11/ Apr/ 2021
10/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ၁၀ရက်နေ့ နံနက်၁နာရီခန့်က လှိုင်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အသက်ရှုကြပ်၍ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေသည့် လူနာတစ်ဦးအား အရေးပေါ် ရှေးဦးပြုစုပေးခဲ့ကြပြီး လူနာတင်ယာဥ်ဖြင့် အာယုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
09/ Apr/ 2021
၂၀၂၁ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့က လတ်တလောဖြစ်ပေါ်နေသည့် အခက်အခဲများကြောင့် မွန်ပြည်နယ် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ တပ္ပလင် နှစ်ဆူ ဓမ္မာရုံနှင့်နန်းတော်ဦးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု (၄၉) စု လူဦးရေ (၁၅၄) ဦးအတွက် အရေးပေါ်လိုအပ်နေသည့် စောင်၊ ခြင်ထောင် ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတို့အား ရေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
09/ Apr/ 2021
09/ Apr/ 2021

08/ Apr/ 2021
08/ Apr/ 2021

08/ Apr/ 2021
၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က လတ်တလောဖြစ်ပေါ်နေသည့် အခက်အခဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွါအိမ်ထောင်စု (၉) စု လူဦးရေ (၆၂) ဦးအတွက် အရေးပေါ်လိုအပ်နေသည့် စောင် (၆၂) ထည်နှင့် ခြင်ထောင် (၆၂) လုံးတို့အား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဒေါ်နီလာငယ်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၅) ဦးတို့က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
07/ Apr/ 2021