|
RMS

  30/ Aug/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းသင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား၊ ဩဂုတ် ၃၀ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ကချင်အထူးစီမံချက်ရုံး MRCS-IFRC Fund ဖြင့်ဖားကန့်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၀ရက်နေ့ကမြစ်ကြီးနားခရိုင်ကြက်ခြေနီရုံးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့အသင်းဥက္ကဌနှင့်အတူ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်ခင်ရှိန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူ ၃၀ဦးတက်ရောက်ခဲ့သည်။ ယင်းသင်တန်းကို ဩဂုတ်လ ၃၀မှ ၃၁ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။

Read More

  29/ Aug/ 2020

အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် နမ့်ဆန်ယန်ကျေးရွာမှ နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံ

ဝိုင်းမော်၊ ဩဂုတ် ၂၉ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်ကျေးရွာရှိ နေရပ်ပြန်ပြည်သူများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၉ရက်ကတွေ့ဆုံခဲ့ပါသည်။ အသင်းဥက္ကဌဦးဆောင်သောအဖွဲ့သည် နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံကာ လူမှုကရုဏာအကူအညီများပေးနိုင်ရေအတွက် အပြန်အလှန်ဆွေနွေးမှုများပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

Read More

  28/ Aug/ 2020

ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုရန်အလှူငွေ၊ စောင်နှင့်အဝတ်အထည်များလှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုရန် Korea Garment Association in Myanmar (KOGAM) မှ အလှူငွေ၊စောင်နှင့် အဝတ်အထည်များလှူဒါန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။ လှူဒါန်းပွဲတွင် Korea Garment Association in Myanmar (KOGAM)မှ Secretary General ဖြစ်သူ Mr.Ryan Kim က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အသင်းမှ ဆောင်ရွက်လျက်ရှိသော ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အလှူငွေကျပ် ၇,၆၀၀,၀၀၀ိ/(ကျပ် ခုနှစ်ဆယ့်ခြောက်သိန်း)နှင့် ကျပ် ၃,၂၀၀,၀၀ဝိ/ တန်ဘိုးရှိ စောင်နှင့် အဝတ်အထည်များအား လှူဒါန်းရာ အသင်း ဥက္ကဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အရင်းအမြစ်စုစည်း အသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ Korea Garment Association in Myanmar သည် ရေဘေးသင့်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အသင်းသို့ ယမန်နှစ်ကလည်း လာရောက်လှူဒါန်းခဲ့ပါသည်။  

Read More

  28/ Aug/ 2020

ကွတ်ခိုင်တိုက်ပွဲရှောင်စခန်းတွင် ကြက်ခြေနီမှ ခြင်ထောင်များထောက်ပံ့

ကွတ်ခိုင်၊ ဩဂုတ် ၂၈ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်ရှိ၊ မိုင်းယုလော့ပန်တိုက်ပွဲရှောင်စခန်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီကထောက်ပံ့သည့် ခြင်ထောင်(၈၆)လုံးကို ကွတ်ခိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးစိုင်းဝင်းခိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့ကသွားရောက်ထောက်ပံ့ခဲ့သည့်အပြင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများကိုလည်းအခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။  

Read More

  28/ Aug/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အားဖြည့်အချိုရည်များ လှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သော COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် Otsuka Myanmar Co.,Ltdမှ အားဖြည့်အချိုရည်များ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲတွင် Otsuka Myanmar Co.,Ltdမှ Marketing Executive များဖြစ်ကြသော ဦးဖြိုးဝေမောင်နှင့်ဒေါ်ဇင်မာမိုး တို့က ကျပ် ၉၃၆,၀၀၀ိ/တန်ဖိုးရှိ Pocari Sweat အားဖြည့်အချိုရည် ၁၅၆၀ ဘူး ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ လှူဒါန်းပွဲသို့ အသင်း ဒုတိယဥက္ကဌနှင့်အတူအရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  28/ Aug/ 2020

ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် စားသောက်ဖွယ်ရာများလှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည့် ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲတွင် မင်းရသ လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဌ ဦးထက်အောင်ဖြိုးက ကျပ် ၇၂၀,၀၀ဝိ/ တန်ဖိုးရှိ အဝတ်အစားထုတ် - ၁၆ ထုတ်၊ ခေါက်ဆွဲခြောက်ထုတ် - ၇ ထုတ်၊ ခေါက်ဆွဲခြောက်ပုံး- ၉ ပုံး၊ ရေသန့်- ၃၄ ကဒ်တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ လှူဒါန်းပွဲသို့ အသင်း ဒုတိယဥက္ကဌနှင့်အတူ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူးဒေါ်မေစန္ဒာမျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  24/ Aug/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်

ရန်ကုန်၊ ဩဂုတ် ၂၄ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်ရှင်သန်ခြင်း(ကြည့်မြင်တိုင်)လူမှုကူညီရေးအသင်း၊ ပရဟိတနှလုံးသား(ရန်ကုန်)လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သောရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အနောက်ပိုင်းခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာအောင်ခင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့ကြသူများအား ကျေးဇူးတင်ဂုဏ်ပြုလွှာများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းအတွက် နှာခေါင်းစည်း၊ မျက်နှာအကာ၊ လက်သန့်ဆေးရည်နှင့် ပိုးသတ်ဆေးဖြန်းပုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို သုံးရက်တာ သင်ကြား ပို့ချခဲ့ပြီး သင်တန်းသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မြို့နယ်များရှိ လူမှုကူညီရေးအသင်းများမှသင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးတင်မောင်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကို၊ အနောက်ပိုင်းခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌဒေါက်တာအောင်ခင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးစောထွေး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခိုင်မြတ် နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များ၊လူမှုကူညီရေးအသင်းများမှတာဝန်ရှိသူများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  18/ Aug/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် Beiersdorf Myanmar မှ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းပွဲသို့တက်ရောက်

ရန်ကုန်၊ ဩဂုတ် ၁၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိသော COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် Beiersdorf Myanmar မှ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Beiersdorf Myanmar မှ Marketing Manager ဖြစ်သူ Ms.Nikki Seelen က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြော ကြားပါသည်။ ထို့နောက် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက်အလှူငွေ ၄,၈၄၀,၀၁၄ိ/- ( လေးဆယ့်ရှစ်သိန်းလေးသောင်းတစ်ဆယ့်လေးကျပ်)၊ ၁၇,၀၀၀,၀၀၀ိ/တန်ဘိုးရှိ Survival Bags - ၁၀၀၀ အိတ်နှင့် ၇၁,၂၈၀,၀၀၀ိ/တန်ဘိုးရှိ Nivea Creme Tin - ၄၀,၀၀၀ ဘူးတို့ကိုပေးအပ်လှူဒါန်းရာ အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးတို့ တက်ရောက်ခဲ့ပြီး Beiersdorf Myanmar မှ Marketing Manager နှင့်အတူ ဒေါက်တာသက်နွယ်အုန်း(Business Development Manager)၊ ဦးတိုးအောင်ဝင်း(Key Account Manager)နှင့် ဒေါ်ဇူလိုင်ဝသုန် (Assistant HR Manager)တို့လည်းတက်ရောက်ခဲ့ကြပါသည်။  

Read More

  17/ Aug/ 2020

ဖားကန့်တွင် ကြက်ခြေနီမှ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း

ဖားကန့်၊ ဩဂုတ် ၁၇ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၇ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်နှင့်လမ်းများ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအချို့ရေဘေးသင့်ခဲ့ရသဖြင့် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးခြင်း၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

Read More