|
RMS

  30/ Mar/ 2023

(၁၄)ကြိမ်မြောက်မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ပထမနေ့ နေ့လည်ပိုင်း အစီအစဉ်များ ဆက်လက် ကျင်းပ

နေပြည်တော်၊ ၂၀၂၃ခုနှစ်၊ မတ်လ(၃၀)ရက်။
(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ပထမနေ့ နေ့လည်ပိုင်း အစီအစဉ်များကို မတ်လ (၃၀) ရက်နေ့ နေ့လည် (၁း၃၀) နာရီတွင် ဆက်လက် ကျင်းပခဲ့ပါသည်။
အစီအစဉ်အရ ညီလာခံယာယီသဘာပတိ ပါမောက္ခဒေါက်တာအေးအောင် က ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်များ ရွေးချယ်တင်မြှောက်ခြင်းလုပ်ငန်းများကို ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် (၁၄)ကြိမ်မြောက်မြန်မာနိုင်ငံကြက်ခြေနီညီလာခံသက်တမ်း (၂၀၂၃-၂၀၂၆)အတွက် ကြက်ခြေနီလှုပ်ရှားမှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနကိုယ်စားလှယ်များ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်တို့မှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ကိုယ်စားလှယ်များ စုစုပေါင်း(၆၇) ဦး တို့အား ကောင်စီဝင်များအဖြစ်အတည်ပြုပြီး ယင်းတို့အနက်မှ အဆိုပြုထားသည့်အလုပ်အမှုဆောင် (၁၁) ဦးကို ရွေးချယ်တင်မြှောက်ရေး ညွှန်ကြားချက်များနှင့်အညီ ရွေးချယ်ခဲ့ကြပါသည်။
ရွေးချယ်တင်မြှောက်သည့် အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်(၁၁)ဦးမှာ
၁။ ဒေါက်တာမျိုးညွန့် (ဥက္ကဌ အချိန်ပြည့်အလုပ်
အမှုဆောင်)
၂။ ဒေါက်တာဒေါ်တင်တင်လေး (ဒုတိယဥက္ကဌ အချိန်
ပြည့်အလုပ်အမှုဆောင်)
၃။ ပါမောက္ခဒေါက်တာဒေါ်မြသူ (အချိန်ပြည့်အလုပ်
အမှုဆောင်)
၄။ပါမောက္ခဒေါက်တာရီရီတင် (အချိန်ပြည့်အလုပ်
အမှုဆောင်)
၅။ ဒေါက်တာတင်မောင်လှိုင်( အချိန်ပြည့်အလုပ်
အမှုဆောင်)
၆။ ဒေါက်တာမျိုးမြင့်သိန်း( အချိန်ပိုင်းအလုပ်
အမှုဆောင်)
၇။ ဒေါက်တာစိုးလှိုင်( အချိန်ပိုင်းအလုပ်အမှုဆောင်)
၈။ ပါမောက္ခဒေါက်တာမြင့်ဟန်( အချိန်ပိုင်းအလုပ်
အမှုဆောင်)
၉။ ပါမောက္ခဒေါက်တာခင်လှလှ( အချိန်ပိုင်းအလုပ်
အမှုဆောင်)
၁၀။ဦးကျော်မိုးကြည်( အချိန်ပိုင်းအလုပ်အမှုဆောင်)
၁၁။ပါမောက္ခဒေါက်တာမာလာဝင်း( အချိန်ပိုင်းအလုပ်
အမှုဆောင်) တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါသည်။
ယင်းနောက် ညီလာခံယာယီသဘာပတိ ရှေ့မှောက်တွင် အလုပ်အမှုဆောင်အဖွဲ့က ကတိသစ္စာပြုခဲ့ကြပြီး ညီလာခံပထမနေ့ အစီအစဉ်များကို ရပ်နားခဲ့ပါသည်။

Read More

  30/ Mar/ 2023

(၁၄)ကြိမ်မြောက်မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ပထမနေ့ နံနက်ပိုင်း အစီအစဉ်များကျင်းပ

နေပြည်တော်၊ ၂၀၂၃ခုနှစ်၊ မတ်လ(၃၀)ရက်။
(၁၄)ကြိမ်မြောက်မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ပထမနေ့ အစီအစဉ်များကို မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် စတင် ကျင်းပရာ ညီလာခံသဘာပတိအဖြစ် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က ဆောင်ရွက်ခဲ့ပါသည်။
ညီလာခံသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာ အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကောင်စီဝင်များ၊ အသင်းဌာနချုပ်အထွေထွေအတွင်းရေးမှူး၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ အသင်းဌာနချုပ် ဒုတိယအထွေအတွင်းရေးမှူး၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ညီလာခံကိုယ်စားလှယ်များ၊ လူငယ်ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ (၁၃)ကြိမ်မြောက်မြန်မာနိုင်ငံကြက်ခြေနီညီလာခံ သက်တမ်းအတွင်းကောင်စီမှ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများကို သဘာပတိ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဆောင်ရွက်ချက် အစီရင်ခံစာကို ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်က လည်းကောင်း၊ (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံသက်တမ်းအတွင်း ကောင်စီ၏ ဘဏ္ဍာရေး အစီရင်ခံစာကို အချိန်ပြည့်အလုပ်အမှုဆောင် ဦးအောင်မြင့်ဦး ကလည်းကောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ညီလာခံသဘာပတိက (၁၃)ကြိမ်မြောက်မြန်မာနိုင်ငံကြက်ခြေနီညီလာခံ သက်တမ်းကုန်ဆုံးကြောင်း ကြေငြာကာ အဆိုပါသက်တမ်းအတွင်း ကောင်စီဝင်များအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူများအား မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ညီလာခံယာယီသဘာပတိ အဖြစ်တာဝန်ထမ်းဆောင်မည့် ဗဟိုရွေးချယ်တင်မြှောက်ရေးကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာအေးအောင်ထံ လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ညီလာခံယာယီသဘာပတိက (၁၄)ကြိမ်မြောက်မြန်မာနိုင်ငံကြက်ခြေနီညီလာခံသက်တမ်းအတွက်ကောင်စီဝင်များအဖြစ်ရွေးချယ်ခံရသူများကို ကြေငြာပြီး အတည်ပြုခြင်းကို ဆောင်ရွက်ကာ ညီလာခံ ပထမနေ့နံနက်ပိုင်း အစီအစဉ်များကို ရပ်နားခဲ့ပါသည်။

Read More

  30/ Mar/ 2023

(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ၂၀၂၃ခုနှစ်၊ မတ်လ(၃၀)ရက်။
(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ တိုင်း ဒေသကြီး/ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ကြက်ခြေနီကောင်စီဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ညီလာခံကိုယ်စားလှယ်များ၊ လူငယ် ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီ အသင်းများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့စတင်ကျင်းပပြုလုပ်သည့် (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံတွင် မြန်မာနိုင်ငံကြက်ခြေနီ ကောင်စီဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့အသစ်တို့ကို ရွေးချယ်တင်မြှောက် ဖွဲ့စည်းကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သမိုင်းကြောင်းအစဉ်အလာကြီးမြင့်ပြီး နိုင်ငံတော်၏ အရေးကြီးသော ပုံရိပ်တစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ၊ ဘေးဒုက္ခအန္တရာယ် အမျိုး မျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း နိုင်ငံတော်၏ အရန်အင်အားအဖြစ် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားဘဲ မိဘပြည်သူတစ်ရပ်လုံးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကယ်တင်ကူညီ စောင့်ရှောက်ခဲ့သည့် အသင်းဖြစ်ကြောင်း၊ အသင်း၏ ယခင်ဗဟိုကော်မတီဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များကို လည်း မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယခုတာဝန်ယူကြမည်ကောင်စီဝင်များ၊ အလုပ်အမှု ဆောင်အဖွဲ့ဝင်များအနေဖြင့် အသင်း၏ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်ဖြင့် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏အကျိုးကို အစဉ်ရှေးရှု၍ ကျန်းမာရေးဝန်ကြီး ဌာန၏လုပ်ငန်းစဉ်များ၊ လမ်းညွှန်မှုများကိုခံယူ၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှ ရပ်ကွက်ကျေးရွာအဆင့်အထိ ထိထိမိမိ ညှိနှိုင်းပူးပေါင်း ဆောင် ရွက်သွားရန် အလေးထားမှာကြားလိုကြောင်း၊ အသင်း အနေဖြင့် သဘာဝဘေးအန္တရာယ်များ၊ လူ့ပယောဂကြောင့် ဖြစ်ပွားသည့်ဘေးအန္တရာယ်နှင့် အခြားသော အရေးပေါ်ကိစ္စရပ်များတွင် အမျိုးသားအဆင့်ကြိုတင် ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအစဉ်များတွင်ပါဝင်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့်ရောဂါဘယ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားရာတွင်လည်း တပ်ဖွဲ့ဝင်များမှ စွမ်းစွမ်းတမံ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခြင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေး၊ လူမှုကာကွယ်ရေးနှင့် သက်ဆိုင်သော အသိပညာပေး လုပ်ငန်း များတွင် ကျေးလက်ဒေသ အောက်ခြေအထိ ပါဝင်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ အစည်းများ၊ AHAကဲ့သို့သောအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် လှူဒါန်းမှု၊ အကူအညီပေးမှုများဖြစ်စေရန် စီမံဆောင်ရွက် ပေးခြင်း၊ ပြည်သူလူထုအတွင်း လူမှုကရုဏာ၊ စေတနာရှင်၊ လုပ်ငန်းရှင်စိတ်ဓာတ်များ တိုးတက်ထွန်းကားလာစေရေးနှင့် အသိပညာပြန့်ပွားရေးတို့ကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့သည် ကို တွေ့ရှိရ၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ အသင်းအနေဖြင့် ကြက်ခြေနီအခြေခံ“မူ”များနှင့်အညီ ပြည်သူလူထုအတွက်စာနာ ထောက်ထားမှုအကူအညီများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်နှင့် အသင်း ရေရှည်တည် တံ့ခိုင်မြဲပြီးနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးကို ထာဝစဉ်ရှေးရှု၍ လုပ်ငန်း တာဝန် များကို စွမ်းစွမ်းတမံ သယ်ပိုးထမ်းရွက်၍ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က(၁၃)ကြိမ် မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ သက်တမ်းကာလအတွင်း အသင်း၏ လူမှုကရုဏာလုပ် ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို အကျဉ်းချုပ် ရှင်းလင်းတင်ပြသည်။ ထို့နောက် မှတ်တမ်း ဗီဒီယိုကို ပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

Read More

  02/ Feb/ 2023

အိတ်ပိတ်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ဝန်ထမ်းများအတွက် စုပေါင်းအသက်အာမခံနှင့် ကျန်းမာရေးအာမခံထားရန်အတွက် အိတ်ပိတ်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ ၂။ တင်ဒါပုံစံများထုတ်ယူရမည့်အချိန်နှင့်နေ့ရက် - (၂.၂.၂၀၂၃) ရက်၊ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ တင်ဒါပုံစံများနောက်ဆုံးထုတ်ယူရမည့်အချိန်နှင့်နေ့ရက် - (၈.၂.၂၀၂၃) ရက်၊ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ တင်ဒါပုံစံများနောက်ဆုံးတင်သွင်းရမည့်အချိန်နှင့်နေ့ရက် - (၁၆.၂.၂၀၂၃) ရက်၊ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ တင်ဒါပုံစံများကို ထုတ်ယူရမည့်နေရာနှင့် တင်သွင်းရမည့်နေရာ - မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်ရုံးခွဲ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်၀ယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ အမှတ်- ၄၂၊ ကမ်းနားလမ်း၊ စတုတ္ထထပ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ၃။ တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့် လုပ်ငန်းအသေးစိတ်ကိုသိရှိရန် ဖုန်းအမှတ် - ၀၁ ၃၉၂၀၂၈၊ ၃၉၂၀၂၉၊ ၃၉၂၀၃၀ (လိုင်းခွဲ- ၁၁၉) / ၀၉ ၂၆၁၁၂၁၀၇၈ သို့ ရုံးချိန် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီ အတွင်း စုံစမ်းနိုင်ပါသည်။ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  26/ Sep/ 2022

(7) Fundmental Principles of Red Cross Red Crescent Movement

https://www.youtube.com/watch?v=mzQ3855aRs8  

Read More

  26/ Sep/ 2022

Basic first aid training were opened in Yaynangchaung township

ရေနံချောင်း၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ရုံးဆိပ်တောင်ကျေးရွာ ထေရာဂုဏ်ရည် စာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို စက်တင်ဘာလ(၂၄)ရက်နေ့မှ စက်တင်ဘာလ(၂၆)ရက်နေ့အထိ အဆိုပါကျေးရွာ၌ ပြုလုပ်လျက်ရှိပါသည်။
(၃)ရက်တာ ပြုလုပ်လျက်ရှိသည့် သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုခြင်း သိကောင်းစရာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်းသို့ သင်တန်းသား၊ သူ(၅၂)ဦး တက်ရောက်လျက်ရှိပါသည်။

Read More

  21/ Sep/ 2022

Red Cross Volunteers from Mon State provided Ambulance services in local areas

မွန်၊ စက်တင်ဘာလ (၂၁) ရက်။
မွန်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အရေးပေါ်ဆေးကုသမှုခံယူမည့်သူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကူညီပေးလျှက်ရှိပါသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုးသားတစ်ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှုခံယူပြီးသော လူနာတစ်ဦးအား ရေးမြို့နယ်၊ လမိုင်းမြို့မှ နေအိမ်သို့လည်းကောင်း၊ မော်လမြိုင်မြို့နယ် ပြည်တော်သာရပ်ကွက်မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုးသားတစ်ဦးအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ကျိုက္ခမီမြို့မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုသားတစ်ဦးအား မော်လမြိုင်ဆေးရုံကြီးသို့လည်းကောင်း ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် အသီးသီး ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  20/ Sep/ 2022

A Red Cross Volunteer donate blood in an emergency

နေပြည်တော်၊ စက်တင်ဘာလ (၂၀) ရက်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဇမ္ဗူသီရိအထူးကုဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာအမျိုးသမီးတစ်ဦးသည် အရေးပေါ်သွေးလိုအပ်လျှက်ရှိရာ ပုဗ္ဗသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက (O)သွေး (၁)လုံးကို စက်တင်ဘာလ (၂၀) ရက်နေ့က သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

Read More

  20/ Sep/ 2022

Red Cross Volunteers from Naungcho township raise awareness of Land mines and explosive remnants

Our Volunteers from #Naungcho township  are raising awareness of landmine and explosive remnants to the local people on  as the residents in the township, are often affected.
နောင်ချို၊ စက်တင်ဘာလ (၂၀)ရက်။
Landmines and explosive remnants can harm to the people. Our Volunteers from Naungcho township, were raising awareness  of landmine and explosive remnants to the local people on  as the residents in the township, are often affected.

Read More