|
RMS

  20/ Mar/ 2020

ဧရာဝတီတိုင်းတွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်း၊ မတ်လ ၂၀ ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုကူညီရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဈေးများ၊ ကားဂိတ်များ၊ ဘူတာ၊ တက္ကသိုလ်နှင့် လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ပိုစတာများ စတစ်ကာများ ဖြန့်ဝေခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောသန့်စင်ရန်တိုက်တွန်းနှိုးဆော်ခြင်း၊ လက်သန့်စင်ဆေးရည်အသုံးပြုစေခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၂၀ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။ အလားတူ ဧရာဝတီတိုင်းအတွင်းရှိ ဘိုကလေး၊ အင်္ဂပူ၊ ရေကြည်၊ ဝါးခယ်မ၊ ပုသိမ်၊ လပွတ္တာ အစရှိသည့် မြို့နယ်များတွင်လည်း သက်ဆိုင်ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19အသိပညာပေးဟောပြောခြင်းများ၊ ရောဂါကာကွယ်ရေးဆောင်ရွက်ခြင်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဈေးများ၊ ကျောင်းများ၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ၂၀၂၀ပြည့်နှစ် မတ်လဆန်းမှစတင်ကာ ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  19/ Mar/ 2020

ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

လွိုင်ကော်၊ မတ်လ ၁၉

ကယားပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးတင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လွိုင်ကော်လေဆိပ်တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ၂၀၂၀ပြည့်နှစ် မတ်လ ၁၉ရက်နေ့မှစတင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  16/ Mar/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ မတ်လ ၁၆

ပြည်နယ်၊တိုင်း၊ခရိုင်၊မြို့နယ် အသီးသီးရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၀ပြည့်နှစ် မတ်လ ၁၃ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန၏ ရပ်ရွာလူထု အခြေပြုကျန်းမာရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းပိုမိုမြင့်မားရေးစီမံကိန်းရုံးတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းနှင့် သတင်းအချက်အလက်များဝေမျှခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ၊ CBHR စီမံကိန်းဝန်ထမ်းများ၊ လူထုအခြေပြုဌက်ဖျားရောဂါကာကွယ်ရေးစီမံကိန်းမှ ဝန်ထမ်းများ၊ MSI အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း (၂၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့က တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၉)ဦးတို့သည် တနင်္သာရီမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများနှင့်လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဝေခြင်း၊ ပိုစတာများကပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့တွင် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများကို သပြေချောင်းတပ်နယ်ဈေး၊ ဇဟာကျေးရွာ၊ မောင်မယ်ရှောင်ကျေးရွာနှင့် အာဇာနည်လမ်း တို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။

အလားတူ ၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့က ညောင်လေးပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ဒုတိယတပ်ဖွဲ့မှူး ဒေါ်စန်းစန်းမော်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀)ဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ညောင်လေးပင်မြို့နယ်အတွင်းရှိ လူစည်ကားရာ ဈေးများ၊ ဈေးပတ်ဝန်းကျင်ရှိ ဈေးသွားဈေးလာများ၊ အဝေးပြေးကားဂိတ်ရှိ ခရီးသွားများအား COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ထို့ပြင်၂၀၂၀ပြည့်နှစ် မတ်လ၁၆ရက်နေ့က တောင်ကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယတပ်ဖွဲ့မှူး ဦးရန်အောင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့သည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့်အတူပူးပေါင်းကာ တောင်ကုတ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းများဝေခြင်း၊ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  15/ Mar/ 2020

ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများကို ပူးပေါင်း ဆောင်ရွက်

လပွတ္တာ၊ မတ်လ ၁၅ ၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့က လပွတ္တာမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အခြားလူမှူရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ ရေပေါ်ဈေးသင်္ဘောဆိပ်၊ မင်းခွေတံတားသင်္ဘောဆိပ်၊ ရေပေါ်ဈေး၊ အမှတ်(၁)ရပ်ကွက်ဈေး၊ ကုန်းလေးဈေး၊ ကားဂိတ်များ၊ တည်းခိုခန်းများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ပိုစတာနှင့် စတေကာများ ကပ်ခြင်း တို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  12/ Mar/ 2020

ကြက်ခြေနီမှ အိမ်မဲမြို့တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်

အိမ်မဲ၊ မတ်လ ၁၂ရက် အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အိမ်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုရေးအသင်းများနှင့်အတူ မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့က လုပ်ဆောင်ခဲ့ကြသည်။

Read More

  12/ Mar/ 2020

ကရင်ပြည်နယ်တွင် ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

ကရင်ပြည်နယ်၊ မတ်လ ၁၅

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် မို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးကျော်သူရဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို အခြားမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ မြို့မဈေး၊ နာရီစင်နှင့် နယ်စပ်ဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။ အလားတူ မတ်လ၁၅ရက်နေ့က ဘုရားသုံးဆူမြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးမြင့်နိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့မှ အဆိုပါမြို့ရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် ခရီးသွားများကို ကိုယ်အပူချိန်တိုင်းခြင်းနှင့် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းကို ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၀ပြည့်နှစ် မတ်လ ၁၅ရက်နေ့တွင် ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့မြို့နယ်ယာယီကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာမြင့်သိန်းထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၂၂)ဦးတို့သည် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ လမ်းဆုံလမ်းဂွများတွင် အသိပညာပေးခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  05/ Mar/ 2020

The International Humanitarian Service Award is presented to Myanmar Red Cross Society

ရန်ကုန်၊ မတ်လ ၄ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့်အလုပ်အမှုဆောင်များ ဖြစ်သည့် ဒေါက်တာတင်ညွန့်နှင့် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့နှင့် အတူ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန်ကြက်ခြေနီအသင်းရုံးချုပ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ (၄) ရက်နေ့က အမေရိကန်ကြက်ခြေနီအသင်းမှ ချီးမြှင့်သည့် “အပြည်ပြည်ဆိုင်ရာလူမှုကရုဏာလုပ်ငန်းဆု (The International Humanitarian Services Award)” ကို အသင်းကိုယ်စားလက်ခံရယူခဲ့ပါသည်။ အဆိုပါဆုလက်ခံရရှိခဲ့ခြင်းမှာ အသင်းက နိုင်ငံတစ်ဝန်းတွင် လူမှုကရုဏာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူများနှင့်အညီ လူသားချင်းစာနာထောက်ထားမှု၊ လူသားဂုဏ်သိက္ခာတန်ဖိုးထားနိုင်မှု၊ လေးစားမှု၊ စိတ်ပိုင်းနှင့်် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်မှုနှင့် ကူညီဆောင်ရွက်ပေးခဲ့မှုများကြောင့် အမေရိကန်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပေးအပ်သည့်ဆုဖြစ်ပါသည်။

Read More

  01/ Mar/ 2020

Our Red Cross Volunteer from Hinthada Township Red Cross Branch delivered the relief items to the fire victims

ဟင်္သာတ၊ မတ်လ ၁ရက် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့က ဟင်္သာတမြို့နယ် ဘုရားကြီးရပ်ကွက် ကုန်ရုံလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၁၀)စု အိုးအိမ်ဆုံးရှုံးခဲ့ရသည်။ ၂၀၂၀ပြည့်နှစ် မတ်လ၁ရက်နေ့တွင် အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ ဒုဥက္ကဌ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ စောင်၊ ခြင်ထောင်၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တူများကို မီးဘေးသင့်အိမ်ထောင်စု၁၀စုစာအတွက်ထောက်ပံ့ပေးခဲ့ပါသည်။

Read More