|
RMS

  08/ Mar/ 2021

ကြက်ခြေနီက မြို့နယ်အသီးသီးတွင် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များ ဖွင့်လှစ်ကူညီ

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထိခိုက်ဒဏ်ရာရသူများကို ကူညီရန်အတွက် မြို့နယ်အသီးသီးတွင် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များ ဖွင့်လှစ်ကာ ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများအား ကြက်ခြေနီ အခြေခံမူ(၇)ချက်နှင့်အညီ လူမှုကရုဏာအကူအညီများ ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

Read More

  07/ Mar/ 2021

ကြက်ခြေနီက လူမှုကရုဏာအကူအညီများကို မည်သည့် အခြေအနေတွင်မဆို ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့်အညီ ဆောင်ရွက်လျှက်ရှိ

ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် အကူအညီများ ပေးလျှက်ရှိပါသည်။
လှိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လ (၇) ရက်နေ့ (၀၀:၁၀) နာရီခန့်က အမျိုးသမီးတစ်ဦး ဝမ်းဗိုက်နာကျင်၍ ဆေးရုံသို့ ဆေးကုသမှုခံယူလိုကြောင်း လှိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ဖုန်းဆက်အကူအညီတောင်းခံလာသည့်အတွက်
လှိုင်မြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံတက်ရန် မလိုအပ်သဖြင့် (၀၁:၀၀) နာရီခန့် အချိန်တွင် ၎င်း၏နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။
အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ၂၀၂၁ ခုနှစ် မတ်လ (၇) ရက်နေ့ (၀၂:၀၀) နာရီခန့် အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးဝင်း (အဝိုင်းကြီး) ဝန်ထမ်းလိုင်းခန်းများ မီးလောင်မှုဖြစ်ပွါးကြောင်းသတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်အသင်းခွဲမှ လိုအပ်သည့် ဆေးအကူအညီများ သွားရောက်ကူညီခဲ့ကြ‌ပါသည်။
ဒါ့အပြင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လက်တလော ထိခိုက်ဒဏ်ရာ ရသူများ၊ အရေးပေါ် အကူအညီလိုအပ်နေသူများအား ရှေးဦးပြစုခြင်းနှင့် ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို အခြေခံမူ(၇)နှင့်အညီ ဆောင်ရွက်ပေးလျှက် ရှိနေပါသည်။

Read More

  05/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

မြန်မာနိုင်ငံကြက်‌ခြေနီအသင်းနှင့်အတူ လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းများကို အတူတကွ ပူးပေါင်း လုပ်ဆောင်နေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ထုတ်ပြန်ကြေငြာချက်ကို ထပ်ဆင့် မျှဝေအပ်ပါသည်။

Read More

  03/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အခြေခံမူ(၇)ချက်နှင့်အညီ နိုင်ငံတစ်ဝှမ်း အကူအညီလိုအပ်သူများထံ လူမှုကရုဏာအကူအညီများပေးအပ် လျက်ရှိပါသည်။
မတ်လ (၃) ရက်နေ့ကလည်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်းများ ဖွင့်လှစ်ထားရှိပြီး ထိခိုက်ဒဏ်ရာရသူ မည်သူ့ကိုမဆို ရှေးဦးပြုစုပေးခြင်းနှင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းများကို အချိန်နှင့်တပြေးညီ ကူညီလုပ်ဆောင်ပေးခဲ့ပါသည်။
[supsystic-gallery id=9]

Read More

  01/ Mar/ 2021

အရေးပေါ် သွေးလိုအပ်နေသည့် ကလေးငယ်လေးအတွက် ကြက်ခြေနီ စေတနာဝန်ထမ်းနှစ်ဦးမှ သွေးသွားရောက်လှူဒါန်း

မြစ်ကြီးနားမြို့ (ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်) ရိုးတင်ချဉ်ဆီ အားနည်းခြင်းကြောင့် အရေးပေါ် သွေးလိုအပ်နေတဲ့ ကလေးငယ်လေးအတွက် ကြက်ခြေနီ စေတနာဝန်ထမ်း နှစ်ဦးက သွားရောက် သွေးလှူဒါန်းခဲ့ပါတယ်။ သွေးအလှူရှင် ကြက်ခြေနီ စေတနာဝန်ထမ်း မနှင်းအိဖြူအတွက် ယခုအကြိမ် သွေးလှူဒါန်းမှုက အကြိမ် (၃၀) မြောက် လှူဒါန်းခြင်းဖြစ်ပြီး ကိုအောင်မြတ်သူ အတွက် အကြိမ် ၃၈ မြောက် လှူဒါန်းခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ စေတနာလုပ်အားရှင်များဟာ နေရာတိုင်း၊ အချိန်တိုင်းမှာ လိုအပ်တဲ့ အကူအညီတွေကို ဘက်လိုက်မှုကင်းစွာ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေကြသူများဖြစ်ပါတယ်။ [supsystic-gallery id='6']

Read More
Mawlamyine (28.2.2021)

  01/ Mar/ 2021

Everywhere for Everyone

Myanmar #RedCross is providing urgent medical care through their volunteers, first aid stations, and ambulances taking people to hospital. We ask that all aid workers, vehicles and facilities are respected, that they are not targeted and that they be allowed to carry out this life-saving work. [supsystic-gallery id='8']

Read More

  19/ Feb/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

  ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉) ရက် ကြက်ခြေနီသည် ပြည်သူထဲက ပေါက်ပွားလာသည့် ပြည်သူများဖြစ်သည့်အားလျော်စွာ ပြည်သူ့အကျိုးအတွက် ကြက်ခြေနီသည် လူသားချင်းစာနာထောက်ထားသည့် ကိစ္စရပ်များကို ကြက်ခြေနီ အခြေခံမူ(၇)ချက်နှင့်အညီ ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာခြင်းများသာမက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒေသအလိုက် ရွေ့လျား ရှေးဦးပြုစုခြင်းစခန်းငယ်များဖွင့်လှစ်ကာ ပြည်သူများအတွက် ကူညီပေးလျက်ရှိနေပါသည်။   #လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ#   [supsystic-gallery id=4]

Read More

  04/ Jan/ 2021

ရန်ကုန်-ပုသိမ်အမြန်လမ်း ညောင်တုန်း(တာကွေ့)တွင် ရှေးဦးပြုစုခြင်းစခန်း ဖွင့်လှစ်

ညောင်တုန်း၊ ဇန်နဝါရီ ၄ ဧရာဝတီတိုင်း​ဒေသကြီး ကြက်​ခြေနီ ကြီးကြပ်မှု​ကော်မတီ၏ ဦး​ဆောင်မှုဖြင့် မအူပင်ခရိုင်၊​ညောင်တုန်းမြို့ (တာ​ကွေ့ ) ရန်ကုန်-ပုသိမ် အမြန်လမ်း၌ ရှေးဦးပြုစုခြင်းစခန်း ဖွင့်လှစ်ခြင်းကို ဇန်နဝါရီလ ၄ ရက် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ တိုင်း​ဒေသကြီး ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီ ဥက္ကဌ ဦးမန်းကြည်ရွှင်၊ ဒုတိယဥက္ကဌ ဦးမြင့်လွင်၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ ဥက္ကဌ ဦး​အောင်မျိုးဝင်းတို့က ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့​နောက် တိုင်း‌ဒေသကြီးကြက်‌ခြေနီကြီးကြပ်မှု‌ကော်မတီဥက္ကဌက အမှာစကား​ပြောကြားပြီး ဒုတိယဥက္ကဌ ဦးမြင့်လွင်က အလှူငွေ ၁၀သိန်းကျပ်၊ မြို့နယ်ကြက်​ခြေနီ အသင်းခွဲ အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းချိုက ၃ သိန်းကျပ်နှင့် မအူပင်ခရိုင်ကြက်‌ခြေနီတပ်ဖွဲ့မှူးတို့က ဆေးအိတ်တို့ကို အသီးသီး​ပေးအပ် လှူဒါန်းခဲ့ကြပါသည်။ အဆိုပါ ရှေးဦးပြုစုခြင်းစခန်း ဖွင့်ပွဲသို့ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အမှု​ဆောင်များ၊ တိုင်း‌ဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး၊ မအူပင်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ ညောင်တုန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲ ဥက္ကဌ နှင့်အမှုဆောင်များ၊မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။

Read More