|
RMS

  12/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၂၀၂၁ခုနှစ်၊ မေလ(၁၂)ရက်နေ့ နံနက်အစောပိုင်းက ထားဝယ်မြို့ အိုးလုပ်ရပ်မှ ကိုယ်အပူချိန်တက်နေသော ကလေးတစ်ဦးအား ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက နေအိမ်မှ ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဥ် ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။ ထို့အတူ မေလ(၁၃)ရက်နေ့ ညပိုင်းကလည်း ရှမ္မလည်ဆွဲရပ်မှ ဆေးကုသမူခံယူရန် လိုအပ်တဲ့ကလေးတစ်ဦးနှင့် ပုံကျွန်းရပ်မှ အတက်ရောဂါဖြစ်နေသည့် လူနာတစ်ဦးတို့အား ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။

Read More

  12/ May/ 2021

မြောက်ဦးတွင် အရေးပေါ်လိုအပ်သည့် သောက်သုံးရေလှူဒါန်းရာ၌ ကြက်ခြေနီကူညီ

၂၀၂၁ခုနှစ်၊ မေလ (၁၂)ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဒိုင်းကျီသစ်၊ ဒိုင်းကျီဟောင်း၊ မြို့သစ်ရှိ ယာယီနေရပ်စွန့်ခွာစခန်း၌
အရေးပေါ်သောက်ရေ၊ သုံးရေလိုအပ်မှုအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ အကူအညီဖြင့် ရေပေးဝေလှူဒါန်းရာတွင်  မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကကူညီဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  12/ May/ 2021

ဆေးကုသမှုခံယူပြီး နေရပ်ပြန်လာသည့် ပြည်သူ (၁) ဦးအား ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကူညီပို့ဆောင်

၂၀၂၁ ခုနှစ်၊ မေလ ၁၂ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ဆေးကုသမှုခံယူပြီး ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ (၁) ဦးအား ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးက ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် ရွှေမြဝတီအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကူညီပို့ဆောင်ခဲ့ကြပါသည်။  

Read More

  12/ May/ 2021

အရိုးကျိုးသည့် အဖွားအိုအား ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှ အရိုးကျိုးသည့် အဖွားအို တစ်ဦးအား ဆေးရုံသို့ သွားရန်အကူအညီ တောင်းလာသဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ သွားရောက်ခဲ့ပြီး အသင်းခွဲမှ ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါတယ်။  

Read More

  12/ May/ 2021

အရေးပေါ် မွေးလူနာအတွက် လိုအပ်သောသွေး ကြက်ခြေနီလှူ‌ဒါန်း

၂၀၂၁ခုနှစ်၊ မေလ(၁၂)ရက်နေ့ နေ့လည်ပိုင်းကဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်စိတ်မှူး ဦးမင်းမင်း​ဌေးသည် မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီး၌ အရေးပေါ် မွေးလူနာအတွက် လိုအပ်သော (A)သွေး တစ်လုံးကို လှူဒါန်းခဲ့ပါတယ်။

Read More

  11/ May/ 2021

ကျေးရွာမှ မွေးလူနာကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်ပေး

၂၀၂၁ခုနှစ်၊ မေလ(၁၁)ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည်မြင်တိုင်မြို့နယ် တဖက်ကမ်း အလပ်ချောင်းကျေးရွာမှ မွေးလူနာတစ်ဦးအား ကြည်မြင်တိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြပါတယ်။

Read More

  11/ May/ 2021

ကျောက်တော်တွင် အရေးပေါ်လိုအပ်သည့် သောက်သုံးရေ ကြက်ခြေနီလှူဒါန်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကဝိရတနာယာယီ‌ေနရပ်စွန့်ခွာစခန်းတွင် အရေးပေါ်သောက်ရေ၊ သုံးရေလိုအပ်မှုအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ အကူအညီဖြင့် ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲက တစ်ရက်ရေလီတာ(၉ဝဝဝ)နူန်းဖြင့် ၂၀၂၁ခုနှစ်၊ မေလ(၁)ရက်နေ့ မှ (၁၆)ရက်နေ့ထိ ပေးဝေလှူဒါန်းသွားမှာဖြစ်ပါတယ်။  

Read More

  11/ May/ 2021

လက်ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဦးကို ကြက်ခြေနီက ဆေးရုံသို့ ပို့ဆောင်ကူညီ

၂၀၂၁ခုနှစ်၊ မေလ (၁၁)ရက်နေ့ ညပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ခြေချော်ကျပြီး လက်ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဦးကို အရေးပေါ်ဆေးကုသမှုခံယူရန် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးက ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု‌ကော်မတီမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပါတယ်။

Read More

  11/ May/ 2021

ကလေးမွေးဖွားမည့်သူအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်

၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှ ကလေးမီးဖွားမည့်အမျိုးသမီး (၁) ဦးအား ဆေးကုသမှုခံယူရန်အတွက် ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ထို့အတူ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လှည်းကူးမြို့နယ်မှ အမျိုးသမီး ၁ဦးအား ကြက်ခြေနီ‌စေတနာလုပ်အားရှင် (၂) ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Read More