|
RMS

  04/ Jun/ 2021

ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ နေရပ်စွန့်ခွာစခန်းများရှိ ပြည်သူများသို့ ကြက်ခြေနီမှ ကူညီထောက်ပံ့

လတ်တလောအခြေအနေတွေကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ အိမ်ထောင်စုတစ်ချို့ဟာ သီပေါမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (၄) ခု သို့ တိမ်းရှောင်နေကြရပါတယ်။

ထိုနေရပ်စွန့်ခွာစခန်းတွေကို ရောက်ရှိလာတဲ့ အိမ်ထောင်စုတွေထဲက အိမ်ထောင်စု (၇၂၂) စု (လူဦးရေ ၂,၉၃၇ ဦး) အတွက် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက အရေးပေါ်လိုအပ်နေတဲ့ အစားအသောက်၊ ဆေးဝါး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အဝတ်အထည်နဲ့ အသုံးအဆောင်တွေကို အသင်းဌာနချုပ်နဲ့ အလှူရှင်တွေရဲ့ အကူအညီ နဲ့ ဖြန့်ဝေပေးနိုင်ခဲ့ပြီး စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စခန်းတွေမှာ ယခုနှစ် မေလအတွင်း ဖြန့်ဝေခဲ့တဲ့ အရေအတွက်မှာ ခြင်ထောင် (၁၀၀)လုံး၊ စောင် (၄၉) ထည်၊ ပုဆိုး (၄၉)ထည်၊ အမျိုးသမီးဝတ်လုံချည် (၄၉)ထည်၊ မီးဖိုချောင်သုံးပစ္စည်း (၄၉)စုံ၊ တာပေါ်လင် (၂၅)စ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၇၃) စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၃၈၃) စုံ၊ ကလေးမွေးဖွား သန့်စင်ရေးပစ္စည်း (၂၅)စုံနဲ့ မိသားစုသုံးပစ္စည်း (၅) စုံ တို့ဖြစ်ပါတယ်။
ထို့ပြင် မေလ (၂၆)ရက်နေ့မှာလည်း သီပေါမြို့နယ် (၄) မိုင်ကုန်းမှာရှိတဲ့ IDP Camp မှာ ရေ၊ မီးအဆင်ပြေစွာ အသုံးပြုနိုင်ဖို့ ဒေသတွင်း အလှူရှင်နဲ့ ချိတ်ဆက်ကာ 3KVဒီဇယ်မီးစက်တစ်လုံး တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး အကူအညီလိုအပ်သူများထံ ကျန်းမာရေးသုံးပစ္စည်းတွေကို ဖြည့်ဆည်း ကူညီပေးနိုင်ဖို့လည်း ဆက်လက်ကြိုးစားဆောင်ရွက်နေကြပါတယ်။

Read More

  18/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

လူမှုဒုက္ခများ လျော့ပါးသက်သာစေဖို့ ကြက်ခြေနီက သင်တို့နှင့်အတူ အမြဲရှိနေမှာပါ။
ခက်ခဲကြမ်းတမ်းတဲ့နေ့တွေမှာတောင် မရပ်မနားဘဲ အကူအညီတွေပေးခဲ့ကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ကျေးဇူးတင်ပါတယ်။

Read More

  17/ May/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်း (အလယ်ဘလောက်) မှာ ဒီကနေ့ မေလ ၁၆ ရက် မနက် ၁၁ နာရီ‌ ကျော်ခန့်က မီးလောင်မှုဖြစ်ပွါးခဲ့ရာ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြစုခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။  

Read More

  17/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

လူမှုဒုက္ခများ လျော့ပါးသက်သာစေဖို့ ကြက်ခြေနီက သင်တို့နှင့်အတူ အမြဲရှိနေမှာပါ။ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေမှာ အတူရှိနေပေးခဲ့တဲ့အတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များကို ကျေးဇူးတင်ပါတယ်။

Read More

  16/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

မနေ့က သံဖြူဇရပ်မြို့နယ်မှ အရေးပေါ်ဆေးကုသမှုခံယူမည့် အမျိုးသား (၁) ဦးအား မော်လမြိုင်မြို့ဆေးရုံသို့ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါတယ်။  

Read More

  16/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

မည်သို့သော အခက်အခဲအတားအဆီးတွေကမှ ကြက်ခြေနီတွေရဲ့ လူမှုကရုဏာလုပ်ငန်းတွေကို ရပ်တန့်ပစ်နိုင်မှာမဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေမှာ အတူရှိနေပေးခဲ့တဲ့အတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များကို ကျေးဇူးတင်ပါတယ်။

Read More

  15/ May/ 2021

ကြက်ခြေနီမှ ဖားကန့် မြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က မြေစာပုံပြိုကျခဲ့ပြီး လက်ကျင်းတူးသူများထိခိုက်ဒဏ်ရာရ ပျောက်ဆုံးလျက်ရှိကြောင်း ကနဦးသိရသည်။
ထိုဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅) ဦးတို့မှ ပရဟိတအသင်းများနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  15/ May/ 2021

အရေးပေါ်သွေးလိုအပ်တဲ့ လူနာများအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီများ ပူးပေါင်း‌ပြီး သွေးလှူဒါန်

ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ (O) သွေး(၃)လုံး၊Bသွေး(၁)လုံးနှင့်
Aသွေး(၁)လုံးတို့ကို ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ အကူအညီတောင်းလာသဖြင့် လသာမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဒလမြို့နယ်ကြက်ခြေနီအသင်းခွဲတို့နှင့် ဆက်သွယ်ပြီး မြို့နယ်များကကြက်ခြေနီစေတနာလုပ်အားရှင်များ ပူးပေါင်းပြီး မေလ(၁၅)ရက်နေ့က အာရှတော်ဝင်ဆေးရုံမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

Read More

  15/ May/ 2021

ကွမ်းလုံမှ သွေးအန်လူနာတစ်ဦးကို ကြက်‌ခြေနီက လားရှိုးဆေးရုံသို့ ကူညီ ပို့ဆောင်

မေလ(၁၅)ရက် ည (၉) နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်မှာ သွေးအန်တဲ့ အမျိုးသားလူနာ တစ်ဦးကို
အရေးပေါ်ဆေးကုသမှုခံယူနိုင်ဖို့ ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးဦးရဲမြတ်သူနဲ့
ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့က အသင်းခွဲကလူနာတင်ယာဉ်နဲ့ ကွမ်းလုံမြို့ကနေ လားရှိုးမြို့ဆေးရုံသို့ ကူညီပြီးပို့ဆောင်ပေးခဲ့ပါတယ်။

Read More