|
RMS

  06/ Aug/ 2018

ရေဘေးသင့်ပြည်သူများအတွက် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ကူညီလှူဒါန်းနိုင်

=== မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လတ်တလောဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ထိခိုက် ခံစားရသူများအား ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပေးခြင်း၊ ရေသန့်ဆေးပြားများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း စသည့် လူမှုကရုဏာအကူအညီများ ပေးအပ်လျက်ရှိပါသည်။ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေ ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် - မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီ အရေးပေါ်ကွပ်ကဲမှု စင်တာ (MRCS EOC) အမှတ် ၄၂၊ ၂ လွှာ၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ သို့ လူကိုယ်တိုင် လာရောက်၍ လည်းကောင်း မြန်မာကျပ်ငွေအတွက် ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၆၀၅၀၃၀၆၀၀၄၈၃၂၂၀၁ နှင့် အမေရိကန်ဒေါ်လာအတွက် ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၆၀၁၀၉၀၆၀၀၃၃၉၁၄၀၁ တို့သို့လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Read More

  02/ Aug/ 2018

Myanmar Red Cross Society provides aid to flood victims

Myanmar Red Cross Society (MRCS) has been providing aid to the people in flooded areas in Mon and Kayin states, Bago and Taninthayi regions and Naypyitaw. Until 30 July, the MRCS has provided 300 hygiene parcels and 300 dignity kits to the flood victims and additionally provided rain coats, helmets and flags to the volunteers of MRCS who worked in the flood-stricken areas of Ye, Thaton, Bilin and Paung in Mon State. The MRCS also provided first aid, drinking water and ready meals as well as 400 mosquito nets, 40 family kits, 100 dignity kits for women, 2,200 water purification tablets and 400 packs of electrolyte powder to the flood affected community in the towns  of Hpa-an, Hlaingbwe, Kya-in-Seikkgyi, Myawaddy and Papun in Kayin State. Similarly, 700 hygiene parcels, 300 dignity kits for women200 sheets of tarpaulin,1,200 packs of electrolyte powder and other requirements were also provided to the flood victims in the townships of Bago, Waw, DaikU, Shwegyin and Kyaukgyi in Bago Region. MRCS also provided rescue materials, including 40 family kits, dignity kits for women, 30 sheets of tarpaulins, 500 packs of electrolyte powder for the flood-stricken damaged houses in Lewe Township in Nay Pyi Taw. Moreover, MRCS also provided safety materials to the rescue volunteers of MRCS. MRCS is providing humanitarian services, with over 250 volunteers, to the people in the flooded areas of Nay Pyi Taw, Bago, Taninthayi, Mon and Kayin States.  

Read More

  29/ Jul/ 2018

ဇူလိုင်လအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသူများအား ကြက်ခြေနီမှ လူမှုကရုဏာအကူအညီများပေးအပ်လျက်ရှိ 

= = = ရန်ကုန်၊ဇူလိုင်လ ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း တစ်နိုင်ငံလုံးအနှံ့ အထူးသဖြင့် မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီနှင့် နေပြည်တော်တို့တွင် မိုးများ ရွာသွန်းပြီး မြစ်ရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ကာ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများနှင့် မြစ်၊ ချောင်းများတွင် ရုတ်တရက် ရေကြီးမှုတို့ဖြစ်ပေါ်ခဲ့ပါသည်။ * မွန်ပြည်နယ်တွင် ရေး၊ သထုံ၊ ဘီးလင်းနှင့် ပေါင်မြို့နယ်များတွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ ရေကြီး/ရေလျှံမှုဖြစ်ခြင်းတို့ကြောင့် ထိခိုက်ခံစားရသူများအား သက်ဆိုင်ရာမြို့နယ် အသီးသီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ပေါင်မြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် အိမ်အချို့ပြိုကျကာ အမိုးအကာများပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေး ပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ပေးခဲ့ပါသည်။ ဘီးလင်းတွင် ရေဘေးကူညီကယ်ဆယ်ရေး စခန်း (၃၅)ခုဖွင့်လှစ်ထားရှိပြီး ဇူလိုင်လ ၂၈ရက် တွင် တကိုယ်ရေကျန်းမာရေးသုံးပစ္စည်း(Hygiene Parcel)(၃၀၀)၊ အမျိုးသမီးများအတွက် Dignity kit (၃၀၀) နှင့် Life Jacket (၁၀) ထည် အပါအဝင် ကြက်ခြေနီစေတနာလုပ်အားရှင် များအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် မိုးကာ၊ ဖိုက်ဘာဦးထုပ် အလံ များလည်းကြိုတင်ပြင်ဆင်ထားရှိပါသည်။ * တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ရငဲကျေးရွာအုပ်စု ကုန်းသာယာအင်းကျေးရွာတွင်ရေကြီးမှုကြောင့် အိမ်ထောင်စုပြောင်းရွှေ့ရာသို့ဒေသခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ရေဖြူမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ပါဝင်ကူညီခဲ့ကြသည်။ * နေပြည်တော် လယ်ဝေးမြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် ရေများစတင်ဝင်နေပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ စာရင်းကောက်ယူခြင်းများ ပြုလုပ်လျက်ရှိပါသည်၊ ချောင်းနားရှိ အိမ်အချို့ ရေစီးကြောင့် မျောပါပျက်စီးကြောင်း စာရင်းရရှိပါသဖြင့် Kitchen set, Tarpaulin, Shelter tool kit များထောက်ပံ့ရန်စီစဉ်ထားရှိပါသည်။ * ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်များတွင် ရေကြီးရေလျံမှုများကြောင့် ထိခိုက်ခံစားရသူများအား နေပြည်တော်ကြက်ခြေနီသိုလှောင်ရုံ မှ Hygiene Parcel (၃၀၀) အားပေးအပ်ခဲ့ပါသည်။ ထောက်ပံ့ ပစ္စည်းများပေးအပ်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြတ်အေး နှင့် တာဝန်ရှိသူများတက်ရောက်ပြီး၊ ပြည်ထောင်စုဝန်ကြီးမှ ကြက်ခြေနီများစေတနာလုပ်အားရှင်များအား ရင်းနှီးစွာအားပေးနှုတ်ဆက်ပြီးလိုအပ်သည့် အကူအညီတောင်းနိုင်ရန်ပြောကြားခဲ့ပါသည်။ * ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်မြို့နယ်များတို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အနိမ့်ပိုင်းဒေသများတွင်နေထိုင်လျက်ရှိသောအိမ်ထောင်စုများသည် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့လျက်ရှိရာအဆိုပါမြို့နယ်များသို့ ကယ်ဆယ်ရေးပစ္စည်းများပေးပိုရှိပါသည်။ * ရေဘေးကယ်ဆယ်ရေး တာဝန်ထမ်းဆောင်လျက်ရှိသော ကြက်ခြေနီစေတနာ့လုပ်အားရှင်များအသုံးပြုနိုင်ရန်အတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးသုံးပစ္စည်းများအားထောက်ပံ့ပေးနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှစီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ကရင်ပြည်နယ် တို့မှ မြို့နယ် ပေါင်း (၁၁)မြို့နယ် ရှိ ရေဘေးကြောင့်ထိခိုက်ခံစားနေရသော ရပ်ရွာပြည်သူလူထုများအား ကြက်ခြေနီစေတနာလုပ်အားရှင် (၁၇၀) ကျော်ဖြင့် လူမှုကရုဏာအကူအညီများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  29/ Jul/ 2018

Red Cross Response to Flood

ရေးဘေးကူညီကယ်ဆယ်ရေးအတွက် ကြက်ခြေနီမှ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ ဖွင့်လှစ်ဆောင်ရွက် ============================== ရန်ကုန်၊ဇူလိုင်လ။ မြန်မာနိုင်ငံတဝန်းတွင်ဇူလိုင်လတတိယပတ်မှစတင်ကာ မုတ်သုံမိုးပိုမိုအားကောင်းလာခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်၊ချောင်းများတွင် ရုတ်တရက်မြစ်ရေကြီးမှုအခြေအနေများဖြစ်ပေါ်သည်။ အဆိုပါရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသော ရပ်ရွာပြည်သူလူထုအား ထိရောက်စွာ အကူအညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ ၏လမ်းညွှန်ချက်နှင့် အညီ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ( Emergency Operation Centre, EOC) အားဖွင့်လှစ်၍ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ ဦးဆောင်ကာ ထိခိုက်ခံစားရသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့်ချိတ်ဆက်ကာ လူမှုကရုဏာအကူအညီများပေးအပ်ဆောင်ရွက်လျက်ရှိသည်။ ရေးဘေးကြောင်းထိခိုက်ခံစားရသူပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ပူးပေါင်းပါဝင်ကူညီလှူဒါန်းနိုင်ကြပါကြောင်နှင့် လှူဒါန်းလိုသူများအနေဖြင့် - မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ(EOC)  အမှတ်(၄၂)၊(၂)လွှာ၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဆက်သွယ်ရန် - ဦးအောင်သောင်းရွှေ၊ဒုတိယညွှန်ကြားရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖုန်း- ၀၉၄၃၁၅၉၇၃၇, ၀၉၆၉၅၁၂၁၃၆၇  သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။

Read More

  11/ Jul/ 2018

ကြက်ခြေနီမှ မြိတ်မြို့တွင် ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်း၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ဆုချီးမြှင့်

= = = မြိတ်၊ ဇူလိုင် မြန်မာနိုင်ငံကြက်ခြေနီအသင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ဆုချီးမြှင့် ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဆရာဦးလှမြှင့်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဆရာဦးလှမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ကြက်ခြေနီမှ အမှတ်တရ ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစွည်းများ၊ ဆုငွေများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Credit;

Read More

  05/ Jul/ 2018

၂၀၁၈ ခုနှစ် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆုချီးမြှင့်ခံရသော ဒေါ်စုစုလှိုင်အား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူ

= = = မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့အထက(၁)ရွှေရတုခန်းမ၌ ကျင်းပသော ၂၀၁၈ ခုနှစ် “ မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အောင်လံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်စုမှူး ဒေါ်စုစုလှိုင်သည် ၂၀၁၈ ခုနှစ် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆု ချီးမြှင့်ခံရခြင်းအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် ဝမ်းမြှောက် ဂုဏ်ယူရပါသည်။ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်စုမှူး ဒေါ်စုစုလှိုင်သည် အောင်လံမြို့နယ်အတွင်း ရေဘေး၊ မီးဘေး၊ လေဘေးများနှင့် မတော်တဆ ယာဉ်တိုက်ခြင်း/တိမ်းမှောက်ခြင်းများတွင် အားကြိုးမာန်တက် စွမ်းစွမ်းတမံ လူမှုကရုဏာလုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့ အမျိုးသမီးရေးရာအဖွဲ့မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အထက(၁) ရွှေရတုခန်းမ၌ ကျင်းပသော ၂၀၁၈ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အခမ်းအနားတွင် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ အောင်လံမြို့ အမျိုးသမီးရေးရာအဖွဲ့သည် နှစ်စဉ် အောင်လံမြို့နယ်အတွင်းရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကျိုးမာန်တက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျီုးသမီးများ၏ အကျိုးစီးပွားအတွက် စိတ်ရင်းစေတနာဖြင့် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသမီးများကို မှတ်တမ်းတင် ဂုဏ်ပြုချီးမြှောက်ခြင်း ဖြစ်ပါသည်။

Read More

  05/ Jul/ 2018

၂၀၁၈ ခုနှစ် “ ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆုချီးမြှင့်ခံရသော ဒေါ်ဇွန်လေးဝေအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ၀မ်းမြှောက် ဂုဏ်ယူ

= = = နေပြည်တော်၊ ဒက္ခိဏသီရိမြို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ၂၀၁၈ ခုနှစ် “ (၁၅) ကြိမ်မြောက် ထူးချွန်အမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ” အခမ်းအနားတွင်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး (တတိယတန်း) ဒေါ်ဇွန်လေးဝေသည် ၂၀၁၇ ခုနှစ် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆု ချီးမြှင့်ခံရခြင်းအတွက်  မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ဝမ်းမြှောက် ဂုဏ်ယူရပါသည်။ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဦးစီးမှူး (တတိယတန်း) ဒေါ်ဇွန်လေးဝေသည် ရှမ်းပြည်နယ်တောင်ပိုင်း စစ်ဘေးရှောင်စခန်းများတွင် လူမှုကရုဏာလုပ်ငန်းများနှင့် မိသားစု ပြန်လည်ဆက်သွယ် ပေးရေး လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သောကြောင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး၌ ကျင်းပသော ၂၀၁၈ ခုနှစ် “ (၁၅) ကြိမ်မြောက် ထူးချွန်အမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ” အခမ်းအနားတွင် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သည် နှစ်စဉ် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကျိုးမာန်တက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျီုးသမီးများ၏ အကျိုးစီးပွားအတွက် စိတ်ရင်းစေတနာဖြင့် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသမီးများကို မှတ်တမ်းတင် ဂုဏ်ပြုချီးမြှောက်ခြင်း ဖြစ်ပါသည်။

Read More

  03/ Jul/ 2018

ကြက်ခြေနီမှ မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် ထိုင်း – မြန်မာ နယ်စပ်တစ်လျှောက် ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေရှာတွင် ပါဝင် ကူညီလျှက်ရှိ 

= = = တာချီလိတ်၊ ဇွန် မြန်မာနိုင်ငံကြက်ခြေနီအသင်း တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ထိုင်းလူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက် ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေခြင်းများကို ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်လည်း ပါဝင် ကူညီဆောင်ရွက်လျှက်ရှိပါသည်။ ထိုင်းလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံအတွင်းမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ကူညီသူများပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ရှာဖွေရေးများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit; Minxtut #PhotoCredit

Read More

  03/ Jul/ 2018

Auto Draft

= = = တာချီလိတ်၊ ဇွန်လ မြန်မာနိုင်ငံကြက်ခြေနီအသင်း တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်မီးသတ်ဦးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများနှင့် မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ထိုင်းလူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် တာချီလိတ်မြို့ရှိ ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေခြင်းများကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်ခဲ့ကြပါသည်။ ထိုင်းလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံအတွင်းမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ကူညီသူများပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ရှာဖွေရေးများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည်။

Credit; Minxtut #PhotoCredit

Read More