|
RMS

  09/ Aug/ 2022

မိုးကုတ်တွင် မြေပြိုမှုကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စုကို ကြက်ခြေနီက ထောက်ပံ့ကူညီ

မိုးကုတ်၊ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၉)ရက်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ဩဂုတ်လ(၁)ရက်နေ့ကမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုကြောင့် မိုးကုတ်မြို့နယ် မြို့မရပ်ကွက်၊ တောင်ကချင်ရပ်တွင် နေအိမ်(၁)လုံး ထိခိုက် ပျက်စီးခဲ့ပါသည်။
နေအိမ်ပျက်စီးမှုကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု(၁)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံ၊ အိမ်ဆောက် အထောက်အကူပြု ပစ္စည်း (၁)စုံနှင့် ရေပုံး(၁)ပုံးတို့ကို မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဒေါက်တာအောင်မြင့်နှင့် အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဩဂုတ်လ(၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

Read More

  08/ Aug/ 2022

Our Volunteers helped saving the driver who flows in heavy water

တာချီလိတ်၊ ဩဂုတ်လ (၈) ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မိုးများစွာရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အသင်းများနှင့်အတူ ပူးပေါင်း ကူညီပေးခဲ့ပါသည်။
ထိုသို့ကူညီရာတွင် ရေစီးနှင်အတူ မျောပါသွားသော မော်တော်ယာဉ်နှင့် ယာဉ်မောင်းကိုလည်း ပြန်လည်တွေ့ရှိစေရန် ရှာဖွေရာတွင် ပါဝင်ကူညီ‌ပေးခဲ့ပါသည်။

Read More

  05/ Aug/ 2022

Red Cross Volunteers cleaned a drinking water pool to access clean water

မင်းပြား၊ ဩဂုတ်လ (၄)ရက် ။ သန့်ရှင်းသော သောက်ရေသုံးရေ ရရှိမှုက ရပ်ရွာလူထုကျန်းမာရေးမြှင့်တင်မှုတွင် တစ်ဖက်တစ်လမ်းကအထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရပ်ရွာလူထုအတွက် ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ရရှိလာအောင် ဆောင်ရွက်လျှက် ရှိပါတယ်။ ယခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရပ်ရွာလူထု အသုံးပြု လျှက်ရှိသော မင်းကန်သောက်သုံးရေကန်အား ရေကောင်းရေသန့်ရရှိရေးအတွက် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။    

Read More

  03/ Aug/ 2022

The Red Cross Volunteers demostrated and taught the emergency first aid trainig forsnakebite in Hpa-An

ဘားအံ၊ ဩဂုတ်လ (၃) ရက်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝင်းကျန်ကျေးရွာအုပ်စု ဖားလင်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများအား မိုးရာသီအတွင်းအဖြစ်များသော မြွေကိုက်ဒဏ်ရာပြုစုနည်းနှင့် အခြေခံအသက်ကယ် အထောက်အကူပြုစုနည်းများကို မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လက်တွေ့သရုပ်ပြ သင်ကြားပြသပေးခဲ့ပါသည်။ ထို့အပြင် ကြက်ခြေနီအကြောင်းသိကောင်းစရာများနှင့် ခန္ဓာဗေဒအကြောင်းသိကောင်းစရာများကိုလည်း ပြောကြားခဲ့ပါသည်။  

Read More

  01/ Aug/ 2022

Providing humanitarian assistance to displaced people in Southern Shan State

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဩဂုတ်လ (၃) ရက်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသူများအတွက် လူမှုကရုဏာ အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ စဉ်ဆက်မပြတ်အကူအညီများ ပေးအပ်လျက်ရှိရာ ယခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်းနှင့် ရပ်စောက်မြို့နယ်များသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀) စုတို့အတွက် MPT Telecommunication company ၏ အထောက်အပံ့ဖြင့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို သွားရောက် ဖြန့်ဝေခဲ့ပါသည်။ အဆိုပါမြို့နယ်များရှိ နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀)စုတို့အတွက် စောင် (၁,၀၀၀) ထည်၊ မိုးကာအင်္ကျီ (၁,၀၅၀) ထည်၊ စားသုံးဆီ (၂,၁၉၄) ဗူး၊ ခေါက်ဆွဲခြောက် (၂,၀၀၀) ထုပ်နှင့် အသားဗူး (၂,၀၀၀) ဗူးတို့ကို အသင်းဌာနချုပ်မှ ဝန်ထမ်းများ၊ ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် MPT မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။  

Read More

  25/ Jul/ 2022

အရေးပေါ်သွေးလိုအပ်နေသူ သွေးသန့်ရရှိရေးအတွက် ကြက်ခြေနီက သွေးလှူရှင်ရှာဖွေပေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) တွင် ဆေးကုသမှုခံယူနေသော ခွဲစိတ်လူနာတစ်ဦးသည် သွေးလိုအပ်လျှက်ရှိရာ နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးက သွေးလှူရှင်များအား ရှာဖွေပေးခဲ့ပြီး ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။

Read More

  21/ Jul/ 2022

Myanmar Humanitarian Crisis English for MRCS

https://www.youtube.com/watch?v=C6lm4-G1J7Y  

Read More