|
RMS

  04/ Aug/ 2020

ဟင်္သာတတွင် တာကျိုးသဖြင့် ပြည်သူများရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရာတွင် ကြက်ခြေနီမှ ပါဝင်ကူညီ

ဟင်္သာတ၊ သြဂုတ် ၄ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အိပ်ပျက်ကျေးရွာအုပ်စု၊ ခြင်ဘို့ကျေးရွာအုပ်စုတို့ရှိ ဖောင်ဆိပ်၊ ဌက်ပျောတော၊ သဲရိုး၊ တာငုတ်ကျေးရွာများတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေခဲ့သည့်အတွက် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ လူနေအိမ်များကို ဘေးလွတ်ရာသို့ရွေ့ပြောင်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဦးတို့ကဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ အိမ်ထောင်စု (၉၂)စု၊ လူဦးရေမှာ (၃၂၈)ဦးတို့ကို ပြောင်းရွေ့ပေးခဲ့ပြီးဖြစ်သည်။ သြဂုတ်လ ၄ ရက်နေ့ နံနက် ၉း၃၀ နာရီ ဝန်းကျင်တွင် ဦးမိုးလေးတာမှာ ပေ ၂၀ ခန့်ကျိုးပျက်ခဲ့ရာ နေအိမ် များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ခဲ့သဖြင့် အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၁၂၇) ဦးနှင့် ပစ္စည်းများ အား ရေဘေးလွတ်ရာသို့ ပြောင်းရွေ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။  

Read More

  02/ Aug/ 2020

သရက်ချောင်းတွင် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေး ကြက်ခြေနီမှကူညီဆောင်ရွက်

သရက်ချောင်း၊ ဩဂုတ် ၂

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်သရက်ချောင်းမြို့အဝင်၊ မော်ရှည်ကုန်းရပ်ကွက်နှင့် ကဇိတံတားဦးရွာအကြား လမ်းရေကျော်လျှက်ရှိရာမြို့နယ်ကြက်‌‌ေခြနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဉီးမြတ်ကိုကိုဉီးဆောင်‌ေသာ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဉီး​ တို့သည် ဖြင့်ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ခရီးသွားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  01/ Aug/ 2020

နေပြည်တော် ၊ ဇေယျာသီရိတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူကို ကြက်ခြေနီမှ ရှေးဦပြုစုပေးပြီး ဆေးရုံသို့ကူညီပို့ဆောင်

နေပြည်တော်၊ ဩဂုတ် ၁ ၂၀၂၀ပြည့်နစ်၊ ဩဂုတ်လ ၁ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ရန်ကုန် - မန္တလေးလမ်းဟောင်း ခရေပင်လမ်းခွဲအနီး သုံးဘီးယာဥ် နှင့် ဆိုင်ကယ်တိုက်မှု ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဇေယျာသီရိမြို့နယ်ကြက်‌‌ေခြနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးချစ်မင်းဦး ဦး‌ေဆာင်‌ေသာ ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့မှလိုအပ်သော ရှေးဦးပြုစုခြင်းများ ဆောင်ရွက်‌ေပးပြီး ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်း (နေပြည်တော်၊ ပြည်စံအောင်) သူနာတင်ယာဉ် ၂ စီးဖြင့် ပြည်သူ့ဆေးရုံ ကုတင် ၃၀၀ သို့ အချိန်မီ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  30/ Jul/ 2020

Partnership Review ပြုလုပ်ရန်ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်)ရုံးတွင်ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်)ရုံးတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း နှင့် Partnership Review talk ပြုလုပ်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၃၀ရက်နေ့၊ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေပွဲသို့ အသင်းဒုဥက္ကဌနှင့်အတူ အထွေထွေအတွင်းရေးမှူးပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများတက်ရောက်ဆွေးနွေးခဲ့ကြသည်။

Read More

  29/ Jul/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ရှေးဦးပြုစုခြင်းမူဝါဒ (၂၀၂၀)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတက်ရောက်

ရန်ကုန်၊ ဇူလိုင် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဂျာမန်ကြက်ခြေနီ အသင်း တို့ပူးပေါင်းပြုလုပ်သည့် ရှေးဦးပြုစုခြင်းမူဝါဒ (၂၀၂၀)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ၂၀၂၀
ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel ၌ကျင်းပခဲ့ပါသည်။  အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအမှုဆောင်များဖြစ်ကြသော ဒေါက်တာတင်ညွန့်နှင့်ဒေါ်ကြူကြူဝင်း၊ ဒေါက်တာထိန်လင်းနှင့် ဒေါက်တာသိန်းငွေ၊အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိအထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ညွန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တို့မှဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် အသင်းဥက္ကဌက အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်းသည် အသင်း၏ ပင်မသွေးကြောတစ်ခု ဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှေးဦးပြုစုခြင်း သင်တန်းများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အဆင့်များအထိ ယခုထက် ပိုမိုဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြစေလိုပါကြောင်း၊ရှေးဦးပြုစုခြင်း ပညာရပ်များ ပြန့်ပွားစေရန် အမျိုးသားအဆင့် အစီအမံများဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲကာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊
ယခုလို ဆောင်ရွက်ရာတွင် အသင်း၏သတ်မှတ်ထားသော မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော ရှေးဦးပြုစုခြင်းမူဝါဒကို အသစ်ပြန်လည်ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊တက်ရောက်လာသူများ အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဂျာမန်ကြက်ခြေနီအသင်း ဌာနေကိုယ်စားလှယ် Mr.Emilio က နှုတ်ခွန်းဆက်စကားပြောကြားကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Read More

  29/ Jul/ 2020

မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်များ ပြန်လည်ပြင်ဆင်သုံးသပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇူလိုင် ၂၉ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်များ ပြန်လည်ပြင်ဆင်သုံးသပ်ရေး ကော်မတီ ၁/၂၀၂၀ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ တွင် အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပခဲ့ရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာဒေါ်မြသူက အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူးချုပ် ဒေါက်တာထိန်လင်း၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဒေါက်တာဒေါ်နွယ်နီအုန်း၊ အထွေထွေအတွင်းရေးမှူးပါမောက္ခဒေါက်တာ ထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသောဒေါက်တာဒေါ်ညိုညိုဝင့် နှင့် ဒေါက်တာတင်ထွန်းအောင်၊ သူနာပြုတပ်ဖွဲ့ဗဟိုဦးစီးမှူးချုပ်(တာဝန်)ဦးမြင့်ထွန်းဟန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြပါသည်။

Read More

  22/ Jul/ 2020

ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာပြည်သူများ ရေဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်းရာတွင် ကြက်ခြေနီကူညီ

ဖားကန့်၊ ဇူလိုင် ၂၂

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ကချင်ပြည်နယ်တွင် မိုးကောင်းချောင်းရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနား - တနိုင်းကားလမ်းရေကျော်တက်မှုကြောင့် ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာမြေနိမ့်ပိုင်းရှိ အိမ်ထောင်စုပေါင်း (၂၆၅)စု (ထိခိုက်ခံစားရသူ (၁,၄၅၃) ဦး) ခန့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လူနေအိမ် (၅) လုံး ပျက်စီးခဲ့ပါသည်။

ဖြစ်စဉ်တွင် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၈) ဉီးတို့သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ရေဘေးသင့်ပြည်သူများ အား ဘေးလွတ်ရာကုန်းမြင့်ပိုင်းသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်း ဆိုင်ရာ အားပေးကူညီပေးခြင်း၊ ထိခိုက်ခံစားရသူစာရင်းများ ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ရေဘေးသင့်ပြည်သူများအတွက် ဓါတ်ဆားထုတ်၊ ရေသန့် / ရေသန့်ဆေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ အရေးတကြီးလိုအပ်လျက်ရှိပါသည်။

အသင်းဌာနချုပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၆၈) စုံနှင့် မိသားစုသုံးပစ္စည်း (၁၀) စုံ တို့ကို ပို့ဆောင်ထောက်ပံ့ခဲ့ပါသည်။

 

Read More

  21/ Jul/ 2020

မန္တလေးတွင် မြစ်ရေတက်လာသဖြင့် ရွေ့ပြောင်းနေတိုင်သူများအား ကြက်ခြေနီမှ ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင်ပါဝင်ကူညီ

မန္တလေး၊ ဇူလိုင် ၁၉


မန္တလေးတိုင်းဒေသကြီးတွင် ဒုတ္ထဝတီမြစ်ရေနှင့် ဧရာဝတီမြစ်ရေ တက်လာသဖြင့် ကမ်းအနီးနေထိုင်ကြသူများနှင့် ရေတက်လာသဖြင့် ရွှေပြောင်း နေထိုင်ကြသူများအား ၂၀၂၀ပြည်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က
တံတားဦးမြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲများမှ
ကျန်းမာရေးစောင့်ရှောက်မှုစခန်းများဖွင့်လှစ်ထားရှိကာ ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။

Read More

  20/ Jul/ 2020

ရွှေဂဲရေဆိုးထုတ်ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် ထိခိုက်ခံစားရသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရန်ကုန်၊ ဇူလိုင် ၂၀

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ် ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် လက်ရှိအချိန်ထိ ယာယီကယ်ဆယ်ရေးစခန်း (၁၄) ခု ဖွင့်လှစ်ထားရှိပြီး ရွှေ့ပြောင်းပေးထားသည့် လူဉီးရေမှာ ခန့်မှန်း ၄,၀၀၀ ကျော် ရှိပြီဖြစ်ပါသည်။

ဇူလိုင်လ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ပါမောက္ခဒေါက်တာခင်သီလွင်၊ ဒုတိယဥက္ကဌပါမောက္ခဒေါက်တာပြုံးပြုံးသန်း၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်၊ အတွင်းရေးမှူး ဦးစိုးလှိုင်ဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နှင့် အတူလိုက်ပါပြီး ဘေးလွတ်ရာသို့ရွေ့ပြောင်းထားသည့် ဦးလင်းဘုရား ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၅၁) စု နှင့် ရန်အောင်မြင်ဘုရားကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၁၅) စုတို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၆၆) ပုံးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပြည်သူများ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်လျက်ရှိသလို အသင်းဌာနချုပ်အနေ ဖြင့်လည်း အရေးပေါ်ကူညီထောက်ပံ့ပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

 

Read More