|
RMS

  09/ Oct/ 2023

The President of the Myanmar Red Cross Society, Prof. Dr. Myo Nyunt attended Norwegian Red Cross’ 42. General Assembly

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် အောက်တိုဘာလ(၅)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ ကျင်းပခဲ့သော Norwegian Red Cross’ 42. General Assembly သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက်ခဲ့ပါသည်။ ညီလာခံအကြိုနေ့ အောက်တိုဘာလ(၄)ရက်နေ့တွင် အသင်းဥက္ကဌသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စား နိုင်ငံတကာနှင့်ချိတ်ဆက်နိုင်ရေးအတွက် နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာအသင်း၏ ဆောင်ရွက်ချက်များကို ဝေမျှခဲ့ပြီး နော်ဝေနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထို့အတူ International Programs and Preparedness Director ဖြစ်သူ Mr. Jorgen Haldorsen နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုဆွေးနွေးခဲ့ပါသည်။ ညီလာခံအတွင်း ကမ္ဘာလုံးဆိုင်ရာကြက်ခြေနီလှုပ်ရှားမှုများကို ဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များကို တင်ပြခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အရေးပေါ်တုန့်ပြန်ရေး သိုလှောင်ရုံကိုလေ့လာခဲ့ပါသည်။ ထို့အပြင် Ministry of Foreign Affair (MFA) NorCross Humanitarian ဌာနခွဲ ကိုယ်စားလှယ်များနှင့် အစည်းအဝေး၏ Panel Discussion တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ Ethiopia Red Cross Society ဥက္ကဌ နှင့် Sudanese Red Cresent Society  အထွေထွေအတွင်း ရေးမှူးတို့က ပါဝင်ဆွေးနွေးခဲ့ရာတွင် အသင်းဥက္ကဌက မြန်မာနိုင်ငံတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ၊ MFA အထောက်အပံ့အသုံးပြုမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် အရေးကြီးသောအချက်များကို အဓိကထား ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးကာလများအတွင်း အသင်းဥက္ကဌသည် နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့်အတူ ကြက်ခြေနီလှုပ်ရှားမှုများ ဆွေးနွေးရာတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်စပ် အကြောင်းအရာများ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Read More

  23/ Sep/ 2023

The President of the Myanmar Red Cross Society, Prof. Dr. Myo Nyunt, participated in the 20th South-East Asia Leaders Meeting and the 2nd Southeast Asia RCRC Youth Forum

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့မှ စက်တင်ဘာလ(၂၂)ရက်နေ့အထိ ကျင်းပခဲ့သော 20thSouth – East Asia Leader Meeting နှင့် 2nd Southeast Asia RCRC Youth Forum အစည်းအဝေးများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာ မျိုးညွန့် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အသင်းဥက္ကဌက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များကို အရှေ့တောင်အာရှ ကြက်ခြေနီလခြမ်းနီ အမျိုးသားအသင်းများအား ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါအစည်းအဝေးမှ လူငယ်ကြက်ခြေနီများ၏ လူငယ်နှီးနှောဖလှယ်ပွဲ ရလဒ် များ၊ ဆွေးနွေးချက်များကို အားပေးဆွေးနွေးနိုင်ခဲ့ခြင်း၊ ယဉ်ကျေးမှုမတူညီသည့် နိုင်ငံများအချင်းချင်း လိုက်လျောညီစွာ နေထိုင်နိုင်ခြင်းအတွက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ အမျိုးသားအသင်းခေါင်းဆောင်များမှ လူငယ်ကြက်ခြေနီလှုပ်ရှားမှု များကို တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးမည့် ကတိကဝတ် ရရှိခဲ့ခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ အသင်းဥက္ကဌ နှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် အဖွဲ့ဝင်(၂)ဦး၊ လူငယ်ကိုယ်စားလှယ်(၂)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။

Read More

  16/ Sep/ 2023

The President of the Myanmar Red Cross Society, Prof. Dr. Myo Nyunt attended 2023 Movement Induction course (MIC)

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလလမ်ပူမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့မှ စက်တင်ဘာလ(၁၅)ရက်နေ့အထိ ကျင်းပခဲ့သော 2023 Movement Induction course(MIC)သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ MIC သို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ ဒေါက်တာတင်မောင်လှိုင်၊ ဒေါက်တာစိုးလှိုင်နှင့် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့် တို့ပါဝင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းထားသည့် ရန်ပုံငွေများကို အချိန်မီသုံးစွဲခြင်းနှင့် အစီရင်ခံခြင်း၊ အချိန်မီအသုံးပြုရေးအတွက် စီမံခန့်ခွဲမှုအဆင့်များ၊ နိုင်ငံတကာတွင် ရပ်တည်ခြင်းနှင့် အလုပ် အမှုဆောင် အဖွဲ့ဝင်များနှင့် အထွေထွေအတွင်းရေးမှူးရုံး၏ တာဝန်များ၊ ရန်ပုံငွေလိုအပ်ချက် များတိုးတက်ကောင်းမွန်စေရေးတို့ကိုဆွေးနွေးခဲ့ပါသည်။ ထို့အပြင် IFRC အာရှပစိဖိတ်ဒေသရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် လိုက်နာမှုရှိမရှိ စောစီးစွာ သိရှိနိုင်မည့် စနစ်တီထွင်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သံတမန်ရေးရာစသည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ပါသည်။ အသင်းဥက္ကဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် Malaysia Red Cross Society ၏ လူငယ်လှုပ်ရှားမှုများ၊ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး (Vaccination and Health Unit)၏ အောင်မြင်မှုများ၊ ရွှေ့ပြောင်းနေထိုင်ခြင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေး လုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။

Read More

  20/ Jun/ 2023

ရခိုင်ပြည်နယ်ရှိ သောက်သုံးရေလိုအပ်သောနေရာများသို့ ကြက်ခြေနီက သောက်သုံးရေဆက်လက်ဖြန့်ဝေ

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၀)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်ရှိ သောက်သုံးရေလိုအပ်သောနေရာများသို့ သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ ဆောင်ရွက်လျက်ရှိပါသည်။ သောက်သုံးရေဖြန့်ဝေပေးရာတွင် ဇွန်လ(၂၀)ရက်နေ့က စစ်တွေမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော နေရာများသို့ ရေလီတာ(၁၅,၀၀၀)၊ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံရှေ့ရေပေးဝေရာတွင် ရေလီတာ(၃,၉၈၀)ဖြင့် စုစုပေါင်းသောက်သုံးရေ လီတာ(၁၈,၉၈၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
အလားတူ ကျောက်တော်မြို့နယ်၊ ချမ်းမြေ့နဒီပန်းခြံရှေ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေပေးဝေရာနေရာတွင်ရေလီတာ(၁,၀၀၀) တို့ကို ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရေလိုအပ်သည့်နေရာများသို့ လက်လှမ်းမီသရွေ့သွားရောက်ကာ နေ့စဉ်ရေပေးဝေလျက်ရှိသလို၊ ကောင်းမွန်တဲ့ရေအရင်းမြစ်ရရှိအောင် ကူညီပေးနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
[gallery display="grid" targetsize="wcstandard" link="file" columns="2" ids="15617,15618,15619,15620,15621,15622"]

Read More

  16/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများအတွက် အလှူငွေ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၃)ရက်။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများ အတွက် အလှူငွေ လှူဒါန်းပွဲကို ဇွန်လ(၁၃)ရက်နေ့ နေ့လယ်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲတွင် အလှူရှင် ဒေါ်မို့မို့ငြိမ်းက လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး အလှူငွေ ကျပ် ၁,၀၀၀,၀၀ဝိ/ကို လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူကဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ LifePlus (Lujee Venture Capital Limited)မှ ကျပ် ၂၀၀,၀၀၀ိ/ တန်ဖိုးရှိ ဆေးဝါးများကို ဇွန်လ(၁၂)ရက်နေ့က ဒုတိယအကြိမ်အဖြစ် လာရောက် လှူဒါန်းခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  16/ Jun/ 2023

The President of the Myanmar Red Cross Society, Prof. Dr. Myo Nyunt attended Dialogue Platform on Anticipatory Humanitarian Action meeting held in Nepal

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည် အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းနှင့် အဖွဲ့ဝင်(၂)ဦး တို့နှင့်အတူ  နီပေါနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့မှ ဇွန်လ(၁၅)ရက်နေ့အထိ ကျင်းပခဲ့သော Dialogue  Platform on Anticipatory Humanitarian Action အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးက “Anticipation for heatwaves in urban areas”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အစည်းအဝေး၏ Side Meeting တွင် အသင်းဥက္ကဌနှင့် အချိန်ပြည့်အလုပ်အမှုဆောင်တို့သည် IFRC မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကိုတက်ကြွစွာဆွေးနွေးခဲ့ပါသည်။ အဆိုပါ Side Meeting သို့ အသင်းဥက္ကဌ ၊ အချိန်ပိုင်း အလုပ်အမှုဆောင်နှင့်အတူ  နီပေါနိုင်ငံ Head of IFRC country office ဖြစ်သူ Mr. Azmat Ulla ၊ External Relations and Liaison Manager (Country Delegation Nepal) ဖြစ်သူ Mr. Krishna Kumar K.C ၊ Country coordinator (Swiss Red Cross, Nepal)ဖြစ်သူ Mr. Kamal Baral ၊ Health Program Manager (Canadian Red Cross, Nepal) ဖြစ်သူ Mr.Ramesh Neupane တို့လည်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးကာလအတွင်း အသင်းဥက္ကဌနှင့် အဖွဲ့သည် Nepal Red Cross အတွင်းရှိ Nepal Blood Bankကိုလည်းကြည့်ရှုလေ့လာခဲ့ပါသည်။  

Read More

  15/ Jun/ 2023

ရခိုင်ပြည်နယ်ရှိ သောက်သုံးရေလိုအပ်သောနေရာများသို့ ကြက်ခြေနီက သောက်သုံးရေဆက်လက်ဖြန့်ဝေ

ရခိုင်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်ရှိ သောက်သုံးရေလိုအပ်သောနေရာများသို့ သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ ဆောင်ရွက်လျက်ရှိပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် ဇွန်လ(၁၃)ရက်နေ့က စစ်တွေမြို့နယ် အမြင့်ကျွန်ကျေးရွာတွင် ရေလီတာ(၃,၅၀၀)၊ ရွှေပြည်သာရပ်ကွက်တွင် ရေလီတာ(၅,၇၀၀)နှင့်ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံရှေ့ ရေပေးဝေရာတွင် ရေလီတာ(၃,၅၀၀)ဖြင့် စုစုပေါင်းသောက်သုံးရေ လီတာ(၁၂,၇၀၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
အလားတူ ကျောက်တော်မြို့နယ်၊ ချမ်းမြေ့နဒီပန်းခြံရှေ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေပေးဝေရာ နေရာတွင်ရေလီတာ(၇၆၀)ကို ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရေလိုအပ်သည့်နေရာများသို့ လက်လှမ်းမီသရွေ့
သွားရောက်ကာ နေ့စဉ်ရေပေးဝေလျက်ရှိသလို၊ ကောင်းမွန်တဲ့ရေအရင်းမြစ်ရရှိအောင် ကူညီပေးနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

Read More

  15/ Jun/ 2023

တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအသိပညာပေးဆောင်ရွက်

စစ်တွေ၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၄)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးခြင်း၊ ပြည်သူလူထု ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ်ရွေ့လျားဆေးခန်းဖြင့်ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
စစ်တွေမြို့နယ်၊ ရွှေပြည်သာရပ်ကွက်တွင် ဇွန်လ(၁၃) ရက်နေ့ ညနေပိုင်းက သောက်သုံးရေဖြန့်ဝေခဲ့ရာ အဆိုပါနေရာသို့ သောက်သုံးရေလာရောက်ယူဆောင်သည့် ရပ်ကွက်နေပြည်သူများအား အသင်းဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး သိကောင်းစရာများ အသိပညာပေး ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  15/ Jun/ 2023

စလင်းချောင်းရေလျှံမှုကြောင့် ထိခိုက်ခံစားရသည့် ဆင်ဖြူကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကူညီ

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘေးအန္တရာယ်ကျရောက်သူများအား အခြေခံလိုအပ်လျှက်ရှိသော ထောက်ပံ့ပစ္စည်းများကို ကူညီထောက်ပံ့ပေးလျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့နယ်မှ စလင်းချောင်းရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၁၄၀) စုအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ တာပေါ်လင်စများ၊ စောင်များနှင့် သောက်ရေခွက်များကို မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်ချောခင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇွန်လ (၁၃) ရက်နေ့က သွားရောက်ပေးအပ်ခဲ့သည်။

Read More