|
RMS

  14/ Jun/ 2020

နေပြည်တော် ဥတ္တရသီရိတွင် ကြက်ခြေနီမှ အဝတ်နှာခေါင်းစည်းများပေးဝေ

နေပြည်တော်၊ဇွန် ၁၄ ၂၀၂၀ပြည့်နှစ်၊ဇွန်လ၁၃ရက်နေ့ကပြည်ထောင်စုနယ်မြေနေပြည်တော်ဥတ္တရသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှမြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးစောသန်း ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင် ၅ဦးတို့သည်COVID-19ရောဂါကာကွယ်ရေးအတွက်ဥတ္တရသီရိမြို့နယ် ရွှေတပင်စျေးတွင်စျေးသည်များအားအဝတ်နှာခေါင်းစည်းများကိုပေးဝေခဲ့ကြပါသည်။

Read More

  13/ Jun/ 2020

လယ်ဝေးတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေးအတွက် အဝတ်နှာခေါင်းစည်းများပေးဝေ

နေပြည်တော်၊ ဇွန် ၁၃

၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ချို၊ ဦးဇော်အောင်၊ဦးတင်ငွေ ၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ လယ်ဝေးမြိုနယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်သိန်းမြင့်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့သည် COVID-19ရောဂါကာကွယ်ရေးအတွက် လယ်ဝေးမြို့တွင် ပြည်သူများအား အသိပညာပေးခြင်းများနှင့် အဝတ်နှာခေါင်းစည်းများ ပေးဝေခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

 

Read More

  13/ Jun/ 2020

18th Information Sharing (Eng Version)

Read More

  02/ Jun/ 2020

17th Information Sharing (Eng version)

Read More

  01/ Jun/ 2020

ကယားပြည်နယ်တွင် ကြက်ခြေနီမှ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ကယားပြည်နယ်၊ ဇွန် ၁

ကယားပြည်နယ်တွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် မေလ ၃၁ရက်နေ့က ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကာ ကယားပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်း COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း စသည်တို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  29/ May/ 2020

နေရပ်ပြန်များအား Quarantine ထားသည့်ကျောင်းများဆေးဖျန်းခြင်းတွင်ကြက်ခြေနီကကူညီ

ကြာအင်းဆိပ်ကြီး၊ မေ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးဝင်းကိုဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ဦးတို့သည် ၂၀၂ဝပြည့်နှစ်၊မေလ ၂၈ရက်နေ့တွင် သက်ဆိုင်ရာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျေးရွာလူငယ်အဖွဲ့တို့နှင့်အတူ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ နေရပ်ပြန်ပြည်သူများထားရှိသည့် Quarantine နေရာများ ဖြစ်သည့် အထက ကျခတ်ချောင်း၊ အမကမူလွန်ကျောင်း၊အမက (၁) ကျောင်းဆောင်တို့ကို ဆေးဖြန်းရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More

  27/ May/ 2020

နှာခေါင်းစည်းများတပ်ရေးအသိပညာပေးလှုပ်ရှားမှုတွင် ကြက်ခြေနီကပါဝင်ကူညီ

ဘားအံမြို့ မေ ၂၇ ဘားအံမြို့ပေါ်ရှိလူသွားလာများလျက်ရှိသော မြို့နယ်ဌာနဆိုင်ရာစုပေါင်းရုံးရှေ့၊ ဘုရားကြီးဝန်းရှေ့နှင့် ကမ်းနားလမ်း ယာယီပျံကျစျေး ၃နေရာတို့တွင် နှာခေါင်းစည်းများတပ်ဆင်ရေးလှုပ်ရှားမှုအသိပညာပေးရေးတွင် ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့်နှင့် ဒုတိယမြို့နယ်တပ်ဖွဲ့မှူးဒေါ်တင်မာနွယ်တို့ ဦးဆောင်သော စေတနာလုပ်အားရှင် ၆ ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့တွင် ဘားအံမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နှာခေါင်းစည်းများစနစ်တကျ တပ်ရန်၊ နှာခေါင်းစည်းများမပါရှိသူများ၊ မတပ်လာသူများအားနှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  26/ May/ 2020

16th Information Sharing on COVID-19 (Eng version)

Read More

  25/ May/ 2020

ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန်ဆေးဖြန်းပုံး နှင့် ပိုးသတ်ဆေးလှူဒါန်း

နေပြည်တော်၊မေ ၂၅

ပြည်ထောင်စုနယ်မြေနေပြည်တော်တွင်COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက်
လိုအပ်သည့်ပစ္စည်းများကို အလှူရှင်များကလှူဒါန်းလျှက်ရှိရာ၂၀၂၀ပြည့်နှစ်၊မေလ ၂၃ ရက်နေ့က နေပြည်တော်ဇဗ္မူသီရိမြို့နယ် အ.ထ.က(၆) အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်နိုင်ဦးက
ဆေးဖြန်းပုံး နှင့် ပိုးသတ်ဆေး (၅) ဂါလံ တစ်ပုံး(စုစုပေါင်းတန်ဘိုး ကျပ် ၆၀၀၀၀) အားလာရောက်လှူဒါန်းခဲ့ရာ ဒက္ခိဏခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးမိုးက လက်ခံရယူခဲ့ကြောင်းသိရှိရပါသည်။

ယခုကဲ့သို့ ဆေးဖြန်းပုံး နှင့် ပိုးသတ်ဆေးများလှူဒါန်းပေးပါသော ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်နိုင်ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်။

 

Read More