31/ Mar/ 2026
31/ Mar/ 2026
15/ Jul/ 2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကျေးလက်ဒေသ၊(နန်းသဲအုပ်စု၊ အိုင်ထောင့်ကြီး၊ ရှေ့၀ကြီး ၊ မြောင်း၀ကြီး၊ ကြေးစားကုန်းမြောက်၊ ကြေးစားအောက်၊ ကြေးစားတောင်၊ ရေသာရွာ၊ မင်းချောင်းလယ်၊ မင်းချောင်းရှေ့၊ ပွဲစားကုန်းရွာ၊ နွားဓမတောင်၊ ခေါင်တိုင်၊ အင်းပြင်ကျေးရွာ၊ လွယ်အံကျေးရွာအုပ်စု ၊ အရှေ့ကျောက်တန်း၊ နန်းပန်ရွာ)၊ ကလောမြို့ရှိ ရပ်ကွက် (၁၁) ရပ်ကွက်နှင့် အောင်ပန်းမြို့ရှိ (ရေချိုကျေးရွာ၊ ရပ်ကွက် ၃၊ ၄၊ မိုးကောင်း၊ ရွာငံစု၊ ညောင်ပင်ထောက်၊ မင်္ဂလာရပ်ကွက် ၁၊ ၂ နှင့် လှည်းရိုး) တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသော အိမ်ထောင်စု (၇၈၉) စုအတွက်အိမ်ထောင်စု တစ်စုလျှင် ငွေသား (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေသား (၃၉,၄၅၀,၀၀၀) ကျပ်ကို ၂၀၂၅ ခုနှစ်၊ မေလ(၁၃)ရက် နှင့် (၁၄) ရက်နေ့တွင်သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။
၎င်းအပြင် ပြည်တွင်းအလှူရှင်များမှ လှူဒါန်းခဲ့သည့် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် နှင့် ဓာတ်ဆားထုပ် တို့ကို ကလောမြို့ နှင့် အောင်ပန်းမြို့တွင် ဖြန့်ဝေပေခဲ့ပြီး၊ ညောင်ရွှေမြို့နယ် ရှိ အင်းလေးဒေသဖက်တွင် ဆန်၊ ခေါက်ဆွဲ နှင့် ဓာတ်ဆားတို့ကို လည်း အိမ်ထောင်စု (၇၈၉)စု အတွက် ပေးဝေခဲ့ပါတယ်။
ထိုဒေသရှိ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရန် နှင့် ကြောက်ရွံ့ထိတ်လန့်မှုတွေကို သက်သာစေဖို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကလေးငယ်များအား အားပေးစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများနှင့်ကလေးပျော်စင်တာကိုပါ ဖွင့်လှစ်ခဲ့ရာ ကလေးငယ်များ လာရောက်ဆော့ကစားခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ငလျင်ဘေးဒဏ်ခံစားရသည့် ရပ်ရွာလူထုထံ လက်ရောက် ပေးအပ်နိုင်ရန် အသင်းအနေဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
07/ Aug/ 2024
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံဒေသအနှံ့တွင် လူမှုကရုဏာလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ကူညီထောက်ပံ့နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘေးဒဏ်အမျိုးမျိုးကြောင့် ထိခိုက်ခံစား ရသောရပ်ရွာလူထုများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုထိရောက်စွာပံ့ပိုးပေးခြင်းဖြင့် လူသားချင်းစာနာ ထောက်ထားမှုအထောက်အပံ့များ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အတွေ့အကြုံရှိသည့် ကန်ထရိုက်တာများအား အသင်းပိုင်ဗဟိုကြက်ခြေနီသိုလှောင်ရုံ (RC) ၃-ထပ်တိုးချဲ့အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် “စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာနှင့် နည်းပညာဆိုင်ရာကန်ထရိုက်တာဆန်းစစ် လွှာ” ရယူရန် ဆက်သွယ်နိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်ဆန်းစစ်ခြင်းမေးခွန်းများ တောင်းခံ လွှာကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ၀ယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ အမှတ်-၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ်- ၀၉ ၄၂၀၀၉၇၄၀၉ သို့ ၂၀၂၄-ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်နံနက်(၁၀:၀၀)နာရီမှစတင်ထုတ်ယူနိုင်ပြီး ကြိုတင်ဆန်းစစ်ခြင်း မေးခွန်းလွှာဖြေဆိုမှုများနှင့် အထောက်အထား စာရွက်စာတမ်းများကို ၂၀၂၄-ခုနှစ်၊ ဩဂုတ်လ၊ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန်ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ ဖော်ပြပါလိပ်စာသို့ တံဆိပ်ခတ်ထားသည့် စာအိတ်ဖြင့် ပေးပို့ရမည်ဖြစ်ပါသည်။
17/ Apr/ 2024
၁၃၈၆ ခုနှစ် မြန်မာနှစ်သစ် အခါသမယတွင် မြန်မာနိုင်ငံတစ်ဝှမ်းက ကြက်ခြေနီအသင်းဝင်များ၊ တပ်ဖွဲ့ဝင်များ၊ စေတနာလုပ်အားရှင်များနှင့် လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်ရင်း ပျော်ရွှင်စရာ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုလိုနှစ်သစ်ကို စတင်လိုက်သည်နှင့် ပြည်သူပြည်သားများ အားလုံး ဘေးအန္တရာယ် လျော့ပါး သက်သာစေရန် ကျွန်ုပ်တို့၏ ကျွမ်းကျင်မှု၊ စာနာစိတ်ကို အရင်းခံကာ ကြက်ခြေနီရဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ဆောင်ချက်များကို စွမ်းနိုင်သမျှတတ်အားသရွေ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါတယ်။ ကြက်ခြေနီရဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေမှာ နေ့နေ့ ညည မအားမလပ် ပါဝင်ဆောင်ရွက်နေကြတဲ့ ကျွန်ုပ်တို့၏ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများကိုလည်း မယိမ်းယိုင်သော မေတ္တာ ကရုဏာတရားနှင့် ကြက်ခြေနီရဲ့ မွန်မြတ်သော အခြေခံမူများကို ခိုင်မြဲစွာ လိုက်နာပြီး အများအတွက်သာမက မိမိတို့ ကိုယ်တိုင်လည်း ဘေးအန္တရာယ်ကင်းစွာဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းအားထုတ်ပေးကြပါလို့ တွန်းအားပေး တိုက်တွန်းအပ် ပါတယ်။ ဒီလို မင်္ဂလာ ရှိလှတဲ့ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ လူသားများအားလုံး ဘေးအန္တရာယ် အပေါင်းမှကင်းဝေးကာ ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့် ငြိမ်းချမ်းခြင်းများ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းမေတ္တာပို့သလိုက်ပါတယ်။ ပါမောက္ခဒေါက်တာမျိုးညွန့် ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း
26/ Mar/ 2024

24/ Mar/ 2024

16/ Feb/ 2024
