|
RMS

  05/ Sep/ 2022

Red Cross Volunteers provided ambulance services in need of ambulance

ကျိုက္ခမီ၊ စက်တင်ဘာလ (၆) ရက်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တော်ဝင်ဆေးရုံမှ ဆေးရုံဆင်းလူနာအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့က ကျိုက္ခမီမြို့သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ အလားတူ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒါတ်တိုက်နယ်ဆေးရုံမှ လူနာအား လိုအပ်ချက်အရ မော်လမြိုင်မြို့၊ ဇာနည်ဘွားဆေးရုံသို့ ပြောင်းရွှေ့ရာတွင် ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပြောင်းရွှေ့ပေးခဲ့သည်။

Read More

  02/ Sep/ 2022

Basic First Aid Training was opened in Yay Gyi township

ရေကြည်၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁)ရက်။ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ သူ (၃၀)ဦးတို့ အား ကြက်ခြေနီစေတနာလုပ်အားရှင်များက စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချခဲ့ပါသည်။

Read More

  29/ Aug/ 2022

Myanmar Red Cross Society provided with the emergencies relief items to the households affected by landslide

မန်တုံ၊ ဩဂုတ်လ (၂၉) ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်တုံမြို့နယ်၊ မော်လုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းကာ မြေပြို၍ နေအိမ်ပျက်စီးသွားသော အိမ်ထောင်စုတစ်စုအား မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကာ အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၁)စုံ၊ မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း (၁)စုံ၊ Jellycan (၁)ပုံးတို့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့က ထောက်ပံ့ပေးခဲ့ပါသည်။  

Read More

  22/ Aug/ 2022

Red Cross Volunteers helped the displaced people from #Sezin Village

ဖားကန့်၊ ဩဂုတ်လ(၂၂)ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ နေရပ်စွန့်ခွာမိသားစုများအား ဩဂုတ်လ(၁၀)ရက်နေ့နှင့် ဩဂုတ်လ(၁၁)ရက်နေ့တို့တွင် ယာယီခိုလှုံရာစခန်းများသို့ ပို့ဆောင်နေရာချပေးခဲ့ပြီး ဩဂုတ်လ(၁၂)ရက်နေ့တွင် စာရင်းကောက်ယူခြင်း၊ ရှေးဦးပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်း တို့ကို ကူညီဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် အရေးပေါ် အသုံးအဆောင်နှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြပါသည်။

Read More

  22/ Aug/ 2022

Red Cross provided the emergency relief items to the vulnerable people who are affected by by flash flood

သာပေါင်း၊ ဩဂုတ်(၂၂)ရက်။
     ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် တောင်ကျချောင်းရေဝင်ရောက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး နေအိမ် (၂၈)လုံး ရေကြီးနစ်မြှပ်မှုဒဏ် ခံစားခဲ့ရကာ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြရပါသည်။
     အဆိုပါ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် နေအိမ်(၂၈)လုံးမှ အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများကို ဩဂုတ်လ(၁၉)ရက်နေ့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးဆောင်ကာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကျေးရွာအရောက်ပို့ဆောင်ကာ ထိခိုက်ခံစားခဲ့ရသူများလက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများကိုလည်း ကူညီဆောင်ရွက်ခဲ့ပါသည်။
သတင်း- သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ
#ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား
 

Read More

  20/ Aug/ 2022

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများ ကျင်းပမည်

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နှစ်စဥ် စက်တင်ဘာလ ဒုတိယပတ် စနေနေ့တွင် ကျရောက်သည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများကို နှစ်စဥ်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
     သို့ဖြစ်ရာ ယခုနှစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့"အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အောက်ဖော်ပြပါ ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ရာ ဝင်ရောက်ယှဥ်ပြိုင်လိုသော ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ယခုနှစ် ဆောင်ပုဒ်ဖြစ်သော “ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ”(Lifelong First Aid Learning) အတိုင်း ရေးသား ယှဥ်ပြိုင်နိုင်ပါသည်။
ပြိုင်ပွဲအမျိုးအစားများ-
(က) ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ (မြန်မာ)
(ခ) ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ (အင်္ဂလိပ်)
(ဂ) ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲ
(ဃ) ရှေးဦးပြုစုခြင်းဆိုင်ရာ ပန်းချီပြိုင်ပွဲ
     ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲအတွက် စာမူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများသို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသည် စာမူရွေးချယ်ရေးအဖွဲ့သို့ စာမူ(မူရင်း)များကို (၂.၉.၂၀၂၂) ရက်နေ့ ထက်နောက်မကျဘဲ ပေးပို့ရန်ဖြစ်ပါသည်။
     ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲကို တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများ၌ (၂.၉.၂၀၂၂)နေ့ နံနက်ပိုင်းတွင် Zoom ဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။
ရှေးဦးပြုစုခြင်းဆိုင်ရာ ပန်းချီပြိုင်ပွဲအတွက် မိမိတို့ရေးဆွဲထားသည့် ပုံများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသည် ဆုရွေးချယ်ရေးအဖွဲ့သို့ ပန်းချီ(မူရင်း)များကို (၂.၉.၂၀၂၂) ရက်နေ့ ထက်နောက်မကျဘဲ ပေးပို့ရန် ဖြစ်ပါသည်။
     ဆုရွေးချယ်ခံရသူများ၏ အမည်စာရင်းကို အသင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြပေးသွားမည် ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့တွင် ဆုများ ချီးမြှင့်သွားမည် ဖြစ်ပါသည်။
     ပြိုင်ပွဲစည်းကမ်းနှင့် အသေးစိတ် အချက်အလက်များကို
ဦးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး   (ဖုန်း-၀၉၅၀၉၃၄၁၂)၊
ဦးထွန်းလွင်ဦး၊ စီမံကိန်းမန်နေဂျာ   (ဖုန်း-၀၉၄၀၀၇၈၈၉၀၂)၊
ဒေါ်ပန်းအိအိမွန်၊ အကြီးတန်း သင်တန်းအရာရှိ   (ဖုန်း-၀၉၄၂၂၅၃၄၅၁၄၇)
ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
#လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန #“ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ”(Lifelong First Aid Learning)

Read More

  19/ Aug/ 2022

World Humanitarian Day 2022 , Appreciation program.

ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့ သည် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ ဖြစ်ပါသည်။ ယနေ့တွင် ကမ္ဘာတစ်ဝန်းလုံးမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် အကူအညီပေးအပ်နေသူအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုလိုက်ရပါသည်။ https://www.youtube.com/watch?v=gucxDx1uCPU

Read More

  19/ Aug/ 2022

What is a humanitarian?

ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ကို ဂုဏ်ပြုကြိုဆိုရင်း နိုင်ငံတဝန်းလူမှုကရုဏာလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ပြုတင်ဆက်လိုက်ရပါတယ်။ https://www.youtube.com/watch?v=wN6saud5Ea0

Read More

  18/ Aug/ 2022

“I am very proud to become a Red Cross volunteer. I am glad that I can be the one who could help, be kind and work for everyone without having any self-interest.”

“ကြက်ခြေနီဖြစ်လာတော့အရမ်းဂုဏ်ယူမိတယ်၊ လူတိုင်းအပေါ်စေတနာထား၊ အနစ်နာခံပြီး ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးဆောင်ရွက်နေသူဖြစ်ရလို့ ကျေနပ်မိတယ်”
     ကျွန်တော်ကတော့ ဦးဇော်နိုင်ထူးပါ။ မိုးညှင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးပါ။ ဘုရားပွဲတွေမှာ ရှေးဦးပြုစုခြင်းစခန်းတွေဖွင့်ပြီး ယူနီဖောင်းတွေဝတ်ထားတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးပြုစုပေးပြီး ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပေးတာမြင်တွေ့ပြီး အားကျ၍ ကူညီပေးချင်စိတ်ကြောင့် ၁၉၉၆ ခုနှစ်မှ ကြက်ခြေနီထဲ ဝင်ဖြစ်ခဲ့ပါတယ်။
     ကျွန်တော်က အခုဆိုရင် ရှေးဦးပြုစုခြင်းသင်တန်းများဖွင့်ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များ တိုးပွားအောင်ဆောင်ရွက်ခြင်း၊ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လူနာများ သွားလိုရာ ဆေးရုံဆေးခန်းများသို့ ကူညီပို့ဆောင်ခြင်း၊ သွေးလှူဒါန်းခြင်း၊ COVID-19 ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများအား တုန့်ပြန်ကူညီခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကူညီခြင်း၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီခြင်း အစရှိတဲ့ လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။
     “ကြက်ခြေနီဖြစ်လာတော့အရမ်းဂုဏ်ယူမိတယ်၊ လူတိုင်းအပေါ်စေတနာထား၊ အနစ်နာခံပြီး ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးဆောင်ရွက်နေသူဖြစ်ရလို့ ကျေနပ်မိတယ်”
     လူတိုင်းမလုပ်နိုင်တဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို အမြဲလုပ်ကိုင်နိုင်ဖို့ မိမိကိုယ်တိုင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ကြပါလို့ ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက် ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ပြောချင်ပါတယ်။

Read More