02/ May/ 2021

01/ May/ 2021
01/ May/ 2021
26/ Apr/ 2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးသည် ယနေ့ ဧပြီလ (၁၇) ရက်နေ့ ည(၁၀) နာရီတွင် မော်လမြိုင်မြို့၊ စျေးကြို ဆန်တန်းမှ အူအတက်ပေါက်လူနာအား ရှေးဦးပြုစုကာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဥ်ဖြင့် မော်လမြိုင် ငွေမိုး ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြသည်။
25/ Apr/ 2021
25/ Apr/ 2021

24/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ နံနက် (၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကြည့်မြင်တိုင်တဖက်ကမ်း အလပ်ချောင်းကျေးရွာမှ မွေးလူနာတစ်ဦးကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
24/ Apr/ 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာအုပ်စု အိမ်ခြေ(၂၀)ကျေးရွာ၌ သောက်သုံးရေပြတ်လပ်လျက်ရှိရာ (၁၉၉၉)ခုနှစ် ထူးချွန်ကြက်ခြေနီများနှင့် အလှူရှင်များ လှူဒါန်းသော ၂၀လီတာ သောက်ရေသန့်(၁၂၀)ဘူးကို နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင်တပ်ဖွဲ့မှူး ၊လယ်ဝေးနှင့် ပျဥ်းမနားမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များက၂၀၂၁ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
24/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့ ညနေပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် အုတ်ကျင်းဘူတာရုံလမ်းတွင် ပွန်းပဲ့ဒဏ်ရာရသူ (၁) ဦး အရေးပေါ်ရှေးဦးပြုစုရန် လိုအပ်သဖြင့် ဆက်သွယ် အကူအညီတောင်းခံလာရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးကျော်မျိုးထက်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးတို့ ချက်ချင်းသွားရောက်ခဲ့ပြီး ပွန်းပဲ့ နာကျင်ဒဏ်ရာများကို ရှေးဦးပြုစုနည်းဖြင့် ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့ကြသည်။