|
RMS

  03/ Feb/ 2024

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများတွင် အထောက်အပံ့ပေးရန်အတွက် လိုအပ်သော အီလက်ထရောနစ်ပစ္စည်းများကို ၀ယ်ယူနိုင်ရန် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ ၂။ တင်ဒါပုံစံများထုတ်ယူရမည့်အချိန်နှင့်နေ့ရက် - (၅.၂.၂၀၂၄)ရက်၊ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ တင်ဒါပုံစံများနောက်ဆုံးထုတ်ယူရမည့်အချိန်နှင့်နေ့ရက် - (၁၃.၂.၂၀၂၄)ရက်၊ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ တင်ဒါပုံစံများနောက်ဆုံးတင်သွင်းရမည်အချိန်နှင့်နေ့ရက် - (၂၀.၂.၂၀၂၄)ရက်၊ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ တင်ဒါပုံစံများကို ထုတ်ယူရမည့်နေရာ - မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်ရုံး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်၀ယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ အမှတ်-၄၂၊ ကမ်းနားလမ်း၊ စတုတ္ထအထပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ၃။ တင်ဒါစည်းမျဉ်း စည်းကမ်းချက်များနှင့် လုပ်ငန်းများအသေးစိတ်ကို သိရှိရန် ဖုန်းအမှတ် - ၀၁ ၈၃၉၂၀၂၈၊ ၈၃၉၂၀၂၉၊  ၈၃၉၂၀၃၀ (လိုင်းခွဲ-၁၁၉)၊ ဦးကြည်သာအောင်ခြိမ့် - ၀၉ ၈၉၅၃၈၅၇၇၀ သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  19/ Jan/ 2024

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အသင်း၏ Core Structure ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းဆိုင်ရာအတိုင်ပင်ခံ (Consultancy Service for Revision of Core Structure of Myanmar Red Cross Society) ငှားရမ်းဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံများ ထုတ်ယူရမည့်နေ့ရက်နှင့်အချိန် - ၁၂-၁-၂၀၂၄ (ရုံးချိန်အတွင်း)
တင်ဒါပုံစံများနောက်ဆုံးတင်သွင်းရမည့်နေ့ရက်နှင့်အချိန် - ၂၆-၁-၂၀၂၄ (ရုံးချိန်အတွင်း)
တင်ဒါပုံစံများ ထုတ်ယူရမည့်နေရာ - မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)၊ အမှတ်(၄၂)၊ စတုတ္ထအထပ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ဦးသန်းဇော်၊ ဒုတိယ ညွှန်ကြားရေးမှူး
ဖုန်းနံပါတ် - ၀၁ ၈၃၉၂၈~၃၀ (လိုင်းခွဲ-၁၁၉)၊ ၀၉ ၄၂၀၀ ၉၇ ၄၀၉
Email: mrcslogistics@redcross.org.mm
၃။ တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့် လုပ်ငန်းအသေးစိတ်အား သိရှိလိုပါက အထက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ
မြန်မာနိုင်ငံကြက်ခြေနီအသင်း
 

Read More

  16/ Jan/ 2024

Prof. Dr. Myo Nyunt, the President of the Myanmar Red Cross Society, attended the opening ceremony of communication training for Red Cross Volunteers from the Ayeyarwaddy Region

ရန်ကုန်၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ပြုလုပ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Head of Delegation Ms. Nadia Khoury က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။
ဇန်နဝါရီလ(၁၆)ရက်နေ့မှ ဇန်နဝါရီလ(၁၈)ရက်နေ့အထိ (၃)ရက်တာ ပြုလုပ်လျက်ရှိသော အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀)ဦး တက်ရောက်လျက်ရှိပါသည်။
ပြောင်းလဲလာသည့် ခေတ်စနစ်နဲ့အညီ အသင်း၏ ပြန်ကြားဆက်သွယ်ရေး အခန်း ကဏ္ဍနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ အရည်အသွေး မြှင့်တင်စေရန်၊ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများကို အပြုသဘော ဆောင်သော ပြန်ကြားဆက်သွယ်ရေး အခန်းကဏ္ဍ တိုးမြှင့်စေရန်၊ ကြက်ခြေနီပုံရိပ်ကောင်းများရရှိစေရန်အတွက်အသင်းဌာနချုပ်နှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်များအကြား အချင်းချင်း ချိတ်ဆက်ကာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများကို ပီပြင်စွာ ဆောင်ရွက်နိုင်စေရန်၊အပြုသဘောဆောင်သည့် သတင်းအချက်အလက်များကို ပြန်ကြားဆက်သွယ်ခြင်းဖြင့် အလှူရှင်များ၊ အသင်းဝင်များ တိုးပွားလာစေရန်နှင့် ပူးပေါင်း ပါဝင်လာစေရန် ပြန်ကြားဆက်သွယ်ရေးနည်းလမ်းများမှတဆင့် တစ်ဖက် တစ်လမ်းမှပံ့ပိုးကူညီနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးသင်တန်းကိုမွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဖွင့်လှစ်ခဲ့ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက်လည်း ဆက်လက် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
 

Read More

  13/ Jan/ 2024

Professor Dr. Myo Nyunt, the president of the Myanmar Red Cross Society, attended the ceremony for the delivery of supporting items.

တောင်ကြီး၊ ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၁၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကိုဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီက ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ အသင်းဥက္ကဋ္ဌ က လိုအပ်သည့် လမ်းညွှန်မှုများ ပေးခဲ့ပါသည်။
ထို့နောက်အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေးတို့က ရပ်စောက်၊ ဆီဆိုင်၊ နမ့်စန်၊ လဲချားမြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် အောင်ပန်းမြို့ကြက်ခြေနီ အသင်းခွဲငယ်တို့အတွက် Ambulance Stretcher Trolley များကို လည်းကောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ လဲချားမြို့နယ် ကြက်ခြေနီအသင်းခွဲများအတွက် အရေးပေါ် လူနာတင်ယာဉ်ဝတ်စုံများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲ အတွက် (၁၆၀ပေx ၆၀ပေ) မြေကွက် လှူဒါန်းသည့် ဦးစိုင်းဆိုင်လင်မိန်းအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါ သည်။ ယင်းနောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် အသင်းချုပ်ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည်ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြား ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပိုင်အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တောင်ကြီးခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ နမ့်စန်၊ လဲချားနှင့် မိုင်းရှူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အောင်ပန်းမြို့ကြက်ခြေနီ အသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် Oxygen Plant တည်ဆောက်ရန် မြေနေရာ လှူဒါန်းသည့် အလှူရှင်များ တက်ရောက်ခဲ့ပါသည်။

Read More

  01/ Jan/ 2024

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာ မျိုးညွန့်၏ နှစ်သစ်နှုတ်ခွန်းဆက်စကား

ချစ်ခင်အားထားရပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်တပ်ဖွဲ့ဝင်များ ခင်ဗျာ -
ဒီနေ့ဟာ မင်္ဂလာရှိလှတဲ့ ၂၀၂၄ ခုနှစ် နှစ်သစ်ကို စတင်မည့် နေ့ရက်ကောင်းဖြစ်ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ ဒီလိုမင်္ဂလာရှိတဲ့ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည်စုံကာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက် ပါတယ်။
ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ထောင်ပေါင်းများစွာသော ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ အကြောင်း အမျိုးမျိုးကြောင့် ဘေးအန္တရာယ်အမျိုးမျိုး၊ ပဋိပက္ခအမျိုးမျိုးနဲ့ ကပ်ရောဂါဆိုးတွေကြောင့် ထိခိုက်ခံစားရသူ တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို တတ်စွမ်းသမျှ လက်လှမ်းမီသရွေ့ ကူညီ ဆောင်ရွက်ပေးနေကြတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိသလို တစ်ဖက်မှာလည်း အချို့သော ကြက်ခြေနီ စေတနာလုပ်အားရှင်တွေ ကိုယ်တိုင်ပင်လျှင် အကူအညီပေးရင်း ဘေးအန္တရာယ်ခံစားခဲ့ကြရတာကို တွေ့မြင် ကြားသိ ခဲ့ရတဲ့အတွက်လည်း စိတ်နှလုံး မချမ်းမြေ့ဖြစ်ခဲ့ရပါတယ်။
နိုင်ငံအတွင်းမှာလည်း ဒေသအသီးသီးက ကြက်ခြေနီစေတနာလုပ်အားရှင်များက ကျရာအခန်းကဏ္ဍမှာ ပါဝင် ကူညီလုပ်ဆောင်ပေးနေကြတဲ့အတွက် အထူးပင်ကျေးဇူးတင်ဂုဏ်ယူရပါတယ်။ အသင်းအနေဖြင့်လည်း ကိုယ့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေရဲ့လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်သော်လည်း လက်လှမ်းမီသ၍ ထောက်ပံ့ပေးနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆက်လက်ပြီးလည်း ကျွန်တော်တို့ရဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေရဲ့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေမည့် သင်တန်းများ၊ နည်းပညာများ၊ ရှေးဦးပြုစု ခြင်းဆိုင်ရာ အထောက်အကူပစ္စည်းများကိုလည်း ပံ့ပိုးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ဒေသအလိုက် မိမိတို့ အခန်းကဏ္ဍ အသီးသီးမှာ ရပ်ရွာလူထု အတွင်း တတ်နိုင်သည့်ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ရင်း အရေးကြီးဆုံးဖြစ်တဲ့ ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံ နိုင်စွမ်းမြင့်မားရေးအတွက် ဝိုင်ဝန်းကြိုးစား လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ -
ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီနှင့် အများပြည်သူ အတူလက်တွဲကာ ပိုမိုကျန်းမာကြံ့ခိုင် သော လူမှုဘဝ ပတ်ဝန်းကျင်မှာနေထိုင်ရင်း ထပ်မံကြုံတွေ့လာနိုင်သည့် ဘေးဒုက္ခအန္တရာယ်များအတွက် ကြို တင်ပြင်ဆင်မှုနှင့် ထိရောက်တဲ့ တုံ့ပြန်နိုင်မှုတို့အပေါ် တာဝန်သိမှု၊ တာဝန်ယူမှု အပြည့်ဖြင့် အသင်း၏ ဂုဏ် သိက္ခာနှင့် ပုံရိပ်ကို ထိန်းသိမ်းကာ ကြက်ခြေနီအခြေခံမူ(၇)ချက်နဲ့အညီ မွန်မြတ်လှတဲ့ လူမှုကရုဏာခရီးလမ်း ကို မည်သို့သော စိန်ခေါ်မှု၊ အခက်အခဲများ ကြုံတွေ့စေကာမူ ကျွန်တော်တို့အားလုံး အတူတကွ ဖြေရှင်း ကျော်လွှား ကြရအောင်ပါ။
တဆက်တည်းမှာပဲ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရပ်ရွာလူထုအတွက် ဆောင်ရွက်နေတဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းတွေ အတွက် လူအား၊ ငွေအား၊ ပစ္စည်းအားဖြင့် တတ်စွမ်းသရွေ့ ပံ့ပိုးကူညီပေးနေကြတဲ့ ပြည်တွင်းက အလှူရှင်များ၊ နိုင်ငံတကာက အလှူရှင်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ အပြည် ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများ အားလုံး ကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ရပ်ရွာလူထုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါတယ်။
၂၀၂၄ ခုနှစ် နှစ်သစ်မှစကာ ကြက်ခြေနီ အခြေခံမူ(၇)ချက်နှင့်အညီ ပြည်သူလူထုအတွက် လူသားချင်း စာနာ ထောက်ထားမှု လုပ်ငန်းများကို ကျွန်ုပ်တို့အတူ ဆောင်ရွက်ရင်း အသင်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ဆက်လက် ထိန်းသိမ်းကြပါစို့လို့ ဆန္ဒပြုရင်း နှစ်သစ်အခါသမယမှာ ကျန်းမာပျော်ရွှင် လိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။
ပါမောက္ခဒေါက်တာမျိုးညွန့်
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  27/ Dec/ 2023

The Myanmar Red Cross Society has provided financial support to the communities affected by flooding in the Magway Region

ဆင်ဖြူကျွန်း၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့်ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့၏ ပံပိုးကူညီမှုဖြင့် ကန်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဥ်အရ မကွေးတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုအား ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့မှ (၂၃) ရက်နေ့အတွင်း စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင်ပြုလုပ်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌပါမောက္ခဒေါက်တာဒေါ်ချောခင်နှင့်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့ ဦးဆောင်မှုဖြင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်မှ ဝန်ထမ်းများက ကူညီဆောင်ရွက်ခဲ့ကြပြီး ဆင်ဖြူကျွန်းမြို့အတွင်းရှိ ပြည်တော်သာကျေးရွာမှ အိမ်ထောင်စုပေါင်း (၁၂၆)စု၊ မြောက်ရှားတောကျေးရွာမှ အိမ်ထောင်စုပေါင်း(၁၂၅)စုနှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၁၀၁)စု၊ အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၇၇)စု၊ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၁၆၈)စုဖြင့် စုစုပေါင်းအိမ်ထောင်စု(၅၉၇)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ငွေသားကျပ် (၂)သိန်းစီဖြင့် စုစုပေါင်းငွေသား (၆၉,၂၀၀,၀၀၀)ကျပ်ကို ထောက်ပံ့ကူညီခဲ့ပါ သည်။ အသင်းအနေဖြင့် ဆင်ဖြူကျွန်းမြို့နှင့်ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စုများ ကန်သတ်ချက်မဲ့ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာနိုဝင်ဘာလ(၂၂)ရက်မှဒီဇင်ဘာလ(၂၃)ရက်နေ့အတွင်း အိမ်ထောင်စုပေါင်း(၁,၉၇၀)စုအတွက်စုစုပေါင်းငွေသား(၃၉၄,၀၀၀,၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

Read More

  20/ Dec/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ဖွင့်လှစ်သော General Logistics and Supply Chain Management Training နှင့် Road Safety & Fleet Managment Training သင်တန်းများဖွင့်ပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့တွင်ကျင်းပရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်မောင်လှိုင်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အချိန်ပြည့်အလုပ်အမှုဆောင်နှင့်အတူ စီမံခန့်ခွဲရေးဌာနညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်အိအိထွေးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းများကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှ ဒီဇင်ဘာလ(၂၀)ရက်နေ့အထိ (၃)ရက်တာ ပြုလုပ်လျက်ရှိရာ General Logistics and Supply Chain Management Training သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား/သူ (၂၂) ဦး တက်ရောက်လျက်ရှိပြီး Road Safety & Fleet Managment Training သင်တန်းသို့ ကြက်ခြေနီလူနာတင်ယာဉ်ဝန်ဆောင်မှု ဆောင်ရွက်နေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ယာဉ်မောင်းများ စုစုပေါင်း သင်တန်းသား(၂၂) ဦး တက်ရောက်လျက် ရှိပါသည်။

Read More

  19/ Dec/ 2023

ယာယီနေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေး

ညောင်လေးပင်၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အကူအညီလိုအပ်သည့် ရပ်ရွာလူထုအတွက် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ကူညီပေးလျက်ရှိရာပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ ရောက်ရှိနေကြသော အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ ကူညီနေမှုများကို အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် နှင့်အဖွဲ့သည် ဩဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
 
ထိုသို့ထောက်ပံ့ရာတွင် ညောင်လေးပင်မြို့ ယာယီနေရပ်စွန့်ခွာစခန်း(၅)ခုရှိ အိမ်ထောင်စု(၇၅)စုမှ ပြည်သူ (၂၇၄)ဦးအတွက် အဝတ်အထည်၊ ဖျာ၊ စောင်၊ခြင်ထောင်၊ ခေါင်းအုံး ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ အမျိုးသား တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသမီး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းစသည့် အသုံးအ‌ဆောင်ပစ္စည်း(၉)မျိုးတို့ကို ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၆)ဦးကကူညီ ထောက်ပံ့ပေးခဲ့ရာ အသင်းဥက္ကဌနှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟန်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။

Read More