|
RMS

  02/ Jun/ 2022

ကရင်ပြည်နယ် အတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာအကူအညီများ ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တွင် ၂၀၂၂ခုနှစ်၊ ဇွန်လ(၂)ရက်နေ့က ကျောင်းသားလူငယ်များအား COVID -19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ၌ မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။
မေလ (၃၁)ရက်နေ့၊ ဘားအံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အရေးပေါ်လူနာအတွက် လိုအပ်လျက်ရှိ ‘O’သွေး(၂)လုံးအား ဘားအံမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်သွေးသန့်ရရှိရန်အတွက် သွေးသန့်သွေးလှူရှင်(၂)ဦးကို ရှာဖွေကူညီချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၂ခုနှစ်၊ မေလ(၃၀)ရက်နေ့က ဘားအံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မုက္ကဒိကျေးရွာ အထက်ပိုင်းမှ အမျိုးသမီးလူနာတစ်ဦး အတွက် လိုအပ်လျက်ရှိသော အောက်စီဂျင် ၄၀လီတာ (၃)အိုး နှင့် အိန္ဒုကျေးရွာအုပ်စု၊ ကတွန်းတာကျေးရွာမှ လိုအပ်လျက်ရှိသော အမျိုးသမီးလူနာတစ်ဦး အတွက် အောက်စီဂျင် ၄၀လီတာ (၆)အိုး တို့ကို သွားရောက်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

Read More

  01/ Jun/ 2022

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ကြက်ခြေနီက ကူညီဆောင်ရွက်

စစ်ကိုင်း၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၁)ရက်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြိုင် နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၆)ဦးတို့သည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ရှိ အမက ကျောင်း (၅)ကျောင်းတွင် ဆေးဖြန်းခြင်း၊ ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေကန်များ ဆေးခပ်ခြင်းတို့ကို ဇွန်လ(၁)ရက်နေ့က ပြုလုပ်ခဲ့ကြပါသည်။

Read More

  19/ May/ 2022

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ နေရာအနှံ့ ကြက်ခြေနီဆောင်ရွက်

သွေးလွန်တုပ်ကွေးရောဂါ ဆိုတာဟာ ခြင်ကနေတဆင့် ကူးစက်ခံရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ သွေးလွန်တုပ်ကွေးရောဂါ မှာလည်း "Break-Bone”Fever လို့ခေါ်တဲ့ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ ဆိုပြီး နှစ်မျိုးရှိပါတယ်။
သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီးပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး (၄)ရက်နေ့ကနေ (၇)ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီးပြတတ်တာဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို လုပ်‌ဆောင်ထားခြင်းဟာ ပိုမိုကောင်းမွန်ထိရောက်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ယခုလိုအချိန်အခါမျိုးမှာ သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်လုပ်ဆောင်လျက်ရှိပါတယ်။
မေလ(၁၈)ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြိုု့နယ်မှာ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရန်မျိုးအောင်ရပ်ကွက်(၆)မှ နေအိမ်များရှိ ရေတွင်း၊ ရေကန်၊ ရေစည်များအား ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
မေလ(၁၇)ရက်နေ့က နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက် အတွင်း ဇေယျာသီရိမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အဘိတ်ဆေးခပ်ခြင်းအား ဆောင်ရွက်ခဲ့ကြပါတယ်။
မေလ(၁၅)ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
မေလ(၇)ရက်၊(၉)ရက်နဲ့ (၁၄)ရက်နေ့များမှာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်း လမ်းများ၊ ကျောင်းများ၊ ရပ်ကွက်များမှာ အမှိုက်များသိမ်းဆည်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်)များဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  19/ May/ 2022

ထိခိုက်ဒဏ်ရာရရှိသူအား ကြက်ခြေနီကရှေးဦးပြုစု

ကျိုက်ခမီ၊ မေလ (၁၉)ရက်။
၂၀၂၂ခုနှစ်၊ မေလ (၁၈)ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ခမီမြို့အဝင်တွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီး(၂)ဦးနှင့် သတိလစ်လူနာအမျိုးသား(၁)ဦးတို့အား ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကာ ရှေးဦးပြုစုပေးခဲ့ပြီး အသင်းပိုင်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  19/ May/ 2022

ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား

ကြက်ခြေနီစေတနာလုပ်အားရှင်များဟာဆိုရင် ရပ်ရွာလူထုအား အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သော အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း များကို ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ၂၀၂၂ခုနှစ်၊ မေလ(၁၅)ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့ ပေါ့ထော်ကျေးရွာ သို့ ရောက်ရှိခဲ့ကြပြီး ကြက်ခြေနီလှုပ်ရှားမှုအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ခန္ဓာဗေဒအကြောင်းအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ကျေးရွာအတွင်း မိုးရာသီမှာ အဖြစ်များပြီး လိုအပ်လျက်ရှိတဲ့ မြွေကိုက်ဒဏ်ရာပြုစုနည်း၊ အခြေခံအသက်ကယ်အထောက်အကူ ပြုစုနည်းများကို ရှင်းလင်းသရုပ်ပြခြင်းတို့ကို ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ဆွေးနွေး ကူညီဆောင်ရွက်ခဲ့ပါတယ်။

Read More

  19/ May/ 2022

Field Assistant

Read More

  18/ May/ 2022

မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

မြောက်ဦး၊ ၂၀၂၂ခုနှစ်၊ မေလ (၁၈)ရက်။
ရခိုင်ပြည်နယ်၊ မြောက်ဉီးမြို့နယ်၊ ဝေသာလီကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်ဆုံးရှုံးခဲ့ရသော အိမ်ထောင်စု (၂) အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသော မိသားစုသုံးပစ္စည်း (၂)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂)စုံနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂)စုံ တို့ကို မြောက်ဉီးခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးမောင်လှနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ယနေ့ မေလ (၁၈) ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

Read More