|
RMS

  18/ Feb/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း WASH ယူနစ် မှ ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ နှင့် ပူးပေါင်းကာ တောင်ကြီးမြို့နယ်ရှိ ရေလိုအပ်ချက်ရှိသော နေရပ်စွန့်ခွာစခန်း(၇)ခုခန့် မှ ပြည်သူများ သန့်ရှင်းသော သောက်ရေ၊သုံးရေရရှိနိုင်ရေးအတွက် တစ်ရက်လျှင် ရေ (၃၀၀၀၀)လီတာ သန့်စင်ထုတ်လုပ်နိုင်သည့် ရေသန့်စက်အား တပ်ဆင်လျက်ရှိ

မြန်မာနိုင်ငံကြက်ခြေနီအသင်း WASH ယူနစ် မှ ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ နှင့် ပူးပေါင်းကာ တောင်ကြီးမြို့နယ်ရှိ ရေလိုအပ်ချက်ရှိသော နေရပ်စွန့်ခွာစခန်း(၇)ခုခန့် မှ ပြည်သူများ သန့်ရှင်းသော သောက်ရေ၊သုံးရေရရှိနိုင်ရေးအတွက် တစ်ရက်လျှင် ရေ (၃၀၀၀၀)လီတာ သန့်စင်ထုတ်လုပ်နိုင်သည့် ရေသန့်စက်အား တပ်ဆင်တည်ဆောက်လျက်ရှိပါသည်။
ရေသန့်စက်တည်ဆောက်မှုကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ရေလိုအပ်ချက်ရှိသော နေရပ်စွန့်ခွာစခန်း(၇)ခုအတွက် ရေသန့်များ စတင်ပေးဝေနိုင်ရန်လျာထားဆောင်ရွက်လျက်ရှိပါသည်။
ရေသန့်စက်ကို လူဦးရေ (၃၀၆၀၀)အတွက် လုံလောက်သည့် သောက်ရေသုံးရေပေးဝေနိုင်ရန် စီစဉ်ထားပြီး တည်ဆောက်နေစဉ်ကာလအတွင်း ရေလိုအပ်လျက်ရှိသော နေရပ်စွန့်ခွာပြည်သူများအတွက် လိုအပ်သည့်ရေသန့်များအားဝယ်ယူကာ ဖြန့်ဝေပေးလျက်ရှိနေပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီး ပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုများနှင့် ရေကောင်းရေသန့်ရှားပါးမှုပြဿနာများကို ရပ်ရွာအတွင်း ရင်ဆိုင်ကြုံတွေ့ချိန်မှစတင်ကာ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသိပညာပေးခြင်းနှင့် ရေသန့်စက် ရေသန့်ဆေး ကိုင်တွယ်အသုံးပြုပုံများကို ရပ်ရွာလူထုသိရှိစေဖို့ စတင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၇ခုနှစ်မှာတော့ အသင်းရဲ့ WASH ယူနစ်ကို စတင်ဖွဲ့စည်းခဲ့ကြပြီး ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ဆက်စပ်နေတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ လျှော့ချပေးနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ကြကာ ယခုအချိန်ထိ နိုင်ငံတဝန်းရေကောင်းရေသန့်ရရှိစေနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြပါသည်။

Read More

  17/ Feb/ 2022

ကယားပြည်နယ်တွင် နေရပ်စွန့်ခွာအိမ်ထောင်စုများအား ကြက်ခြေနီက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်သည် ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်အတူ ကယားပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ အဲ့ဒီလိုကူညီရာမှာ လွိုင်ကော်မြို့က ဘုန်းကြီးကျောင်း(၁၁)ကျောင်းမှာ ဖွင့်ထားတဲ့ ယာယီနေရပ်စွန့်ခွာစခန်းတွေက ပြည်သူ (၅၆၆)ဦး၊ အိမ်ထောင်စု (၁၅၆)စု အတွက် ဆန်(၁၅၆)အိတ်၊ ဆီ(၁၅၆)ဗူး၊ အသားဗူး(၉၉၂)ဗူး၊ ခေါက်ဆွဲ (၁၅၅)ထုပ်၊ အနွေးထည် (၁၅၅)ထည်နှင့် စောင် (၁၅၅)ထည်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၆၄)စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၂၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၂၂)စုံ၊ ပါးစပ်နှင့်နှာခေါင်းစည်း (၁၃၀၀)ဗူး၊ လက်သန့်စင်ဆေးရည်(၆၀)ဗူး တို့ကို ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြပါတယ်။ ထို့ပြင် ယာယီနေရပ်စွန့်ခွာစခန်းတစ်ခုတွင် အမျိုးသမီးများအတွက် အုတ်ကန်နှင့်ရေချိုးခန်း (၁)ခု၊ ၂ခန်းတွဲ ယင်လုံအိမ်သာ (၂)လုံးတို့ကိုလည်း ဆောက်လုပ်ပေးခဲ့ကြပါတယ်။ ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေနဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနဲ့ ပူးပေါင်းပြီး နေရပ်စွန့်ခွာပြည်သူတွေကို ရှမ်းပြည်နယ်တောင်ပိုင်းက နေရပ်စွန့်ခွာစခန်းတွေဆီပို့ဆောင်ပေးခဲ့ကြပါတယ်။ ယခုလက်ရှိမှာလည်း ကယားပြည်နယ်အတွင်းမှာ ရှိနေတဲ့ ယာယီစခန်းတွေက ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို ထောက်ပံ့ကူညီပေးလျက်ရှိပြီး ဒေသအသီးသီးက အလှူရှင်များနဲ့ ချိတ်ဆက်ကာ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ ဆက်လက်ပြုလုပ်ပေးနိုင်ဖို့ ကြိုးပမ်းအားထုတ်လျက်ရှိကြပါတယ်။   

Read More

  17/ Feb/ 2022

ခြေလက်အင်္ဂါများတွင် ထိခိုက်ဒဏ်ရာရရှိ၍ သွေးယိုစီးသောအခါ သွေးယိုစီးမှုရပ်တန့်ရန်အတွက် ရှေးဦးပြုစုနည်း။

ခြေလက်အင်္ဂါများတွင် ထိခိုက်ဒဏ်ရာရရှိ၍ သွေးယိုစီးသောအခါ သွေးယိုစီးမှုရပ်တန့်ရန်အတွက် ရှေးဦးပြုစုနည်း။

Read More

  16/ Feb/ 2022

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဆောင်ရွက်ချက်များ

၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက် ။
လတ်တလော ဖြစ်ပွားနေသော အခြေအနေများကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ ရောက်ရှိနေသည့် ကယားပြည်နယ်မှ နေရပ်စွန့်ခွာ ပြည်သူများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ တို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်အတူ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများကို ပံပိုးကူညီပေးလျက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ ပင်းတယ၊ ရပ်စောက်နှင့် လဲချားမြို့များသို့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ပြည်သူများ အနက်မှ အိမ်ထောင်စု(၂,၄၅၇)စု လူဦးရေ (၇,၇၁၂)ဦး တို့အတွက် ဖွင့်လှစ်ထားသည့် ယာယီစခန်း (၁၅၁)ခုတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ကြက်ခြေနီများက ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ လူနာများဆေးရုံသို့ လွှဲပြောင်းပေးခြင်း၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ ယာယီရေလှောင်ကန်၊ ယင်လုံအိမ်သာနှင့် အမှိုက်ကန်များ ဆောက် လုပ်ပေးခြင်း၊ ယာယီစခန်းများတွင် အမိုးအကာနှင့် ရေချိုးကန်ကာရံပေးခြင်း၊ အောက် ကြမ်းပြင်အခင်းပြားများဖြန့်ဝေပေးခြင်း၊ ယာယီစာသင်ဆောင်ပြုလုပ်ပေးခြင်း၊ ကျောင်း ဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ မိသားစုပြန်လည်ဆက်သွယ် ပေးခြင်းနှင့် ခြေတုတပ်ဆင်နိုင်ရန် ဆက်သွယ်ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ကြက်ခြေနီများက တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၁,၆၀၇)၊ခု နှာခေါင်းစည်း (၂,၅၁၂)ခု၊ လက်သန့်ဆေးရည်(၇,၂၄၃)ဗူး၊ အမျိုးသမီးအသုံး အဆောင်ပစ္စည်း(၂,၂၀၇)ခု၊ ဖျာ(၁,၀၈၄)ချပ်၊ စောင်(၂,၆၁၆)ထည်၊ ဆေးစိမ်ခြင်ထောင် (၂,၅၄၂)ထည်၊ ဆပ်ပြာ(၁,၂၀၆)တုံး၊ မွေးကင်းစကလေးအသုံးအဆောင် (၆၇)ခု၊ ရေပုံး (၇၈၂)လုံး၊ ဆိုလာမီးအိမ်(၄၉၅)ခု၊ ကြိုး(၂၄)ခု၊ တာပေါ်လင်(၅၀၈)စ၊ တစ်ကိုယ်ရည်သုံး ပစ္စည်း (၁,၃၉၄)စုံ၊ မိသားစုအသုံးအဆောင်ပစ္စည်း(၆၉)စုံ၊ မီးဖိုချောင်သုံးပစ္စည်း(၉၇)စုံ၊ ကျောင်းသုံး ပစ္စည်း(၃၀)စုံ စသည့်တို့ကို ဖြန့်ဝေခဲ့ပါသည်။
ယာယီကယ်ဆယ်ရေး စခန်းအချို့တွင် လိုအပ်သော သုံးရေနှင့်သောက်ရေ ထောက်ပံ့ နိုင်ရန် ရေသန့်စက်တည်ဆောက်ပြီး သန့်ရှင်းသော သောက်သုံးရည် ဖြန့်ဝေနိုင်ရန်နှင့် နေရပ်စွန့်ခွာပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ရွေ့လျားဆေးခန်း ဖွင့်လှစ်၍ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Read More

  15/ Feb/ 2022

မီးလောင်မှုဖြစ်ပွားမှုကြောင့် ထိခိုက်ခံစားရသည့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ကူညီ

အင်းစိန်၊ ဖေဖော်ဝါရီလ (၁၅)ရက်။
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ပိတောက်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၁၅)လုံး မီးဘေးသင့်ခဲ့သဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။
ထိုသို့ကူညီရာတွင် ထိခိုက်ခံစားရသည့် အိမ်ထောင်စုများအတွက် မိသားစုသုံးပစ္စည်း(၁၅)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၅)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၅)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၁၅)စုံတို့ကို ပေးအပ်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများကို ပြုလုပ်ပေးခဲ့ကြပါသည်။

Read More

  14/ Feb/ 2022

ရောဂါပိုးတွေအလွယ်တကူမဝင်ရောက်နိုင်အောင် ကိုယ်ခံအားကောင်းနေဖို့လိုတယ်။

မိမိနှင့်သင်တော်ပြီး မပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။
အိပ်ရေးဝအောင်အိပ်ပါ။
တတ်နိုင်သမျှ အဟာရပြည့်ဝအောင် အစာအုပ်စု စုံလင်စွာစားသုံးပါ။

Read More

  14/ Feb/ 2022

တနင်္သာရီတိုင်းဒေသကြီးမှ ကြက်ခြေနီများ၏ COVID-19 ရောဂါကာကွယ်ရေးလှုပ်ရှားမှုများ

ထားဝယ်၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်။
COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျရာနေရာမှ ပါဝင်ကူညီ ဖြည့်ဆည်းပေးလျက် ရှိပါတယ်။
ယခုလို ဆောင်ရွက်ရာတွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်ဆရာဝန်၊ တိုက်နယ်ဆရာဝန်များပါဝင်သည့် အဖွဲ့များနှင့် ပူးပေါင်းပြီး မောတောင်မြို့၌ COVID-19ရောဂါ ရှာဖွေစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း အသိပညာပေးခြင်း ၊ နှာခေါင်းစည်းများ‌ ပေးဝေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဗီနိုင်းကပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကလိန်အောင်မြို့အဝင် ကံပေါက်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင်အတူ COVID-19ရောဂါ ရှာဖွေစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပါဝင်ကူညီလျက်ရှိပါတယ်။
ထားဝယ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်မှ ကြက်ခြေနီ‌စေတနာလုပ်အားရှင်များကလည်း ထားဝယ်လေဆိပ်နှင့် ကော့သောင်းလေဆိပ်တို့တွင် ခရီးသည်များအား ရောဂါကာကွယ်ရေး ဆောင်ရွက်ရာတွင် ပူးပေါင်းကူညီပေးလျက်ရှိပါတယ်။
COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများအပြင် အကြောင်းကြောင်းကြောင့် ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်း၊ ဆေးကုသမှုခံယူရန် လိုအပ်သူများကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံ၊ ဆေးခန်းများသို့ ကူညီပို့ဆောင်ပေးနေကြတဲ့အကြောင်းကို ထားဝယ်မြို့က ဦးမြင့်နိုင်က သတင်းပေးပို့ထားတာဖြစ်ပါတယ်။

Read More

  13/ Feb/ 2022

အိမ်မဲတွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

အိမ်မဲ၊ ဖေဖော်ဝါရီလ (၁၃)ရက်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂) ဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြောင်းမြခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။
အခမ်းအနားကို မြောင်းမြခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများ၊ အိမ်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၉၂)ဦးတက်ရောက်ခဲ့ကြပါသည်။

Read More

  11/ Feb/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အရင်းအမြစ်စုစည်းအသုံးချရေး နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲတက်ရောက်

ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှ ပြုလုပ်သော အရင်းအမြစ်စုစည်းအသုံးချရေး နှစ်ပတ်လည်သုံးသပ်ခြင်းအစည်းအဝေးဖွင့်ပွဲကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့က Online ဖြင့် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အသင်းဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ရာ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၏ လုပ်ငန်းပြီးမြောက်မှုနှင့် စိန်ခေါ်မှုများအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး ဌာနအသီးသီးနှင့် ပူးပေါင်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများအား ရေးဆွဲခဲ့ကြပါသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ တက်ရောက်ခဲ့ပါသည်။

Read More