|
RMS

  13/ Sep/ 2018

State and District Red Cross Supervisory Committee Advocacy Meeting

= = = လားရှိုး၊ စက်တင်ဘာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လားရှိုးမြို့   နယူးပဲလေ့ဟိုတယ် (New Palace Hotel )၌ စက်တင်ဘာလ ၁၂  နေ့မှ ၁၃ ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်း အလုပ်အမှုဆောင် ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးဂဲနက်စ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်း   မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လားရှိုးတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေသူလင်းမှ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးပုံစံအား ရှင်းလင်းပြောကြားခြင်း ၊ ပြည်နယ်တပ်ဖွဲအုပ်ချုပ်ရေးအဖွဲ့ တပ်ဖွဲ့မှူး ဦးထွန်းထွန်းဦးမှ အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲထားသော တပ်ဖွဲ့ ဖွဲ့စည်းပုံအသစ်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် မြို့နယ် အသင်းခွဲ အမှုဆောင်များမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခြင်း၊ အစည်းအဝေးသို့ (ဝ) နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ် ၂ မြို့နယ်၊ ခရိုင် (၄)ခရိုင်မှ ကြီးကြပ်မှုကော်မတီဝင်များ၊ (၁၃) မြို့နယ်မှ အမှုဆောင်များ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ခံများ နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ စုစုပေါင်း (၅၁) ဦးတက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ Credit; OD Dept;

Read More

  08/ Sep/ 2018

2018 World First Aid Day Ceremony

=== နေပြည်တော်၊ စက်တင်ဘာလ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်း ဆိုင်ရာ စွမ်းရည်ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဌာနချုပ်၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ် အမှုဆောင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာစီ)မှ ဌာနေကိုယ်စားလှယ် Mr.Stephan Pierre Sakalian နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူ များနှင့် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် ဆုများရရှိသော ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် - “ နိုင်ငံတစ်ဝန်းနေ့စဉ် ကြုံတွေ့နေရသည့် မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ် များနှင့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ကြုံတွေ့ရသ်ည့ ထိခိုက်ဒဏ်ရာရရှိသူများကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာ ခွဲခြားခြင်းမရှိဘဲ လူသားချင်း စာနာထောက်ထားမှုအပေါ် အခြေခံကာ ရှေးဦးပြုစုခြင်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအားလုံးကို အထူးပင် ချီးကျူးမှတ်တမ်းတင်ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့၏ ဆောင်ပုဒ်မှာ “လမ်းပေါ်မတော်တဆဖြစ်မှုများ၊ ရှေးဦးပြုစုခြင်းဖြင့် ချက်ချင်းတုန့်ပြန်ဆောင်ရွက်ပေး” “First Response to Road Crashes” ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းနေ့စဉ်ဖြစ်ပွားနေသည့် မတော်တဆဖြစ်မှုများတွင် လမ်းမတော် တဆဖြစ်မှုများသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ရပ်ရွာလူထုအနေဖြင့် လမ်းပေါ်တွင် အန္တရာယ် ဖြစ်ပွားနိုင်သည့် နေရာများကို သိရှိစေရေးနှင့် မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ သိရှိစေရေးအပြင် လူတိုင်း အသက်အရွယ်မရွေး ရှေးဦးပြုစုခြင်းနည်းစနစ်များ တတ်မြောက်ပြီး လမ်းပေါ်တွင် မတော်တဆဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ယုံကြည်မှုအပြည့်ဖြင့် ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်ရေးအတွက် ရပ်ရွာလူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်များကို ပြန့်ပွားနိုင်စေရန် ကြက်ခြေနီစေတနာလုပ်အားရှင်များက အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူများအား ဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူ က အမှတ်ပေးဒိုင်များကိုယ်စား နည်းပြဦးတင်ကိုအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့ပါသည်။ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ ရပ်ရွာလူထုအဆင့်ပြိုင်ပွဲ (နေပြည်တော်)တွင် ပထမဆုရရှိသည့် ရွှေလူငယ်ပရဟိတအသင်းမှ မောင်သော်လွင်ထက၊ ဒုတိယရရှိသည့် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ မခင်စန္ဒာကျော်နှင့် တတိယဆုရရှိသည့် ရွှေလူငယ် ပရဟိတ အသင်းမှ မဇင်မာဝေနှင့် ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ မခင်မီမီလွင် တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်သိန်းဌေးက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ ရပ်ရွာလူထုအဆင့် ပြိုင်ပွဲ (ရန်ကုန်တိုင်းဒေသကြီး) တွင် ပထမဆုရရှိသူ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ မသိမ့်သိမ့်မြင့်၊ ဒုတိယဆုရရှိသည့် တွံတေးမြို့နယ်မှ မခိုင်မာဦးနှင့် တတိယဆုရရှိသည့် သာကေတမြို့နယ်မှ မောင်သက်လွင်ဦးတို့အား ICRC မှ Mr. Stephan Pierre Sakalian က ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ အခြေခံပညာကျောင်း အဆင့်ပြိုင်ပွဲ (နေပြည်တော်) တွင် ပထမဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မဇင်ဇင်ထူး၊ ဒုတိယဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မအိမ့်ရတနာဦးနှင့် တတိယဆုရရှိသည့် စွမ်းပြည့်ကျောင်းမှ မောင်အောင်ပြည့်စုံ၊ အထကသဲတောကြီး လယ်ဝေးမှ မောင်ဟိန်းထက်ဖြိုးတို့အား အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။ ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ အခြေခံပညာအဆင့်ပြိုင်ပွဲ (ရန်ကုန် တိုင်းဒေသကြီး) တွင် ပထမဆုရရှိသည့် အထက၂ သာကေတမှ မယွန်းနွယ်အောင်၊ အထကခွဲ ၄ ရွှေပြည်သာမှ မောင်ဆန်းပွင့်နှင့် အထက ၁ သုံးခွ မြို့နယ်မှ မောင်ရဲဝင့်အောင်တို့အား အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းကလည်းကောင်း၊ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ တက္ကသိုလ်ကောလိပ်အဆင့်ပြိုင်ပွဲ (ရန်ကုန်တိုင်းဒေသကြီး)တွင် ပထမဆုရရှိသည့် ဒဂုံတက္ကသိုလ်မှ မောင်ပိုင်သန့်ကိုကို၊ ဒုတိယဆုရရှိသည့် ဒဂုံတက္ကသိုလ်မှ မောင်အောင်ကျော်ဟိန်းနှင့် တတိယဆုရရှိသည့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ မသီရိအောင်တို့အား အချိန်ပြည့် အလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါက်တာဒေါ်အမယာမော်နိုင်ကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ပါသည်။

Read More

  02/ Sep/ 2018

ကြက်ခြေနီမှ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် လျှပ်တပြတ် ရေလွှမ်းမိုးခြင်းခံရသော ကျွန်းတောစုကျေးရွာသို့ ထောက်ပံ့ပစွည်းများ ပေးအပ်

= = = မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် ဘေးအန္တရာယ်ကျရောက်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ၊ သိုင်းဝကျေးရွာအုပ်စု ၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် လျှပ်တပြတ် ရေလွှမ်းမိုးခြင်းခံရသော ကျေးရွာများအနက်မှ ကနဦးဆန်းစစ်ချက်များအပေါ် မူတည်၍ ကျွန်းတောစု ကျေးရွာသို့ မိသားစုအသုံးအဆောင်ပစ္စည်းများ Family Kit (၁၇၈)ပုံး၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်းများ Hygiene Kit (၂၀၀)ပုံး နှင့် အရေးပေါ်မီးဖွားသန့်စင်သုံးပစ္စည်း (၂)အိတ် တို့ကို ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဌာန၊ စီမံရေးရာဌာနမှ ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ NDRT/ERT အဖွဲ့ဝင်များအပါအဝင် ကြက်ခြေနီ စေတနာ့လုပ်အားရှင် တပ်ဖွဲ့ဝင်များ၊ ယက်ကန်းစင် ဓ္မပါလကျောင်းတိုက်ဆရာတော် အရှင်တေဇိန္နနှင့် ပရဟိတကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ ကျား (၁၉၅)၊ မ (၂၂) စုစုပေါင်း (၂၁၇)ဦးတို့မှ အမြန်လမ်းဘေး(၁၆၉)မိုင် (၃)ဖာလုံ သရက်ဆိပ်ကျေးရွာမှတဆင့် ကျွန်းတောစုကျေးရွာသို့ အသွားအပြန် (၆)နာရီကျော်သွားရောက်ကာ ပစ္စည်းများအား ကျေးရွာအရောက် ရွာသားများနှင့်အတူ ပို့ဆောင်ပေးခဲ့ပါသည်။ Credit; MRCS EOC

Read More

  01/ Sep/ 2018

Auto Draft

= = = ရေတာရှည်၊ သြဂုတ် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာ အုပ်စု၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ရုတ်တရက် ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆွာမြို့အနီးဝန်းကျင်ရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းရေဘေးသင့် ကျေးရွာများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်ဦးဆောင်သော NDRT နှင့် ERT အဖွဲ့ဝင်များမှ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ကျေးရွာအတွင်း ရေဘေးကြောင့်ထိခိုက်ခံစားရမှု အခြေအနေများနှင့် လိုအပ်ချက်များကို ကနဦးဆန်းစစ်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ အဆိုပါ ကနဦးဆန်းစစ်ချက်များအရ ရေဘေးသင့်ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ထိရောက်သော အကူအညီ ထောက်ပံ့မှုများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိကြော င်း သတင်းရရှိပါသည်။ Credit; MRCS EOC

Read More

  21/ Aug/ 2018

ကျိုက်မရောမြို့နယ် ရေဘေးသင့်ကျေးရွာသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ထောက်ပံ့ပစွည်းများ သွားရောက် ထောက်ပံ့

= = = ကျိုက်မရော၊ သြဂုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အထ္ထရံကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၁၀) စုတို့အား ထောက်ပံ့ပစွည်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် သွားရောက် ပေးအပ် ထောက်ပံ့ခဲ့ကြပါသည်။ ထောက်ပံ့ပစွည်းများအဖြစ် စင်္ကာပူကြက်ခြေနီအသင်းမှ ရေသန့်စင်စက်(အသေး)၊ ဆန်၊ ငါးသေတ္တာ၊ ဆီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပြည်တွင်းအလှူရှင်များမှ လာရောက်လှူဒါန်းသော သောက်ရေသန့်၊ ငပြာရည်ကြော်/ငါးပိကြော်၊ အဝတ်အစားများ၊ ကလေးပစွည်းများ၊ ကလေးကစားစရာများနှင့် Dignity Kit၊ Life Jacket၊ First Aids Kitနှင့်  အခြားလိုအပ်သည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဌ ဦးမျိုးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သောင်းရွှေနှင့် တာဝန်ရှိသူများ၊ စင်္ကာပူကြက်ခြေနီမှ Aye Hnin Yu (Team Leader)၊ Aug Ja Jie Rex (Operation Specialist) နှင့် Ann Ong Sze Ying (Communication Officer)၊ ဒေသခံ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက် ထောက်ပံ့ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ပစွည်းများကို သွားရောက် ထောက်ပံ့သွားမည်ဖြစ်သည်။ [caption id="attachment_1538" align="alignnone" width="400"] ?[/caption]

Read More

  21/ Aug/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ရေဘေးသင့် ကျေးရွာများသို့ ထောက်ပံ့ပစွည်းများ သွားရောက် ထောက်ပံ့

= = = ကဝ၊ သြဂုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဘန်ဒါ(အရိုးပုံ)ကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၉၅) စုနှင့် စာဖြူကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၅၀) စုတို့အား ထောက်ပံ့ပစွည်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သွားရောက် ပေးအပ် ထောက်ပံ့ခဲ့ကြပါသည်။ ထောက်ပံ့ပစွည်းများအဖြစ် သောက်ရေသန့်ပစွည်း၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆီ၊ ငပြာရည်ကြော်/ငါးပိကြော်၊ အဝတ်အစားများနှင့် အခြားလိုအပ်သည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးငွေရှိန်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းတပ်ဖွဲ့မှူး ဒေါက်တာ နေမျိုးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် တာဝန်ရှိသူများ၊ စင်္ကာပူကြက်ခြေနီမှ Aye Hnin Yu (Team Leader)၊ Aug Ja Jie Rex (Operation Specialist) နှင့် Ann Ong Sze Ying (Communication Officer)၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက် ထောက်ပံ့ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ပစွည်းများကို သွားရောက် ထောက်ပံ့သွားမည်ဖြစ်သည်။

Read More

  14/ Aug/ 2018

ရေဘေးသင့်ဒေသများတွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ တစ်သိန်း လာရောက်လှူဒါန်း

= = = ရန်ကုန်၊ သြဂုတ် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုငံသံအမတ်ကြီး MR. Hong Liong မှ ရေဘေးသင့်ဒေသများရှိ အများပြည်သူအတွက် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ တစ်သိန်း (US$ ၁၀၀,၀၀၀) ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)ရှိ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး MR. Hong Liongနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ လှူဒါန်းငွေကို သံအမတ်ကြီး MR. Hong Liong မှ လာရောက်လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင်များက လက်ခံခဲ့ကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတဝန်းတွင်ဖြစ်ပွားခဲ့သော ရေဘေး၊ ငလျင်ဘေး စသည်တို့ကြောင့် ထိခိုက်ခံစားရသူ ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်ခဲ့သော လူမှုကရုဏာအကူအညီများအတွက် အလှူငွေများ လှူဒါန်းလေ့ရှိပြီး ယခုလှူဒါန်းမှုသည် စတုတ္ထအကြိမ်မြောက်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယခုလှူဒါန်းသော အမေရိကန်ဒေါ်လာ တစ်သိန်း (US$ ၁၀၀,၀၀၀) ကို ရေဘေးသင့်ဒေသများရှိပြည်သူများတွက် လူမှုကရုဏာအကူအညီများ ဆောင်ရွက်ပေးရာတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။

Read More

  10/ Aug/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းက အရေးပေါ်အခြေ အနေတွင် ဖြန့်ဝေပေးသည့် စံသတ်မှတ်ထားသော ပစ္စည်းများ

= = =

မြန်မာနိုင်ငံကြက်ခြေနီအသင်းက အရေးပေါ်အခြေ အနေတွင် ဖြန့်ဝေပေးသည့် စံသတ်မှတ်ထားသော ပစ္စည်းများဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုကရုဏာ အကူအညီ လိုအပ်နေသည့် ရေဘေးသင့်ပြည်သူများအတွက် အဆိုပါပစ္စည်းများအား လှူဒါန်းလိုပါက - မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမှတ် ၄၂၊ ၂ လွှာ၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ သို့ လူကိုယ်တိုင် လာရောက်၍ လည်းကောင်း မြန်မာကျပ်ငွေအတွက် ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၆၀၅၀၃၀၆၀၀၄၈၃၂၂၀၁ နှင့် အမေရိကန်ဒေါ်လာအတွက် ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၆၀၁၀၉၀၆၀၀၃၃၉၁၄၀၁ တို့သို့လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Credit; MRCS Logistic

Read More

  10/ Aug/ 2018

Auto Draft

= = = ၂၀၁၈ ခုနှစ် သြဂုတ်လ (ပထမပတ်)မှ စတင်ပြီး ရေကြီး/ရေလျှံမှုဖြစ်ပွားခဲ့သော မြို့နယ်နှင့် ကျေးရွာအချို့တွင် ရေများပြန်လည်ကျဆင်းလျှက်ရှိသည်။ အချို့မြို့နယ်များတွင် ရေများ ကျဆင်း သွားပြီဖြစ်၍ ကယ်ဆယ်ရေး စခန်းအားလုံး ပိတ်သိမ်းပြီးဖြစ်ပါသည်။ သို့သော်လည်း သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အတွင်း ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ် (Depression) ၏ အရှိန်ဖြင့် မိုးအဆက် မပြတ် ရွာသွန်းမှုများကြောင့် မြစ်ရေကျဆင်းမှု နှောင့်နှေးလျှက်ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေဘေးသင့်မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မွန်ပြည်နယ် သထုံမြို့နယ်တွင်း ရေဘေးသင့်ကျေးရွာများ၌ ပြည်သူ့ကျန်းမာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရေတွင်း/ရေကန်များကို ကလိုရင်း ဆေးခပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ကြက်ခြေနီစေတနာလုပ်အားရှင်များ သည် ဒေသတွင်းအလှူရှင်မှလှူဒါန်းသော သောက်ရေသန့်လီတာ (၂၄၀၀)ကို ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။ ကရင်ပြည်နယ် ဘားအံမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေဘေး ယာယီခိုလှုံရာ စခန်း(၄)ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်၏ ရေကျသွားသောနေရာများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရေတွင်း/ရေကန် ဆေးခပ်ခြင်းလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ရှိ မြို့နယ်များမှ ရေဘေးသင့် အိမ်ထောင်စု စုစုပေါင်း (၁၉,၄၃၃)၊ လူဦးရေစုစုပေါင်း (၁၁၃,၂၈၁) အတွက် ထောက်ပံ့ ပစွည်းများဖြစ်သည့် တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းစုံ (Hygiene Kit)၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ (Hygiene Parcel)၊ ဆေးစိမ်ခြင်ထောင် (Mosquito Net)၊ အမျိုးသမီးသုံးပစ္စည်းများ၊ ဓါတ်ဆားထုပ်၊ ကြိုးခွေ၊ မိသားစုသုံးပစ္စည်းစုံ (Family Kit)၊ ရေသန့်ဆေးပြား၊ စောင်၊ တူ၊ မိသားစုသုံး အိမ်ဆောက်ပစွည်း (Shelter Tool Kit)၊ တာပေါ်လင် (Tarpaulin)၊ သောက်ရေသန့်၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)နှင့် အခြားလိုအပ်သည်များ ကို ကူညီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ Credit; MRCSEOC

Read More