14/ Apr/ 2021
13/ Apr/ 2021
၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ် မြောက်နွားခြံကုန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ထောင်စု(၄၀)စု ထိခိုက်ပျက်စီးခဲ့ရသဖြင့် ယနေ့ ဧပြီလ (၁၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်ဦးယုတင်၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးသောင်းဌေး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်မိုးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်ခံစားရသော အိမ်ထောင်စုတစ်စုလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ စောင်(၁)ထည်၊ ခြင်ထောင်(၁)လုံးစီ တို့ကို အိမ်ထောင်စု (၄၀)စု အတွက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်မှုကြောင့် စိတ်ထိခိုက် ခံစားရသည့် ပြည်သူများအားစိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများ ပြုလုပ်ပေးခဲ့ကြပါသည်။
13/ Apr/ 2021

13/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် မြစ်ငယ်မြို့အနီး ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် သတိလစ်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုစောင့်ရှောက်ပေးခဲ့ကြသည်။
13/ Apr/ 2021
12/ Apr/ 2021

12/ Apr/ 2021

12/ Apr/ 2021
11/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ကြက်ေခြနီအသင်းခွဲမှ ကြက်ခြေနီေစတနာလုပ်အားရှင်များသည် ကျောက်ကပ်လူနာအမျိုးသမီး(၁)ဦး ကို ဆေးရုံပို့ပေးပြီး လေဖြတ်လူနာအမျိုးသား(၁)ဦးကို လှိုင်သာယာဆေးရုံမှ အင်းစိန်နေအိမ်သို့ အသင်းခွဲမှလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။