|
RMS

  07/ Feb/ 2020

သံဖြူဇရပ်ရှိ ​ကျောင်းများတွင်​ကြက်​​ခြေနီမှ နိုဗယ်ကိုရိုနာဗိုင်းရပ်​စ် ကြိုတင်​ကာကွယ်​​ရေး ဟော​ပြောပွဲ ပြုလုပ်​

သံဖြူဇရပ်၊ ဖေဖော်ဝါရီလ ၇ မြန်မာနိုင်ငံကြက်​ခြေနီအသင်း သံဖြူဇရပ်​မြို့နယ်​ကြက်​​ခြေနီအသင်းခွဲမှ ကြက်​ခြေနီသူနာပြုတပ်​ဖွဲဝင်များနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ နိုဗယ်​ ကိုရိုနာဗိုင်းရပ်​ ကြိုတင်​ကာကွယ်​​ရေး ​ဟော​ပြောပွဲ ကို သံဖြူဇရပ်​မြို့နယ်​ အခြေခံပညာအထက်တန်း​ကျောင်း(ခွဲ)နှစ်​ကိုင်းကျောင်းခန်းမတွင် ​​ကျောင်းသား/​ကျောင်းသူ များ၊ ​ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၃၁၀) ဦးတို့အား ၂၀၂၀ ပြည့်နှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်​နေ့နံက်​ ၁၁းဝဝက သံဖြူဇရပ်​မြို့နယ်​ လူထုကျန်းမာ​ရေးဋ္ဌာနဦးစီးအရာရှိ ဒေါက်တာ ​အောင်​ထက်​​ကောင်း၊ ကျန်းမာ​ရေးအဆင့် ၁​ ဒေါ်နန်းစံတပ်​၊ သံဖြူဇရပ်​မြို့နယ်​ကြက်​​ခြေနီ တပ်​ဖွဲ့မှုးဦးစိုးမင်​ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၆) ဦးတို့မှ ​ဟော​ပြောခဲ့ကြပါသည်​။

Read More

  07/ Feb/ 2020

ကြက်ခြေနီမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဉီးလွင်မြို့နယ်ရှိကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်

ပြင်ဉီးလွင်၊ ဖေဖော်ဝါရီလ ၇ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပြင်ဉီးလွင်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုး ဉီးဆောင်သော ကြက်ခြေနီသူနာပြူတပ်ဖွဲ့ဝင်များသည် ပြင်ဉီးလွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့မှစတင်ပြီး တစ်ရက်လျှင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၆)ဉီးဖြင့် ပြင်ဦးလွင်တိုးဂိတ်တွင် ခရီးသွားများကို ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာခြင်း၊ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

Read More

  06/ Feb/ 2020

ကြက်ခြေနီမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍အသိပညာပေးဟောပြောပွဲများကျင်းပ

ဝမ်းတွင်း၊ ဖေဖော်ဝါရီလ ၆

မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက်(၉)နာရီက မြို့‌ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကို မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဌနှင့် အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး(ယာယီ)ဦးအောင်မိုးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၁)ဦး၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြသက်ဆွေနှင့်ကျန်းမာရေးဆရာမများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဝမ်းတွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်ဦးရဲထွဋ်ခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးမှ လက်ဆေးခြင်းအကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမြသက်ဆွေမှနိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်နိုင်ရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအဖွဲ့သည် ဆက်လက်၍ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် (အ.ထ.က)သဲတော၊(အ.ထ.က)ဝမ်းတွင်း၊အမှတ်(၁)အ.ထ.က(ခွဲ)နှင့် အခြေခံပညာမူလတန်း/အလယ် တန်းကျောင်း(၇)ကျောင်း၊စုစုပေါင်း ကျောင်း(၁၀)ကျောင်းတွင် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

Read More

  02/ Feb/ 2020

ကြက်ခြေနီက နိုဗာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ဝေငှရာတွင် ပါဝင်

မိတ္ထီလာ၊ ဖေဖော်ဝါရီလ ၂ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိတ္ထီလာခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဉီး ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၃၅) ဦးတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့က မိတ္ထီလာမြို့နယ်တွင် ရန်အောင်မြင် လူမှုကူညီရေးအသင်း၊ ရှမ်းတဲမေတ္တာ လူမှုကူညီရေးအသင်း၊ ကမ်းလင့်မယ့်လက်များ လူမှုရေးအသင်း၊ စိတ်ဝေဒနာရှင်များပြုစုရေးအသင်း၊ ရပ်မိရပ်ဖများနှင့် အတူ နိုဗာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိညာပေးလက်ကမ်းစာစောင်(၃၀၀၀)နှင့် နှာခေါင်းစည်း(၆၀၀၀)ကျော်တို့ကို ရပ်ရွာလူထု (၇၅၀) ဦးအား ဝေငှခဲ့ပါသည်။

Read More

  02/ Feb/ 2020

ကြက်ခြေနီက နိုဗာကိုရိုးနားဗိုင်းရပ်စ် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဝေငှရာတွင် ပါဝင်

ပုသိမ်ကြီး၊ ဖေဖော်ဝါရီလ ၂ မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်း ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၁၅) ဦးတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့က ပုသိမ်ကြီးမြို့နယ်တွင် အထွေထွေအပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အတူ နိုဗာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိညာပေးလက်ကမ်းစာစောင်များကို ရပ်ရွာလူထု (၇၅၀) ဦးအား ဝေငှခဲ့ပါသည်။

Read More