|
RMS

  10/ Jul/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့အားတွေ့ဆုံ

ဘားအံ၊ ဇူလိုင် ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့် အဖွဲ့သည် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၀ရက်နေ့က ဘားအံမြို့ရှိတော်ဝင်ရတနာဟိုတယ်တွင် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဥက္ကဌနှင့်အဖွဲ့အားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးခွန်ကျော်ဝင်းမှ အသင်းဥက္ကဌနှင့်အဖွဲ့အား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်နိုင်မှ ပြည်နယ်အတွင်း ခရိုင်/မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ခရိုင်/မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဖွဲ့စည်းပုံနှင့် အင်အားအခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အသင်းဥက္ကဌမှ ကရင်ပြည်နယ်အတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များ အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းအမှတ်အသားပါဝတ်စ်ကုတ်အထည် (၅၀)ကိုပေးအပ်ခဲ့ရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌမှ လက်ခံရယူခဲ့ပါသည်။

ယင်းနောက် အသင်းဥက္ကဌ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးခွန်ကျော်ဝင်းနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်၊ ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းများထားရှိသည့် သိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုကာ အသင်းဥက္ကဌက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

 

Read More

  09/ Jul/ 2020

ဖားကန့်မြေပုံပြိုကျမှုကြောင့် ထိခိုက်ခံစားရသူများ၏ မိသားစုဝင်များကို ကြက်ခြေနီက ငွေသားနှင့် ပစ္စည်းများ ဆက်လက်ထောက်ပံ့

ဖားကန့်၊ ဇူလိုင် ၉

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဆိပ်မှုအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်းမြေပြို့မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဉီးပြုစုပေးခြင်း၊ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခြင်းများကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို ကျန်ရစ်သူမိသားစုဝင်များအတွက် ငွေသားထောက်ပံ့မှုများ၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဖုန်းငွေဖြည့်ကဒ်များ၊ နှာခေါင်းစည်းများ၊ ရေနှင့် အစားအသောက်များကို ထောက်ပံ့ပေးလျက်ရှိပါသည်။

ယခု ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်နေ့များက မဏိရတနာ သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဉီးဘရန်ဒီးနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးချစ်ဖေ ဉီးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဖြစ်စဉ်တွင် အသက်ဆုံးရှုံးသွားသူများကို စီစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျန်ရစ်သူမိသားစုဝင် အိမ်ထောင်စုပေါင်း (၉၅) စုအတွက် အိမ်ထောင်စု (၁) စုလျင် မိသားစုသုံးပစ္စည်း (၁) စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (၁)စုံနှင့် ဒိန်းမတ်ကြက်ခြေနီအသင်း၏ အထောက်အပံ့ဖြင့် ငွေကျပ် (၁) သိန်းစီတို့ကို ထောက်ပံ့ပေးခဲ့ပါသည်။

 

Read More

  09/ Jul/ 2020

ကြက်ခြေနီမှ Psychosocial Support , Protection, Gender and Inclusion Training သင်တန်းဖွင့်

ရန်ကုန်၊ ဇူလိုင် ၉ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ ပြုလုပ်သည့် Psychosocial Support , Protection ,Gender and Inclusion Training သင်တန်းဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက်(၉း၃၀)နာရီက အသင်းရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့ရာ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ အထွေထွေအတွင်းရေးမှူးနှင့်အတူ ဒုတိအထွေထွေ အတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများတက်ရောက်ကြပါသည်။ အဆိုပါသင်တန်းကို တစ်နေ့တာသင်ကြားပို့ချခြင်းဖြစ်ပြီး သင်တန်းသို့ ဝန်ထမ်း (၄၄) ဦးတက်ရောက်ခဲ့ကြပါသည်။

Read More

  08/ Jul/ 2020

ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် ညှိနှိုင်းဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများအပါအဝင် အသင်းက ဆောင်ရွက်နေသည့် ကြက်ခြေနီလှုပ်ရှားမှုများ နှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို Video Conferencing ဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် အသင်းရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ အသင်းဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အထွေထွေအတွင်းရေးမှူး‌ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်နှင့်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ တပ်ဖွဲ့မှူးများနှင့် အုပ်ချုပ်ရေးအထောက်အကူပြုအရာရှိများ တက်ရောက်ဆွေနွေးခဲ့ပါသည်။

ဆွေး‌နွေးပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးက COVID-19 ရောဂါကာကွယ်ရေး အပါအဝင် ဒေသအတွင်း ကြက်ခြေနီလှုပ်ရှားမှု ဆောင်ရွက်ချက် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး အသင်းဌာနချုပ်ဘက်မှလည်း လိုအပ်သော ထောက်ပံ့မည့် အစီအစဉ်များအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေး‌နွေးခဲ့ကြပါသည်။

 

Read More

  07/ Jul/ 2020

မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဖားကန့်မြေပြိုမှုမှ ထိခိုက်ဒဏ်ရာရသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငွေကြေး ထောက်ပံ့

မြစ်ကြီးနား၊ ဇူလိုင် ၇

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါးကျေးရွာတွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေသည့်လူနာ(၅)ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သည့် ငွေကျပ်(၁)သိန်းစီနှင့် အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း (တပတ်စာ)တို့ကို ဇူလိုင်လ ၆ရက်နေ့က မြစ်ကြီးနားခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်ကျော်လင်းဦးဆောင်သည့်အဖွဲ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီမှုများ ပြုလုပ်ပေးခဲ့ပါသည်။

Read More

  07/ Jul/ 2020

အလှူရှင်များလှူဒါန်းထားသည့် COVID-19ရောဂါကာကွယ်ရေး ပစ္စည်းများအား ကြက်ခြေနီမှ ဆက်လက်ဖြန့်ဝေလျှက်ရှိ

ရန်ကုန်၊ ဇူလိုင် ၇ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်လျှက်ရှိသော COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်တွင်း/ပြည်ပမှအလှူရှင်များ လှူဒါန်းထားသည့် ရောဂါကာကွယ်ရေးပစ္စည်း များအား ပြည်နယ်/တိုင်း ဒေသကြီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများသို့ စဥ်ဆက်မပြတ်ဆက်လက်ဖြန့်ဝေပေးပို့လျှက်ရှိပါသည်။ ၂၀၂၀ပြည်နှစ်၊ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဦးဝင်းဆန်းဦး Operation Manager (COVID-19 ရောဂါကာကွယ်ရေးနှင့်တုန့်ပြန်ရေး ) နှင့်တာဝန်ရှိသူများသည် အလှူရှင်များလှူဒါန်းထားသည့် COVID-19ရောဂါကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများဖြစ်သော ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ (Surgical Mask) ၊ N 95 Mask၊ မျက်နှာကာ (Face Shield)၊ PPE ၊ လက်သန့်စင်ဆေးရည် (Hand Gel)၊ လက်ကိုင် စကားပြောစက် (Hand Speaker)၊ မျက်မှန် (Goggle)၊ Sprayer၊ Apron အစရှိသည်တို့ကို ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီ၊ အုတ်ဖို၊ မင်းလှ၊ မိုးညို၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်းမြို့နယ်များမှ ကြက်ခြေနီအသင်းခွဲများသို့ သွားရောက်ပေးပို့ဖြန့်ဝေခဲ့ပါသည်။

Read More

  03/ Jul/ 2020

Myanmar Red Cross Society continues search and rescue, and providing support in Hpakant Landslide

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါးကျေးရွာတွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ရေမဆေးကျောက် ရှာဖွေသူများ ရေလှိုင်း နှင့်အတူ မျောပါပျောက်ဆုံးခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်၃ရက်နံနက် ၉နာရီအချိန်ထိ ရုပ်အလောင်း ၁၆၃ လောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၄၃ ဦး ရှိပြီဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ဖြစ်စဉ်တွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၅၅ ဦးတို့က ရှာဖွေကယ်ဆယ်ရေးနှင့် ထိခိုက် ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပြီး ဖားကန့်နှင့် မြစ်ကြီးနားဆေးရုံများသို့ ပို့ဆောင်ခြင်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အတူ ဆက်လက်ပြီး အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာတွင် လက်လုပ်ဖောင်နှင့် လှေများကိုသာ အားထားအသုံးပြုလျက် ရှိပြီး လက်ရှိအချိန်တွင် မိုးရွာသွန်းမှု ရပ်ဆိုင်းနေသော်လည်း နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် မြေပြိုမှု များနှင့် ကမ်းပါးပဲ့ကျမှုများဖြစ်ပေါ်နိုင်သဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိပါသည်။

အသင်းဌာနချုပ်အနေဖြင့်လည်း ထိခိုက်ဒဏ်ရာရရှိသူ ၄၃ ဦးအတွက် အမျိုးသားသုံး တစ်ကိုယ် ရေသန့် ရှင်းရေးသုံးပစ္စည်းများနှင့် အသက်ဆုံးရှုံးခဲ့သည့် မိသားစုဝင်များကို လူမှုကရုဏာအကူအညီများပေးနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန

 

 

Read More

  02/ Jun/ 2020

THANK YOU RED CROSS

မိသားစုအဆက်အသွယ်ရရှိစေရေး အောင်မြင်စွာကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီ
မိုင်ပေါင်းတစ်ရာကျော်ဝေးလံပြီး ကြမ်းတမ်းသော တောလမ်းခရီးများကိုဖြတ်သန်း၍ ရပ်စောက်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ မိသားစုပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်းတာဝန်ခံ ဒေါ်ချိုသိမ့်သိမ့်အောင်နှင့် ဒေါ်ခိုင်သန္တာထွန်း တို့သည် ကြက်ခြေနီအကြောင်းကြားစာပေးပို့ရန် နန့်ကူကျေးရွာ၊ အင်းတော်အုပ်စုသို့ ညအိပ်ခရီးနှင်ခဲ့ကြပါသည်။ ၎င်းကျေးရွာသည် ပလောင်လူမျိုးစုတို့ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ဒေသဘာသာစကားသာ အသုံးပြုကြပါသည်။ မိခင်ဖြစ်သူဒေါ်ခမ်းအိမ်(အမည်ပြောင်း)သည် သားဖြစ်သူ နောင်မွန်း(အမည်ပြောင်း)နှင့် အဆက်အသွယ်ပြတ် ကွဲကွာနေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေး ဌာနမှ ပေးပို့လာသည့် ကြက်ခြေနီအကြောင်းကြားစာကြောင့် သားဖြစ်သူ၏သတင်းကိုလက်ခံရရှိခဲ့ပါသည်။ သားဖြစ်သူထံသို့ လည်း မိသားစုသတင်းစကားများ ကြက်ခြေနီမှတဆင့် ပြန်လည်ရေးသားပေးပို့ခဲ့ပါသည်။ ဝေးလံခေါင်ဖျားသော အရပ်ဒေသထိ လာရောက်ကူညီပေးသော ကြက်ခြေနီစေတနာလုပ်အားရှင်များကိုလည်း ကျေးဇူးတင်ရင်း သားဖြစ်သူသတင်းရရှိသည့်အတွက် လည်း ပျော်ရွှင်ကြည်နူးခြင်းတို့ဖြင့် ဒေါ်ခမ်းအိမ်တစ်ယောက်နေ့သစ်များကို ဆက်လက်ဖြတ်သန်းနိုင်ရန် အင်အားသစ်များရရှိခဲ့ပါ သည်။ သူမအနေဖြင့် “ကျေးဇူးကြက်ခြေနီ” ဟု ပြောကြားခဲ့ပါသည်။ မိသားစုအဆက်အသွယ်ရရှိနိုင်ရေးအတွက် လိုအပ်သောဘာသာစကားများဖြင့် ကူညီဆောင်ရွက်ပေးခဲ့သော နန့်ကူကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Read More

  21/ May/ 2020

Woodside Myanmar Pte Ltd donate Myanmar Red Cross Society for prevention of COVID -19

ရန်ကုန်၊ မေ ၂၁ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Woodside Myanmar Pte Ltd မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကို ၂၀၂၀ပြည့်နှစ်၊ မေလ ၂၁ ရက်နေ့ နေ့လည်နာရီက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင်ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Woodside Myanmar Pte Ltd (Acting Country Manager )ဦးနေလင်းဦး ကလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကိုလှူဒါန်းရာအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိထိရောက်စွာအသုံးပြု သွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အမှုဆောင်ဒေါ်ကြူကြူဝင်း၊ အထွေထွေအတွင်းရေးမှူးပါမောက္ခဒေါက်တာထင်ဇော်စိုး၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး Woodside Myanmar Pte Ltd မှ Acting Country Manager ဦးနေလင်းဦးနှင့် Acting Finance Manager ဒေါ်စန္ဒာမိုး တို့တက်ရောက်ခဲ့သည်။ လှူဒါန်း‌ငွေများဖြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် PPE ပစ္စည်များနှင့် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ရာ ယခုကဲ့သို့လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Woodside Myanmarအားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

Read More