|
RMS

  21/ Sep/ 2022

Red Cross Volunteers from Mon State provided Ambulance services in local areas

မွန်၊ စက်တင်ဘာလ (၂၁) ရက်။
မွန်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အရေးပေါ်ဆေးကုသမှုခံယူမည့်သူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကူညီပေးလျှက်ရှိပါသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုးသားတစ်ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှုခံယူပြီးသော လူနာတစ်ဦးအား ရေးမြို့နယ်၊ လမိုင်းမြို့မှ နေအိမ်သို့လည်းကောင်း၊ မော်လမြိုင်မြို့နယ် ပြည်တော်သာရပ်ကွက်မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုးသားတစ်ဦးအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ကျိုက္ခမီမြို့မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုသားတစ်ဦးအား မော်လမြိုင်ဆေးရုံကြီးသို့လည်းကောင်း ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် အသီးသီး ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  20/ Sep/ 2022

A Red Cross Volunteer donate blood in an emergency

နေပြည်တော်၊ စက်တင်ဘာလ (၂၀) ရက်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဇမ္ဗူသီရိအထူးကုဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာအမျိုးသမီးတစ်ဦးသည် အရေးပေါ်သွေးလိုအပ်လျှက်ရှိရာ ပုဗ္ဗသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက (O)သွေး (၁)လုံးကို စက်တင်ဘာလ (၂၀) ရက်နေ့က သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

Read More

  20/ Sep/ 2022

Red Cross Volunteers from Naungcho township raise awareness of Land mines and explosive remnants

Our Volunteers from #Naungcho township  are raising awareness of landmine and explosive remnants to the local people on  as the residents in the township, are often affected.
နောင်ချို၊ စက်တင်ဘာလ (၂၀)ရက်။
Landmines and explosive remnants can harm to the people. Our Volunteers from Naungcho township, were raising awareness  of landmine and explosive remnants to the local people on  as the residents in the township, are often affected.

Read More

  08/ Sep/ 2022

ကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအတတ်ပညာ

မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရှေးဦးပြုစုခြင်း ပန်းတိုင်မှာ “တစ်အိမ် တစ်ယောက် ရှေးဦးပြုစုသူရှိစေရန်” ဖြစ်ပြီး အဆိုပါပန်းတိုင်ကို ရောက်ရှိအောင် အသင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ရှေးဦးပြုစုခြင်းနည်းစနစ်များကို သိရှိစေရန်နှင့် အရေးပေါ်အခြေအနေတွေ၊ ပဋိပက္ခဖြစ်စဉ်တွေ၊ နေ့စဉ်လူမှုဘဝတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဘေးအန္တရာယ်ကျရောက်နေသူတွေကို ရှေးဦးပြုစုပေးနိုင်ရန် လိုအပ်ပါက ဆေးရုံဆေးခန်းတွေကို ညွှန်းပို့ပေးနိုင်ဖို့ လေ့ကျင့် သင်ကြားပေးထားတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ ကြက်ခြေနီဝန်ထမ်းတွေက ပြည်သူလူထုကို ရှေးဦးပြုစုခြင်း အသိပညာတွေ ဖြန့်ဝေပေးနေပါတယ်။
ဒီးမော့ဆိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ကိုဒေးဗစ်က ကြက်ခြေနီအကြောင်း စတင်ရှိခဲ့ပုံ၊ ကြက်ခြေနီတစ်ဦးဖြစ်ပေါ်လာခဲ့ပုံနှင့် ရှေးဦးပြုစုခြင်းအတတ်ပညာအကြောင်းကို အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်။
“ကြက်ခြေနီတစ်ယောက်မဖြစ်ခင်က ကျွန်တော်တို့မြို့နယ်မှာ accident တွေဖြစ်ရင် ရှေးဦးပြုစုခြင်းအကူအညီတွေလာပြီးပေးကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို မြင်ပြီး ကြက်ခြေနီ ကို ကျွန်တော်စသိခဲ့တာပါ။ ကြက်ခြေနီဆိုတာ ရှေးဦးပြုစုပေးခြင်းကနေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းပညာဟာ ခွဲခြားပြီးမြင်လို့မရတဲ့ ဆက်စပ်မှုကို ခံစားရပါတယ်”
ယခုအခါ ကိုဒေးဗစ်သည် ရှေးဦးပြုစုခြင်းကျွမ်းကျင်သူ မြို့နယ်ကြက်ခြေနီအသင်းခွဲရဲ့တပ်ဖွဲ့မှူးတစ်ဦးအနေနှင့်လည်းကောင်း ကယားပြည်နယ်ကြက်ခြေနီရဲ့ လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း လူမှုကရုဏာအလုပ်တွေကို ဆောင်ရွက်လျှက်ရှိပါတယ်။
ဆက်လက်ပြီး “ရှေးဦးပြုစုခြင်းအတတ်ပညာဟာ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို လူ့ပတ်ဝန်းကျင်တစ်ခုလုံးအတွက် များစွာအထောက်အကူပြုသည့် အတတ်ပညာတစ်ခုဖြစ်တဲ့အတွက် တတ်မြောက်ထားရင် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ၊ ခြေ၊လက်အင်္ဂါဆုံးရှုံးမှုတွေ လျော့နည်းသွားနိုင်တာကြောင့် ရှေးဦးပြုစုခြင်းကို သင်ယူထားသင့်တယ်" လို့လည်း ရပ်ရွာလူထုအတွင်းမှာရှိတဲ့ လူငယ်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရှေးဦးပြုစုခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းရေး၊ လူထုအခြေပြု ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ ရေပြင်သက်ကယ်၊ အိမ်တွင်းမတော်တဆ ဖြစ်ပွားမှု ကာကွယ်ရေးနှင့် လမ်းအန္တရာယ် မတော်တဆဖြစ်ပွားမှုကာကွယ်ရေးစသည့် အန္တရာယ် ကင်းရှင်းရေး သင်တန်းများတွေကိုလည်း ဖွင့်လှစ်ပေးနေပါတယ်။

Read More

  07/ Sep/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် မိသားစုပြန်လည်ဆက်သွယ်ပေးရေး လုပ်ငန်း စံသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ အသိပေးခြင်း အစည်းအဝေးဖွင့်ပွဲကို အွန်လိုင်းမှတက်ရောက်

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၇)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် (၉း၃၀) နာရီအချိန်က မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ပြုလုပ်သော မိသားစုပြန်လည် ဆက်သွယ်ပေးရေးလုပ်ငန်း စံသတ်မှတ်ချက်များနှင့်လုပ်ထုံးလုပ်နည်းများ အသိပေးခြင်း အစည်းအဝေး ကို အွန်လိုင်းမှ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်း ဥက္ကဌက အဖွင့်အမှာစကားပြောကြားရာ “ကြက်ခြေနီစေတနာ လုပ်အားရှင်များအနေဖြင့် ပြည်သူလူထုကို ကူညီဆောင်ရွက်နေမှုများအား အများပြည်သူ သိရှိအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ကြက်ခြေနီ လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် အရေအတွက်သာမက အရည်အချင်းပါရှိရန်လိုပါကြောင်း၊ ကြက်ခြေနီ လှုပ်ရှားမှုကို တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် မိမိတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း” ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက မိသားစုပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်း စံသတ်မှတ်ချက်များနှင့်လုပ်ထုံးလုပ်နည်းများ အသိပေးခြင်းအစည်းအဝေး ပြုလုပ်ရသည့် ရည်ရွယ်ချက်၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာ နေထိုင်ခြင်းဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ အသင်း ဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အထွေထွေ အတွင်းရေးမှူးပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အထောက်အကူပြုအရာရှိများ၊ ပြည်နယ်တိုင်းဒေသကြီး အသီးသီးမှ မိသားစုပြန်လည်ဆက်သွယ်ပေးရေးတာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

Read More

  07/ Sep/ 2022

လူငယ်နှင့်ရှေးဦးပြုစုခြင်း

“လူငယ်တစ်ယောက်အနေနဲ့ ရှေးဦးပြုစုခြင်းပညာရပ်ကို တတ်မြောက်ထားသင့်ပါတယ်။ သင်ကြား၊သင်ယူမှုအကောင်းဆုံးအရွယ်မှာ သိချင်တာတွေကို ရှာဖွေလေ့လာနိုင်တဲ့အရွယ်ဖြစ်ပြီး လူကြီးနဲ့ကလေးငယ်တွေအတွက် ပြုစုစောင့်ရှောက်ပေးနိုင်မှု အကောင်းဆုံးအရွယ်လည်းဖြစ်ပါတယ်” အသက်(၁၉)နှစ်အရွယ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်အဖြစ် စတင် ဆောင်ရွက်ခဲ့တဲ့ မအိအိသိန်းမြင့်လင်းသည် ယခုအခါ မြို့နယ်ကြက်ခြေနီအသင်းခွဲရဲ့ဒုတိယတပ်ခွဲမှူးအဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း သတင်းအချက်အလက်စီမံခန့်ခွဲခြင်းနှင့်နည်းပညာဆိုင်ရာယူနစ်မှာ လက်ထောက်သတင်းအချက်အလက်စီမံခန့်ခွဲမှုအရာရှိ အဖြစ် ၂၀၂၀ခုနှစ်မှ စတင် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦး၊ ဝန်ထမ်းတစ်ဦး ဖြစ်သည့်အပြင် လူငယ်တစ်ဦးလည်းဖြစ်တဲ့သူမက ရှေးဦးပြုစုခြင်းအတတ်ပညာနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်အချို့ကိုလည်း အောက်ပါအတိုင်း ရှင်းပြသွားခဲ့ပါတယ်။
“ကျမအနေနဲ့ ကြက်ခြေနီတစ်ယောက်မဖြစ်ခင်က အိမ်တွင်းကုသနည်းတွေ၊ မိရိုးဖလာကုသနည်းတွေ အများကြီး သိခဲ့ဖူးပေမယ့် စနစ်တကျမဟုတ်တာရော၊ နည်းစနစ်အမှားတွေကြောင့်ရော ထိခိုက်ဒဏ်ရာတွေပိုဆိုးသွားခဲ့တာတွေဖြစ်ခဲ့ဖူးပါတယ်။
အဲ့ဒါတွေအပြင် ဆေးရုံ၊ ဆေးခန်းတွေဟာ နေရာအနှံ့မှာမရှိနိုင်ပေမယ့် မတော်တဆထိခိုက်မှုမျိုးဟာ အချိန်၊နေရာမရွေးဖြစ်ပွားတတ်ပါတယ်၊ အဲ့ဒီလိုဖြစ်ပွားတဲ့အခါ ဆေးကုသပေးသူထံ မရောက်မချင်း တတ်မြောက်ထားတဲ့ ရှေးဦးပြုစုခြင်းပညာနဲ့ ပြုစုပေးနိုင်ရင် ဒဏ်ရာအခြေအနေပိုမဆိုးသွားတော့ဘူးပေါ့"
ထို့ပြင် ရှေးဦးပြုစုခြင်းသင်တန်းတွေကို လိုအပ်တဲ့နေရာဒေသအလိုက် အများကြီးဖွင့်လှစ်ပေးနေတာဟာ တစ်ကယ်ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး သင်တန်းမှာ သင်ယူလေ့လာခဲ့သူတွေအနေနဲ့ သင်ယူခဲ့တာတွေကို ပြန်လည်အသုံးချနိုင်ဖို့နဲ့ စဉ်ဆက်မပြတ်လေ့လာသွားဖို့ကိုလည်း ဆက်လက်တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။
ရှေးဦးပြုစုခြင်းပညာရပ်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျောရိုးဖြစ်ပါသည်။ အစောပိုင်းကာလများမှာ ရှေးဦးပြုစုခြင်းသင်တန်းတွေကို ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက်သာ ဦးတည်ဆောင်ရွက်ခဲ့ကြပေမယ့် ယခုအခါ ရပ်ရွာလူထုအတွက် ရှေးဦးပြုစုခြင်းသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးနေကြပါတယ်။

Read More

  06/ Sep/ 2022

“ရှေးဦးပြုစုခြင်းနှင့်ခရီးစဉ်တစ်ခု”

လူတိုင်းလူတိုင်း ရှေးဦးပြုစုခြင်းအတတ်ပညာကိုတတ်မြောက်ထားသင့်ပါတယ်။ အရေးကြုံလာတဲ့အခါ မိမိတို့ တတ်ထားတဲ့ ရှေးဦးပြုစုခြင်း ပညာနဲ့ ထိခိုက်ဒဏ်ရာရသူ မည်သူ့ကိုမဆို ပြုစုပြီး နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ပို့ဆောင်ခြင်းဖြင့် လူ့အသက်များကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
“လွန်ခဲ့တဲ့လပိုင်းက တန့်ယန်းက ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ စီမံချက်၀န်ထမ်းတွေကို (ကာကွယ်ခြင်း ကျားမရေးရာနှင့် အားလုံးအကျုံးဝင်ပါဝင်မှုသင်တန်း) ပို့ချဆွေးနွေးပြီး တန့်ယန်းကနေ လားရှိုးကို ကားနဲ့ပြန်တဲ့လမ်းမှာ တစ်ဖက်လမ်းကြောက ဆိုင်ကယ်တစ်စီး ကားကျော်တက်ရာမှာ အရှိန်မထိန်းနိုင်ပဲ ခပ်လှမ်းလှမ်းမှာ မှောက်သွားတာကို ကားနောက်ကြည့်မှန်ကနေတဆင့် တွေ့လိုက်ရတယ်လေ။ အဲ့ဒါနဲ့ပဲ ဆေးအိတ်ဆွဲကာ ကားပေါ်ကနေ ချက်ချင်းဆင်းပြီး လူနာရှိတဲ့ နေရာဆီအပြေးသွားခဲ့ပါတယ်။ လူနာက ခေါင်းနဲ့ ကျောက်ခဲနဲ့ ရိုက်မိပြီး ပြင်းထန်ဒဏ်ရာ အနေအထားမျိုး ဖြစ်တဲ့အတွက် လူနာဆန်းစစ်ခြင်းကို အလျင်အမြန်ပြုလုပ်ပေးပြီး ဦးခေါင်းသွေးယိုစီးမှုကို သက်သာစေဖို့ သုံးထောင့်ပတ်တီးအသုံးပြုပြီး တိုက်ရိုက်ဖိနှိပ်ခြင်း (bleeding control) လုပ်ပေးခဲ့တယ်။ အဲ့ဒီအချိန်မှာ လူနာကသတိလစ်နေပါတယ်။ ထပ်ပြီးတော့လူနာဆန်းစစ်ခြင်းပြန်လုပ်ပြီး လူနာသတိပြန်ရလာစေဖို့ စိတ်ချရတဲ့ဘေးစောင်းအနေအထားလေး ထားပေးထားတယ်။ နှုတ်ခမ်းကွဲဒဏ်ရာနဲ့တခြားထိခိုက်ဒဏ်ရာတွေကို ရေနဲ့ဆေးကြောပြီး သွေးတိတ်အောင်ဆောင်ရွက်ကြပါတယ်။ ကျွန်တော်နဲ့ အတူပါလာတဲ့ ဝန်ထမ်းတွေအားလုံးကလည်း တာဝန်ကိုယ်စီခွဲပြီး လူနာကိုစိတ်ပိုင်းဆိုင်ရာအားပေးစကားပြောပေးတယ်။ ” လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန စီမံချက်မန်နေဂျာ ဦးထွန်းလွင်ဦးက သူတွေ့ကြုံခဲ့ရတဲ့ လမ်းအန္တရာယ်ဖြစ်မှုတွင် သူတတ်မြောက်ထားသည့် ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် အသက်ကယ်ဆယ်ပေးနိုင်ခဲ့မှုအား ပြောခဲ့ပါတယ်။
“မကြာမီ ကြက်ခြေနီလူနာတင်ယာဉ်ရောက်ရှိလာပြီး လူနာနှင့်အတူ ပါလာတဲ့ပစ္စည်းများနှင့် လူနာမှတ်တမ်းများကို စနစ်တကျလွှဲပြောင်းပေးခဲ့ပါတယ်။ နောက်နာရီဝက်လောက်ကြာတော့ တန့်ယန်း ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက ကျွန်တော်တို့ကူညီပေးလိုက်လို့ လူနာသတိရှိနေကြောင်းနဲ့ ဆရာဝန်၊ သူနာပြုများကလည်း စွမ်းစွမ်းတမံပြုစုဆောင်ရွက်ပေးနေကြောင်း ဖုန်းဖြင့် အကြောင်းကြားမှ စိတ်ထဲပေါ့သွားပြီး အတိုင်းမသိဝမ်းသာကြည်နူး ဖြစ်ရပါတယ်။ အကယ်၍ ရှေးဦးပြုစုခြင်းသာ မလုပ်ခဲ့ရင် ဒဏ်ရာကသွေးထွက်လွန်ပြီး အသက်အန္တရာယ်စိုးရိမ်ရ​​တယ်လေ။” လို့ သူရဲ့ ဝမ်းသာပီတီကို ဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအနှံ့အပြားရှိ ရပ်ရွာဒေသတွေမှာ ရှေးဦးပြုစုခြင်းနဲ့ပတ်သက်တဲ့အသိပညာတွေ တကယ့်ကိုပဲ ဒီလိုအရေးပေါ်အခြေအနေတွေမှာ ဆောင်ရွက်နိုင်တဲ့ ပြုစုပေးနိုင်တဲ့ အရည်အချင်းမျိုးတွေရှိပြီး ကျန်းမာသော လူ့ဘောင်တစ်ခုဖြစ်လာအောင် ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။

Read More

  06/ Sep/ 2022

ရေပြင်သက်ကယ်ခြင်း (𝗟𝗶𝗳𝗲 𝗦𝗮𝘃𝗶𝗻𝗴)

ရေပြင်သက်ကယ်ခြင်း(𝗟𝗶𝗳𝗲 𝗦𝗮𝘃𝗶𝗻𝗴) ဆိုသည်မှာ လူတစ်ဦး(သို့)လူအများ၊ ရေထဲတွင် အသက်ကယ်သူ၏ ဘေးအန္တရာယ်လုံခြုံမှုရှိပြီး ရေနစ်သူကို စနစ်တကျ ရေထဲမှ ကယ်ဆယ်ပြီး ပြုလုပ်ပေးရန် လိုအပ်သည့်ရှေးဦးပြုစုခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အထူးသဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်လွယ်သောဒေသများတွင် ရေပြင်သက်ကယ်သင်တန်းများကို ပို့ချပေးလျက်ရှိပြီး ရပ်ရွာလူထုအား လိုအပ်ပါက အကူအညီပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြပါသည်။
“ကျွန်တော်တို့ ကော့သောင်းမြို့က ရေပတ်လည်ဝိုင်းနေတဲ့ မြို့ဖြစ်ပါတယ်။ ကမ်းစပ်မှာနေထိုင်တဲ့လူဦးရေဟာ မြို့မှာနေထိုင်တဲ့လူဦးရေထက်ပိုတာမို့ တံငါလုပ်ငန်းကို ဝမ်းစာရေးအတွက် လုပ်ကိုင်နေကြတာများပါတယ်၊ ရေပြင်နဲ့ဆက်စပ်နေတာကြောင့်လည်း ဆူနာမီလိုမုန်တိုင်းဒဏ်နဲ့ ရေလှိုင်းဒဏ်ကို မကြာခဏခံရတယ်၊ အဲ့ဒါနဲ့ ရေပြင်သက်ကယ်ရှေးဦးပြုစုခြင်းက ဆက်စပ်နေတယ်၊ ကျွန်တော်တို့ဘက်မှာ အကြောင်းရင်းတစုံတရာကြောင့် ရေနစ်သူတွေကို ကယ်ဆယ်ရင် ရေပြင်သက်ကယ်ခြင်းလုပ်ဆောင်ပြီးတာနဲ့ ရှေးဦးပြုစုခြင်းနဲ့ပြုစုပေးပြီး ဆေးရုံတွေဆေးပေးခန်းတွေကို အချိန်မီပို့ပေးနိုင်တယ်ဆိုရင် လူ့အသက်တွေကို ကျွန်တော်တို့ကယ်တင်နိုင်တာပေါ့” ဟု ကော့သောင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုကြီးက ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီး “လူတိုင်းရှေးဦးပြုစုခြင်းပညာတတ်ကျွမ်းကြရင် ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်နဲ့ ရပ်ရွာအတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိသူတွေကို ရောဂါအခြေအနေသက်သာစေဖို့ စနစ်တကျပြုစုပေးနိုင်မှာဖြစ်ပြီး ရှေးဦးပြုစုခြင်းဟာ အသက်ကယ်တင်နိုင်တဲ့ပညာရပ်တစ်ခုလည်း ဖြစ်တယ်၊ လူတိုင်းတတ်မြောက်ထားသင့်တယ်” ဟု ရှေးဦးပြုစုခြင်းပညာရပ်နဲ့ပတ်သက်ပြီး သုံးသပ်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရေပြင်သက်ကယ်ရေးရာလုပ်ငန်း ကော်မတီတစ်ရပ်ကိုဖွဲ့စည်းထားရှိပြီး ရေမကူးတတ်သူ သာမန်ပြည်သူများအတွက် ရေပြင်သက်စောင့် ဗဟုသုတများကိုလည်းကောင်း၊ သာမန်အဆင့် ရှေးဦးပြုစုခြင်းအောင်မြင်ပြီးသူများကိုလည်းကောင်း၊ အကူအညီတောင်းခံလာသည့် ရေကူးကန်ရှိ ဟိုတယ်များအတွက်ဝန်ထမ်းများအား ရေပြင်သက်ကယ်သင်တန်းများနှင့် ရေပြင်သက်ကယ်အထောက်အကူပြုပစ္စည်း အသုံးချခြင်းသင်တန်းများကို ပံ့ပိုးကူညီပေးလျက်ရှိနေပါသည်။

Read More

  05/ Sep/ 2022

Red Cross Volunteers provided ambulance services in need of ambulance

ကျိုက္ခမီ၊ စက်တင်ဘာလ (၆) ရက်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တော်ဝင်ဆေးရုံမှ ဆေးရုံဆင်းလူနာအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့က ကျိုက္ခမီမြို့သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ အလားတူ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒါတ်တိုက်နယ်ဆေးရုံမှ လူနာအား လိုအပ်ချက်အရ မော်လမြိုင်မြို့၊ ဇာနည်ဘွားဆေးရုံသို့ ပြောင်းရွှေ့ရာတွင် ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပြောင်းရွှေ့ပေးခဲ့သည်။

Read More