|
RMS

  01/ Sep/ 2020

ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်း သင်တန်း ဖွင့်လှစ်

တောင်ကြီး၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်းသင်တန်းဖွင့်ပွဲ ကို စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အဝတ်နှာခေါင်းစည်းချုပ်လုပ်ခြင်းသင်တန်း(ပထမအသုတ်)သို့ သင်တန်းသူ ၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယခုသင်တန်းမှ ချုပ်လုပ်သည့် အဝတ်နှာခေါင်းစည်း များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

Read More

  01/ Sep/ 2020

မြန်မာနိုင်ငကြက်ခြေနီအသင်း၏မဟာဗျူဟာ (၂၀၂၁-၂၀၂၅) ပြုစုရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ အွန်လိုင်းဖြင့် ပြုလုပ

ရန်ကုန်၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံကြက်ခြေနီအသင်း မဟာဗျူဟာ(၂၀၂၁-၂၀၂၅) ပြုစုရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က အသင်း (ရန်ကုန်ရုံးခွဲ)တွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်း အလုပ်အမှုဆောင်များ၊အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက် ရောက် ဆွေးနွေးခဲ့ကြပါသည်။ စက်တင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ လေးရက်တာ ပြုလုပ်သွားမည့် အဆိုပါဆွေးနွေးပွဲတွင် နောင်လာမည့် (၅)နှစ်တာ ကာလအတွင်း အသင်းကဆောင်ရွက်မည့် လုပ်ငန်းများအတွက် ထည့်သွင်းရေးဆွဲသင့်သည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။ ၎င်းအပြင် ဩဂုတ်လ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ နေပြည်တော် ဌာနချုပ်တွင်လည်း ပြည်နယ်/တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကော်မတီဝင်များပါဝင်သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

Read More

  31/ Aug/ 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ်အား အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် သွားရောက်တွေ့ဆုံ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၃၁ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာမောင်မောင် မြင့်နှင့်အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံပြီး အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ နေရပ်စွန့်ခွာပြည်သူများအား လူမှုကရုဏာအကူအညီများပေးနိုင်ရန်ကိစ္စရပ်များ၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင်ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအားဆက်လက်ထောက်ပံ့ရန် စီစဉ်ထားရှိမှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက်အသင်းဥက္ကဌက COVID-19 ရောဂါကာကွယ်ရေးအဖြစ် COVID-19 Package၊ Surgical Cap နှင့် Gown ၂၀၀ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီးနှင့်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်တို့ တက်ရောက်ခဲ့ပါသည်။

Read More

  30/ Aug/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းသင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား၊ ဩဂုတ် ၃၀ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ကချင်အထူးစီမံချက်ရုံး MRCS-IFRC Fund ဖြင့်ဖားကန့်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၀ရက်နေ့ကမြစ်ကြီးနားခရိုင်ကြက်ခြေနီရုံးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့အသင်းဥက္ကဌနှင့်အတူ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်ခင်ရှိန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူ ၃၀ဦးတက်ရောက်ခဲ့သည်။ ယင်းသင်တန်းကို ဩဂုတ်လ ၃၀မှ ၃၁ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။

Read More

  29/ Aug/ 2020

အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် နမ့်ဆန်ယန်ကျေးရွာမှ နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံ

ဝိုင်းမော်၊ ဩဂုတ် ၂၉ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်ကျေးရွာရှိ နေရပ်ပြန်ပြည်သူများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၉ရက်ကတွေ့ဆုံခဲ့ပါသည်။ အသင်းဥက္ကဌဦးဆောင်သောအဖွဲ့သည် နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံကာ လူမှုကရုဏာအကူအညီများပေးနိုင်ရေအတွက် အပြန်အလှန်ဆွေနွေးမှုများပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

Read More

  28/ Aug/ 2020

ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုရန်အလှူငွေ၊ စောင်နှင့်အဝတ်အထည်များလှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုရန် Korea Garment Association in Myanmar (KOGAM) မှ အလှူငွေ၊စောင်နှင့် အဝတ်အထည်များလှူဒါန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။ လှူဒါန်းပွဲတွင် Korea Garment Association in Myanmar (KOGAM)မှ Secretary General ဖြစ်သူ Mr.Ryan Kim က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အသင်းမှ ဆောင်ရွက်လျက်ရှိသော ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အလှူငွေကျပ် ၇,၆၀၀,၀၀၀ိ/(ကျပ် ခုနှစ်ဆယ့်ခြောက်သိန်း)နှင့် ကျပ် ၃,၂၀၀,၀၀ဝိ/ တန်ဘိုးရှိ စောင်နှင့် အဝတ်အထည်များအား လှူဒါန်းရာ အသင်း ဥက္ကဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အရင်းအမြစ်စုစည်း အသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ Korea Garment Association in Myanmar သည် ရေဘေးသင့်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အသင်းသို့ ယမန်နှစ်ကလည်း လာရောက်လှူဒါန်းခဲ့ပါသည်။  

Read More

  28/ Aug/ 2020

ကွတ်ခိုင်တိုက်ပွဲရှောင်စခန်းတွင် ကြက်ခြေနီမှ ခြင်ထောင်များထောက်ပံ့

ကွတ်ခိုင်၊ ဩဂုတ် ၂၈ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်ရှိ၊ မိုင်းယုလော့ပန်တိုက်ပွဲရှောင်စခန်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီကထောက်ပံ့သည့် ခြင်ထောင်(၈၆)လုံးကို ကွတ်ခိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးစိုင်းဝင်းခိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့ကသွားရောက်ထောက်ပံ့ခဲ့သည့်အပြင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများကိုလည်းအခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။  

Read More

  28/ Aug/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အားဖြည့်အချိုရည်များ လှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သော COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် Otsuka Myanmar Co.,Ltdမှ အားဖြည့်အချိုရည်များ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲတွင် Otsuka Myanmar Co.,Ltdမှ Marketing Executive များဖြစ်ကြသော ဦးဖြိုးဝေမောင်နှင့်ဒေါ်ဇင်မာမိုး တို့က ကျပ် ၉၃၆,၀၀၀ိ/တန်ဖိုးရှိ Pocari Sweat အားဖြည့်အချိုရည် ၁၅၆၀ ဘူး ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ လှူဒါန်းပွဲသို့ အသင်း ဒုတိယဥက္ကဌနှင့်အတူအရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  28/ Aug/ 2020

ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် စားသောက်ဖွယ်ရာများလှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည့် ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲတွင် မင်းရသ လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဌ ဦးထက်အောင်ဖြိုးက ကျပ် ၇၂၀,၀၀ဝိ/ တန်ဖိုးရှိ အဝတ်အစားထုတ် - ၁၆ ထုတ်၊ ခေါက်ဆွဲခြောက်ထုတ် - ၇ ထုတ်၊ ခေါက်ဆွဲခြောက်ပုံး- ၉ ပုံး၊ ရေသန့်- ၃၄ ကဒ်တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ လှူဒါန်းပွဲသို့ အသင်း ဒုတိယဥက္ကဌနှင့်အတူ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူးဒေါ်မေစန္ဒာမျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More