|
RMS

  13/ May/ 2022

တာချီလိတ်မြို့သို့ရောက်ရှိလာသော နေရပ်ပြန်များအား ကြက်ခြေနီက ကူညီဆောင်ရွက်ပေးလျက်ရှိ

တာချီလိတ်၊ မေလ(၁၃)ရက်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းသို့ အကြောင်းအမျိုးမျိုးကြောင့် လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သား နေရပ်ပြန် (၁၈၂)ဦးအား လက်ခံကြိုဆိုကူညီဆောင်ရွက်ခဲ့ပေးခြင်း၊ အဆိုပါနေရပ်ပြန်များအား သီးသန့်ထားရှိစင်တာတွင် (၇)ရက်တာနေထိုင်ရမည်ဖြစ်ပြီး အိုမီခရွန်စစ်ဆေး၍ ရောဂါကင်းစင်သူများအား သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးသို့ ပြန်လည် ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရောဂါတွေ့ရှိသူများကို သီးသန့်ထားရှိကာ အဆိုပါသီးသန့်လူနာ‌ဆောင်များတွင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက တာဝန်ယူကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  13/ May/ 2022

ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ကြက်ခြေနီက အရေးပေါ်ရှေးဦးပြုစု

လမ်းမတော်၊ မေလ (၁၃)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၁၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မင်းရဲကျော်စွာလမ်းအနီးတွင် စိတ်ဝေဒနာခံစားနေရသူတစ်ဦး ဦးခေါင်းကွဲဒဏ်ရာများရရှိနေသဖြင့် လမ်းမတော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များသွားရောက်ကာ အရေးပေါ်ရှေးဦးပြုစုပေးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

Read More

  13/ May/ 2022

အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည့် လူနာအား ကြက်ခြေနီက ဆေးရုံသို့ပို့ဆောင်ကူညီ

သင်္ဃန်းကျွန်း၊ မေလ (၁၃)ရက်။ ၂၀၂၂ခုနှစ်၊ မေလ(၁၃)ရက်နေ့ နံနက်(၁)နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက်မှ နှလုံးရောဂါဝေဒနာရှင်တစ်ဦး အမောဖောက်၍ ဆေးကုသမှုခံယူရန်လိုအပ်သဖြင့် သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များသွားရောက်ကာ ရှေးဦးပြုစုပေးခဲ့ပြီး လူနာတင်ယာဉ်ဖြင့် အောင်ရတနာဆေးရုံသို့လည်းကောင်း၊ ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့လည်းကောင်း ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။  

Read More

  12/ May/ 2022

ငပုတောမြို့နယ်အလှူရှင်မိသားစုမှ မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ လူနာတင်ယာဉ်တစ်စီး လှူဒါန်း

ငပုတော၊ မတ်လ (၁၂)ရက်။
၂၀၂၂ခုနှစ်၊ မတ်လ (၇)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ အလှူရှင် ဦးမန်းအင်စွမ်းနှင့် ဒေါ်နန်းပု မိသားစု(ဂျမ်းကပ်ကျေးရွာ)မှ ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ လူနာတင်ယာဉ်တစ်စီး လှူဒါန်းပေးအပ်ခဲ့ပါသည်။
ကြက်ခြေနီမှဆောင်ရွက်လျက်ရှိ‌သော လူမှုကရုဏာလုပ်ငန်းများကို ပိုမို ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် ယခုကဲ့သို့ လူနာတင်ယာဉ်အား လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များမှ လက်ခံရယူခဲ့ပါသည်။
ယခုကဲ့သို့ ကြက်ခြေနီလှုပ်ရှားမှုများကို ယုံကြည်စွာဖြင့် လူနာတင်ယာဉ်လှူဒါန်းပေးခဲ့သော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

Read More

  12/ May/ 2022

ကြက်ခြေနီက စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်(၄) မြို့နယ်ရှိ ယာယီခိုလှုံရေးစခန်းများနှင့် ကျေးရွာမှ ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေး

ရန်ကုန်၊ မေလ(၁၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် လူမှုကရုဏာ အကူအညီများ‌ ပေးရာတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီလျက်ရှိရာ ပြီးခဲ့သည့် ဧပြီလ (၂၃) ရက်မှ ဧပြီလ (၂၉) ရက်‌နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်သူများအား အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားနပ်ရိက္ခာ နှင့် အခြားအခြေခံ လိုအပ်သည့် ပစ္စည်းများ၊ Covid-19 ကာကွယ်ရေးသုံးပစ္စည်းများ၊ ရေနှင့် သန့်ရှင်းရေးသုံးပစ္စည်းများကို သွားရောက် ကူညီ ထောက်ပံ့ ပေးခဲ့ကြပါသည်။
ထိုသို့သွားရောက်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်မှ ဝန်ထမ်း (၇) ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၂) ဦး စုစုပေါင်း (၁၉) ဦးတို့သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကန့်ဘလူမြို့နယ် (၄) မြို့နယ်မှ ယာယီခိုလှုံရေးစခန်း (၅) ခုနှင့် ရွေဘိုမြို့နယ်မှ ကျေးရွာ(၂) ရွာရှိ အိမ်ထောင်စု (၃၃၈) စု လူဦးရေ (၁,၁၉၁) ဦးအတွက် (၇၉,၅၄၅,၀၅၀)ကျပ် တန်ဖိုးရှိ ကနဦး အရေးပေါ်လိုအပ်ချက်များဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) (၃၃၈) စုံ၊ နှာခေါင်းစည်း (၅၀ ပါဗူး) ၃၃၈ ဗူး၊ လက်သန့်ဆေးရည် (၃၃၈) ဗူး၊ မိသားစုသုံး တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း (၃၃၈) ပုံး၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၃၂၅) ပုံး၊ အမျိုးသား တစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်း (၃၂၆) ပုံး၊ မိုးကာအင်္ကျီ (၆၅၂) ထည်၊ တာပေါ်လင် (၆၇၆) ချပ်၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်း (၁၆၈) အိတ်၊၊ မိသားစုသုံး ရေသန့်ပုံး (Life Straw) (၇) ခု၊ ၂၀၀ ဂါလံဆန့် ရေပုံး (၆) ခုတို့ကို သွားရောက်ထောက်ပံ့ကူညီပေးခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းများ ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
အလားတူ အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ ရေနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ၊ အခြားလိုအပ်သည့်ပစ္စည်းများကို ဆက်လက် ထောက်ပံ့ကူညီနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

Read More

  12/ May/ 2022

ကြက်ခြေနီက မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေး

ရန်ကုန်၊ မေလ(၁၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် လူမှုကရုဏာ အကူအညီများ‌ ပေးရာတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီလျက်ရှိရာ ပြီးခဲ့သည့် မေလ (၄) ရက်မှ မေလ (၆) ရက်‌နေ့အထိ မကွေးတိုင်းဒေသကြီးရှိ ပြည်သူများအား အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားနပ်ရိက္ခာ နှင့် အခြား အခြေခံ လိုအပ်သည့် ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများကို သွားရောက် ကူညီ ထောက်ပံ့ ပေးခဲ့ကြပါသည်။
ထိုသို့သွားရောက်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်း (၁၀) ဦး နှင့် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင် (၄) ဦး စုစုပေါင်း (၁၄) ဦးတို့သည် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်နှင့် ကျောက်ထုမြို့ရှိ အိမ်ထောင်စု (၄၆၈) စု လူဦးရေ (၁,၈၀၃) ဦးအတွက် ကနဦး အရေးပေါ်လိုအပ်ချက်များဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) (၄၆၈) စုံ၊ နှာခေါင်းစည်း (၅၀ ပါဗူး) (၄၆၈) ဗူး၊ လက်သန့်ဆေးရည် (၁၀၀ မီလီဗူး) (၄၆၈) ဗူး၊ မိသားစုသုံး တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း (၄၆၈) ပုံး၊ မီးဖိုချောင်သုံးပစ္စည်း (၄၆၈)ပုံး၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၆၈) ပုံး၊ အမျိုးသား တစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၆၈) ပုံး၊ မိုးကာအင်္ကျီ (၉၃၆) ထည်၊ တာပေါ်လင် (၉၃၆) ချပ်၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်း (၂၃၅) အိတ်နှင့် ရပ်ရွာလူထုသုံးရေသန့်ပုံး (Community Lifestraw ) ၂ ခုတို့ကို သွားရောက်ထောက်ပံ့ကူညီပေးခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
အလားတူ အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ ရေနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ၊ အခြားလိုအပ်သည့်ပစ္စည်းများကို ဆက်လက် ထောက်ပံ့ကူညီနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

Read More

  12/ May/ 2022

ဆင်ဖြူကျွန်းတွင် သွေးလိုအပ်နေသည့် လူနာအတွက် ကြက်ခြေနီက သွေးလှူဒါန်း

ဆင်ဖြူကျွန်း၊ ၂၀၂၂ခုနှစ်၊မေလ(၁၂)ရက်။
မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ကိုသက်ဇော်ဦးသည် ဆင်ဖြူကျွန်းဆေးရုံတွင် သွေးလိုအပ်နေသည့် လူနာအတွက် (A)အမျိုးအစား သွေး (၁)လုံးကို မေလ (၁၂) ရက်နေ့က သွားရောက် လှူဒါန်းပေးခဲ့ပါသည်။

Read More

  11/ May/ 2022

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား၊ သွေးလှူဒါန်းပွဲနှင့် မြို့နယ်အသီးသီးတွင်လည်း အထိမ်းအမှတ်အခမ်းအနားများ၊ပြပွဲ၊ပြိုင်ပွဲများ ပြုလုပ်ကျင်းပ

မွန်၊ မေလ (၉)ရက်။
၂၀၂၂ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို မေလ(၈)ရက်နေ့၊နံနက်(၈း၀၀)နာရီအချိန်တွင် မော်လမြိုင်သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သွေးလှူဒါန်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်အမှုဆောင် ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဒေါ်ခင်လေးသိင်္ဂါ နှင့် ကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယပြည်နယ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ သထုံခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒုတိယခရိုင်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်များမှ မြို့နယ်တပ်ဖွဲ့မှူးများ၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များ၊ စေတနာသွေးသန့် သွေးလှူရှင် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကာ သွေးများ လှူဒါန်းခဲ့ကြပါသည်။နံနက်(၉း၀၀)အချိန်တွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ကြပါသည်။
ကျိုက္ခမီမြို့တွင်လည်း ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျိုက္ခမီမြို့ကြက်ခြေနီအသင်းခွဲရုံးတွင် ပြုလုပ်ကျင်းပခဲ့ပြီး ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါသည်။
သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များတွင်လည်း ၂၀၂၂ခုနှစ်၊ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရာယ် အသိပညာပေး အစီအစဉ်အနေဖြင့် ပြခန်းများခင်းကျင်းပြသခြင်း နှင့် အသိပညာပေး မေးခွန်းများ အမေးအဖြေများ ပြုလုပ်ကာ လာရောက်ကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

Read More

  11/ May/ 2022

ကြက်ခြေနီက ကွမ်းလုံတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ချရေး အသိပညာပေးစီမံချက်များ ပြုလုပ်

၂၀၂၂ ခုနှစ်၊ မေလ (၁၁) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျှော့ပါးရေး အသိပညာပေးခြင်း စီမံချက်လုပ်ငန်းများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည်။
၂၀၂၂ ခုနှစ်၊ မေလ (၁၁) ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့အတွင်းရှိ ပြည်သူများ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျှော့ပါးသက်သာစေရန်ရည်ရွယ်၍ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းအကြွင်းအကျန်များ၏ ဆိုးကျိုးများ၊ ထိခိုက်မှုအန္တရာယ်များနှင့် ဒေသဆိုင်ရာအမှတ်အသားများ အကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဦးသိန်းစိုးနိုင်၊ စီမံချက်အရာရှိ ဒေါ်နှင်းနွယ်နွယ်ထွေးနှင့် မြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင်များက ဦးဆောင်ဆွေးနွေးကာ တတ်ရောက်လာသူများကလည်း စိတ်ပါဝင်စားစွာပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

Read More