02/ Dec/ 2020
ဒီဇင်ဘာလ ၂ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရှိ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ကမ္မမြို့ယာယီစျေးရှေ့မှာ စျေးဝယ်လာသူများကို ကိုဗစ်၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်တာတွေနဲ့ နှာခေါင်းစည်းအခမဲ့ ဝေငှတာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။
01/ Dec/ 2020
မွန်ပြည်နယ်ရှိ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ မျက်နှာအကာများဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အဆက်မပြတ်ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
30/ Nov/ 2020
၂၀၂၀ပြည့်နှစ်နို၀င်ဘာလ ၃၀ရက်နေ့က တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဥာဏ်မြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် COVID - 19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းတို့ကိုတာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ ၂၀၂၀ပြည့်နှစ်နို၀င်ဘာလ ၃၀ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။
29/ Nov/ 2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သံဃာ့ဆေးရုံမှာ COVID-19 ကုသမှုခံယူနေတဲ့ လူနာများအတွက် နေ့လယ်စာ ထမင်းနဲ့ ဟင်း၊ ဆပ်ပြာဆီဘူး (၃၅)ဘူး တို့ကို တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ်ကြက်ေခြနီတပ်ဖွဲ့မှူး
ဒေါ်သင်းသင်းအေးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၈ဦး တို့က အထက (၃)မြိတ်မှ ဆရာ၊ ဆရာမများနဲ့ စုပေါင်းကာ နိုဝင်ဘာလ ၃၀ ရက်နေ့ကသွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
သူတို့ဟာ ထမင်းကြုပ်(ထမင်းဘူး)များမှာလည်း စိတ်ပိုင်းဆိုင်ရာ အားပေးတဲ့ စာသား စတေကာများကပ်ပြီးတော့ အားပေးနှစ်သိမ့်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း မြိတ်တက္ကသိုလ်ရှိ ပုလဲရွှေရည်၊ ပုလဲမာန်၊ ပုလဲရာဇာအဆောင်များ၊ ကလွင်အရှေ့ကျောင်းတို့ရှိ
အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတို့မှာ အသုံးပြုရန် ဆပ်ပြာဆီဘူး (၃၀၀)ဘူးတို့ကို
သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
28/ Nov/ 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ကဏ္ဍပေါင်းစုံမှ အားကြိုးမာန်တက် ကူညီဆောင်ရွက်ပေးနေတာ အားလုံးသိကြမှာပါ။
ဒီလိုတက်ကြွစွာပါဝင်ခဲ့တဲ့ သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်နေ့က ကျိုက်ခမီမြို့အသင်းခွဲငယ်ရုံးမှာပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦးတက်ရောက်ခဲ့ကြပါတယ်။
25/ Nov/ 2020
မော်လမြိုင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးက မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ ပိုက်ဆံလာရောက်ထုတ်ယူနေတဲ့ သက်ကြီးအဖိုးအဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာကို ယခုလိုပဲတွေ့ရပါတယ်။
24/ Nov/ 2020
20/ Nov/ 2020
မြို့တွင်း နေရာ ၄ နေရာမှာ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိတဲ့ ခရီးသွားပြည်သူေတွကိုအသိပညာေပးခဲ့ကြပြီး နှာခေါင်းစည်းေတွ အခမဲ့ေပးဝေခဲ့ကြပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှဝန်ထမ်းများနဲ့အတူ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို၊ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်နိုင်ဦး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်၊ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၈ဦးတို့က ကူညီဆောင်ရွက်ခဲ့ကြတယ်။
20/ Nov/ 2020
ဧရာဝတီတိုင်းဒေသကြီးမှာ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုနဲ့ ဌာနပေါင်းစုံပါဝင်ကာ တိုးရွှေဝါခန်းမရှေ့၊နာရီစင်အရှေ့၊အခွန်လွတ်စျေးရှေ့များမှာ ပြည်သူေတွကို နှာခေါင်းစည်း အခုရေ(၄၈၀၀)ပေးဝေရာမှာ မအူပင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းရွှေ နဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့ကလည်း ပါဝင်ကူညီခဲ့ကြတယ်လို့သိရပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။