|
RMS

  27/ Jan/ 2022

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ရှေးဦးပြုစုခြင်းဖြင့် အချိန်မီကူညီပေးနိုင်ခဲ့

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများအား ရှေးဦးပြုစုပေးခြင်းနှင့် ဆေးကုသမှုခံယူမည့်သူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံဆေးခန်းများသို့ အချိန်မီ ပို့ဆောင်ကူညီပေးလျှက်ရှိပါသည်။
ထိုကဲ့သို့ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သူများအား ရှေးဦးပြုစုပေးနိုင်ခဲ့ပါသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ ငှတ်ချောကွင်းကျေးရွာအနီး ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသား (၂)ဦးအား ရှေးဦးပြုစုပေးပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အလားတူ အေးမြကျေးရွာအနီး ယာဉ်မတော်တဆဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာအမျိုးသားတစ်ဦးအား လိုအပ်ချက်အရ ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြသည်။

Read More

  26/ Jan/ 2022

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

အကူအညီလိုအပ်နေသူများအတွက် တတ်စွမ်းသမျှပံ့ပိုးပေးနေတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ တိုင်းနှင့်ပြည်နယ်အသီးသီးမှာ စေတနာလုပ်အားရှင်တွေအင်အားနဲ့ လူမှုကရုဏာလုပ်ငန်းတွေကို ဖြန့်ကျက်ဆောင်ရွက်ပေးနေတာပါ။
ဇန်နဝါရီလ (၂၆)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ညောင်ရွှေ၊ဆီဆိုင် မြို့နယ်တွေက နေရပ်စွန့်ခွာစခန်းတွေမှာရှိတဲ့အိမ်ထောင်စုတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အိမ်ထောင်စု (၃၅၅ စု)အတွက် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ(တစ်ပတ်စာ) (၁၃၅)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ(အရေးပေါ်) (၂၂၀)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၃၀၈)စုံ၊ နှာခေါင်းစည်း(၂၅၂)ဗူး၊ လက်သန့်စင်ဆေးရည် (၆၂၅)ဗူး၊ ပလပ်စတစ်အိတ်(၁၃၅)အိတ်၊ စောင် (၁၇၄)ထည်၊ ခြင်ထောင် (၁၆၁)လုံး၊ ရေချိုးဆပ်ပြာ (၁၇၃)ခု ကို နေရပ်စွန့်ခွာစခန်းတွေဆီ သွားရောက်ပေးအပ်ခဲ့ကြပါတယ်။
အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ထောက်ပံ့ရာမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးညီညီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးချမ်းတို့နှင့်အတူ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေရပ်စွန့်ခွာပြည်သူတွေကို အားပေးစကားပြောကြားခဲ့ကြပြီး စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီမှုတွေကိုလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ကြက်ခြေနီကွန်ယက်မှာ ပါဝင်လှုပ်ရှားကြသူတွေဟာ အသင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ရပ်ရွာလူထုခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ လျော့ပါးသက်သာစေဖို့ ကြိုးပမ်းအားထုတ်ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။

Read More

  24/ Jan/ 2022

ဘောလုံးအားကစားအခြေပြု လူငယ်နှင့်ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဘောလုံးနည်းပြ လက်တွေ့သင်တန်းကို ထားဝယ်မြို့နယ်တွင် ဖွင့်လှစ်

ဘောလုံးအားကစားအခြေပြု လူငယ်နှင့်ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ တနင်္သာရီတိုင်းဒေသကြီးမှ လူငယ်ကြက်ခြေနီများအတွက် လူငယ်ဘောလုံးနည်းပြ လက်တွေ့သင်တန်းကို တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးခန်းမတွင် ယနေ့ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းတပ်ဖွဲ့မှူး၊ အသင်းဌာနချုပ် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူများ၊ ဘောလုံးနည်းပြများနှင့် သင်တန်းတက်ရောက်မည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဘောလုံးအားကစားကို အခြေခံပြီး ဘဝတစ်သက်တာ ကျွမ်းကျင်စရာ (Life Skills) အသိပညာများကို လူထုအတွင်းဖြန့်ဝေပေးနိုင်ရန်၊ စွမ်းဆောင်ရည်များမြှင့်တက်လာပြီး လူငယ်မှ လူငယ်သို့ လှုံ့ဆော်ဖလှယ်ရန်၊ အပြုသဘောဆောင်သော ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာစေရန်၊ ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုတွင် အတွေ့အကြုံကောင်းများရရှိပြီး စံနမူနာပြ လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်ဘောလုံးနည်းပြ လက်တွေ့သင်တန်းကို ဆွေးနွေးပို့ချခြင်းဖြစ်သည်။
သင်တန်းကို ဇန်နဝါရီလ (၂၄) ရက်နေ့မှ (၂၇)ရက်နေ့အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့မှ လူငယ်ကြက်ခြေနီ (၃၂)ဦးတက်ရောက်ကြမည် ဖြစ်ပါသည်။

Read More

  23/ Jan/ 2022

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ရပ်ရွာလူထု အကူအညီလိုအပ်တဲ့အခါတိုင်း နိုင်ငံတဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်တွေက လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့အသင့်ရှိနေကြမှာပါ။ မီးဘေး၊ရေဘေး စတဲ့ သဘာဝဘေးအန္တရာယ်အခြေအနေတွေကြောင့် အိုးအိမ်စည်းစိမ်ဆုံးရှုံးရချိန်တွေမှာလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြပြီး ရောဂါကပ်ဆိုးတွေကြောင့် စောင့်ရှောက်ကူညီမှုလိုအပ်နေတဲ့အခါတွေမှာလည်း ကျွန်ုပ်တို့အမြဲအတူရှိနေကြမှာပါ။

Read More

  22/ Jan/ 2022

တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်ခြေနီက အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သောလူနာများအား လူနာတင်ယာဉ်ဖြင့် ဆေးရုံ၊ဆေးခန်းများသို့ ပို့ဆောင်ကူညီ

တနင်္သာရီတိုင်းဒေသကြီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာအကူအညီများအား ဆောင်ရွက်ပေးလျက်ရှိကြရာ ၂၄နာရီ လူနာတင်ယာဉ်ဖြင့် လူနာများအား ဆေးရုံဆေးခန်းများသို့ အချိန်မီဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ကူညီပေးခြင်းကိုလည်း နေ့စဉ် ကူညီဆောင်ရွက်ပေးလျက်ရှိကြပါသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိ ကျေးရွာမှ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးအား ရှေးဦးပြုစုပေးပြီး ရငဲတိုက်နယ်ဆေးရုံ၊ ထို့မှတဆင့် သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာမှ ကိုယ်ဝန်ဆောင်မိခင် အမျိုးသမီး(၁)ဦးအား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့လည်းကောင်း၊ ဇန်နဝါရီလ (၁၉)ရက်နေ့က သရက်ချောင်းမြို့နယ်၊ မယ်ဒီလန်းဆေးရုံမှ ဆေးကုသခြင်းခံယူပြီးသည့်လူနာအား ကျွဲမင်းကုန်းကျေးရွာ နေအိမ် သို့လည်းကောင်း၊ ဇန်နဝါရီလ (၁၈)ရက်နေ့က ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား နေအိမ်မှ ထားဝယ်မြို့ဆေးရုံသို့လည်းကောင်း၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီးသော အမျိုးသားတစ်ဦးအား နေအိမ်သို့လည်းကောင်း၊ ကြက်စားပြင်ရပ်ကွက်တွင် မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦးအား ထားဝယ်ဆေးရုံကြီး သို့လည်းကောင်း၊ အနောက်မြို့တွင်းရပ်ကွက်မှ ချောင်းဆိုးရင်ကြပ် ဝေဒနာခံစားနေရသော အမျိုးသားတစ်ဦးအား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့ လည်းကောင်း၊ ဇန်နဝါရီလ (၁၁)ရက်နေ့က ကျွဲမင်းကုန်းကျေးရွာမှ ဗိုက်အောင့်ဝေဒနာ ခံစားနေရသော ဝေဒနာရှင်တစ်ဦးအား ရငဲတိုက်နယ်ဆေးရုံသို့လည်းကောင်း၊ ရငဲတိုက်နယ်ဆေးရုံမှ ဆေးကုသမှုခံယူနေသော လူနာတစ်ဦးအား လွှဲပြောင်းလူနာအဖြစ် ထားဝယ်မြို့ မြင့်မိုရ်ဦး ဆေးရုံသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။
ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထိုကဲ့သို့ လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲများအလိုက် ဆောင်ရွက်ကြခြင်းဖြစ်ကြီး ရပ်ရွာလူထုအတွက် လိုအပ်သည့် အခြားသော လူမှုကရုဏာလုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြပါသည်။

Read More

  22/ Jan/ 2022

Driver

Read More

  22/ Jan/ 2022

Project Officer

Read More