနှင့် ဒေါက်တာမျိုးမြင့်အောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ်ခေါင်းဆောင်များတက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင်အသင်းဒုတိယဥက္ကဌက အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး နှင့် ဒုတိယညွှန်ကြားရေးမှူးများက COVID-19 ဗိုင်းရပ်စ် အကြောင်း သိကောင်းစရာများနှင့် ကာကွယ်ရန်အချက်များကို ရှင်းလင်းဆွေးနွေးကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးစာစောင်များကိုလည်း ပေးဝေခဲ့ပါသည်။

Read More

  14/ Feb/ 2020

ကြက်ခြေနီမှ 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှိမ်နင်းရေးသင်တန်းကို ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ပူးပေါင်း ပြုလုပ်

မန္တလေး၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ကြီးမှူးပြုလုပ်သော 2019-nCoV Acute Respiratory Disease ရောဂါကာကွယ်နှမ်နင်းရေးသင်တန်း (Infection control) ကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ မနက်၁၀နာရီကကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဦးစီးမှူးဉီးသန်းထွန်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များတက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းသန်းမြင့်မှ
အဖွင့်အမှာစကားပြောကြား၍ တိုင်းရောဂါနှိမ်နင်းရေးအဖွဲ့မှ ကူးစက်ရောဂါအကြောင်းသင်တန်းပို့ချပေးခဲ့ပါသည်။

Read More

  12/ Feb/ 2020

ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID 19 ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာတွင်ပါဝင်

ကျောက်တံခါး၊ ဖေဖော်ဝါရီလ ၁၂ မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးကျော်ဝင်းအောင် နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစန်းလွင် ဦးဆောင်သော ကြက်ခြေနီကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်၂၅ဦးတို့သည် ပြည်သူ့ကျန်းမာရေးဌာနနှင့်ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်တံခါး‌ဈေးနှင့် ကားဂိတ်များတွင် ဈေးသား/သူများ၊ဈေးဝယ်နေကြသောပြည်သူများနှင့် ခရီသွားပြည်သူများအား COVID 19 ဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

Read More

  11/ Feb/ 2020

ကြက်ခြေနီစကားဝိုင်းတွင် 2019-nCoV ကိုရိုနာအဆုတ်ရောင်ရောဂါပိုးကာကွယ်ရေးအသိပညာပေးပြုလုပ်

မုဒုံ၊ ဖေဖော်ဝါရီလ ၁၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကြက်ခြေနီစကားဝိုင်းပြုလုပ်ခဲ့ပါသည်။

အဆိုပါစကားဝိုင်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီလှုပ်ရှားမှုများ၊ ကြက်ခြေနီအမှတ်အသားနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများအကြောင်းကိုဆွေးနွေးခဲ့ပြီး လက်တလေဖြစ်ပေါ်နေသည့် 2019-nCoV ကိုရိုနာ အဆုတ်ရောင်ရောဂါပိုးကူးစက်မှုကိုလျော့ချနိုင်ရန်အတွက် စနစ်တကျလက်ဆေးခြင်းနှင့် သိမှတ်ဖွယ်ရာများကိုလည်း အသိပညာပေးဟောပြောခဲ့ပါသည်။

စကားဝိုင်းသို့ မြို့နယ်အသင်းခွဲအမှုဆောင်များ၊ မြို့နယ်ကြက်ခြေတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၁)ဦး၊ ရပ်ရွာ/လူထု (၅၂)ဦး တို့တက်ရောက်ခဲ့ကြပါသည်။

Read More

  09/ Feb/ 2020

ကန်ပိုက်တီ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးတွင် ကြက်ခြေနီ ပါဝင်ဆောင်ရွက်

ကန်ပိုက်တီ၊ ဖေဖော်ဝါရီလ ၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးတွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု​ကော်မတီမှ ကြက်​ခြေနီ​စေတနာလုပ်အားရှင်များလည်း ပါဝင်ကူညီဆောင်ရွက်လျှက်ရှိပါသည်။

Read More