|
RMS

  05/ May/ 2022

မိုင်းဖြတ်မြို့တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်လှစ်

မိုင်းဖြတ်၊ မေလ(၅)ရက်။
      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကာ ၂၀၂၂ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းအား မိုင်းဖြတ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို မေလ(၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း (၃၀)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။

Read More

  04/ May/ 2022

မွန်ပြည်နယ်အတွင်း ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားကူညီဆောင်ရွက်နေမှုများ

မွန်၊ မေလ(၄)ရက်။
      ၂၀၂၂ခုနှစ်၊ မေလ(၄)ရက်နေ့ တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ ရော်ဘာစက်ရုံ မီးလောင်မှုအတွင်း မီးခိုးများကြောင့် အသက်ရှူခက်ခဲခဲ့သည့် ကယ်ဆယ်ရေးသမားများနှင့် စက်ရုံဝန်ထမ်းများအား ရှေးဦးပြုစုပေးခဲ့ပြီး ဆေးရုံသို့ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပို့ဆောင်ကူညီပေးခဲ့ပါသည်။
      မေလ(၃)ရက်နေ့ကလည်း မုဒုံမြို့နယ်၊ မီးပွိုင့်အနီး ယာဉ်မတော်မဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသမီး(၂)ဦးအား ရှေးဦးပြုစုပေးကာ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးပြီး နေအိမ်သို့ ထပ်မံပို့ဆောင်ပေးခဲ့ပါသည်။
      ထို့ပြင်ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၂ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်မြို့နယ် သာသနာ့ဗိမာန်တော်ကြီးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို မေလ (၃)ရက်နေ့က မိတ်ဖက်လူမှုရေးအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  04/ May/ 2022

အရေးပေါ်အ‌‌ခြေအနေတွေမှာ ကြက်‌ခြေနီတွေဟာ ပထမဆုံးတုံ့ပြန်ဆောင်ရွက်ပေးသူတွေပါ

ကြင်နာစိတ်ထားကြက်‌ခြေနီများ_လူတိုင်းအပေါ်ကူညီသွား

Read More

  04/ May/ 2022

မအူပင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအား ကြက်ခြေနီက ကူညီဆောင်ရွက်

မအူပင်၊ မေလ (၃)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၃)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အမှတ် (၁)ရပ်ကွက်၊ (၁၀)ရပ်ကွက်နှင့် (၁၂)ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခြင်းများဖြစ်ခဲ့သဖြင့် မအူပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များသွားရောက်ကာ ထိခိုက်ခံစားရသောအိမ်ထောင်စုများအား ပြောင်းရွှေ့ပေးခြင်း၊ သစ်ပင်၊သစ်ကိုင်းများ ရှင်းလင်းပေးခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်မှုများပြုလုပ်ပေးခဲ့ကြပါသည်။
ကြက်ခြေနီစေတနာစေတနာလုပ်အားရှင်များသည် ရပ်ရွာလူထု ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိနေကြပြီး ဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်အခြေအနေများတွင် ရှေ့ဆုံးမှ ကူညီပေးနေကြသူများဖြစ်ပါသည်။

Read More

  04/ May/ 2022

စဥ့်ကူးတွင် နေရပ်စွန့်ခွာ အိမ်ထောင်စုများအား ကြက်ခြေနီက ကူညီထောက်ပံ့

မန္တလေး၊ ၂၀၂၂ခုနှစ်၊ မေလ (၃)ရက်။
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ စဥ့်ကူးမြို့နယ်သို့ ရောက်ရှိလာသော နေရပ်စွန့်ခွာ အိမ်ထောင်စု (၄၈)စု တို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၈)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၄၈)စုံ၊ စောင်(၄၈)ထည်၊ ခြင်ထောင်(၄၈)လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(တစ်ပတ်စာ) (၄၈)စုံ၊ ပါးစပ်နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်၊ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မေလ(၃)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More

  03/ May/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း လုပ်ငန်းခွင်မိတ်ဆက်သင်တန်း ဖွင့်ပွဲ ပြုလုပ်

ရန်ကုန်၊ မေလ (၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနနှင့် လူသားအရင်းအမြစ်ဌာနတို့မှ ပြုလုပ်သည့် လုပ်ငန်းခွင်မိတ်ဆက်သင်တန်း(၄/၂၀၂၂) ဖွင့်ပွဲကို ယနေ့ မေလ (၃)ရက်၊ အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် Online Video Conferencing (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအဖွင့်အမှာစကားကို ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်မှ ယခုသင်တန်းတက်ရောက်လာသည့် ဝန်ထမ်းသစ်များကို ကြိုဆိုပါကြောင်း၊ သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များကို စိတ်ပါဝင်စားစွာတက်ရောက်ဆွေးနွေးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်စေရန်အတွက် အထောက်အကူပြုပါကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတဝန်းလုံးတွင် ကိုဗစ်၁၉ရောဂါ တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် လူမှုကရုဏာလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများအားလုံးအတွက် အားပေးဂုဏ်ပြုလက်ခုပ်တီးခဲ့ကြပါသည်။
အခမ်းအနားကို လူသားအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူးဒေါ်ချမ်းမင်းဦး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၃၄)ဦးတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းကို မေလ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ (၄)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Read More

  02/ May/ 2022

ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ် (၂၄နာရီ)ဝန်ဆောင်မှုဖြင့် အရေးပေါ်လူနာများအားကူညီပို့ဆောင်ပေးလျက်ရှိ

ထားဝယ်၊ မေလ(၂)ရက်။
     မေလ(၁)ရက်နေ့၊ နံနက်(၇:၁၀)နာရီအချိန်ခန့်တွင် လောင်းလုံးမြို့နယ်၊ ပန်းဒက်အင်းကျေးရွာမှ ဦးခေါင်းဒဏ်ရာရရှိသော အမျိုးသမီးတစ်ဦးအား ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဆောင်မှ ဖျားနာဆောင်သို့ ပို့ဆောင်ပေးခြင်း၊
နံနက်(၇:၅၀)နာရီအချိန်ခန့်က ထားဝယ်မြို့ ကျောက်မော်ရပ်၊ စာတိုက်လမ်းဆုံတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသော အမျိုးသားတစ်ဦးအား ရှေးဦးပြုစုပေးခဲ့ပြီး နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊
မွန်းလွဲ(၂း၀၀)နာရီခန့်တွင် ထားဝယ်မြို့ကြက်စားပြင်ရပ်မှ ဆေးရုံဆင်းလူနာ အမျိုးသားတစ်ဦးအား ထားဝယ်ဆေးရုံကြီး မှ နေအိမ်သို့ ပို့ဆောင်ပေးခြင်း၊
ည(၇:၃၀)နာရီအချိန့်ခန့်တွင် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မှ COVID-19 Positive တွေ့ရှိသော (၈)နှစ်အရွယ် ကလေးတစ်ဦးအား ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဆောင် မှ COVID ကုသဆောင် သို့ ပို့ဆောင်ပေးခြင်းများကို ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  18/ Apr/ 2022

သင်သိပါသလား - နှစ်စဉ် မေလ (၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီအဖြစ်သတ်မှတ်ထားပါတယ်။

သင်သိပါသလား - နှစ်စဉ် မေလ (၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီအဖြစ်သတ်မှတ်ထားပါတယ်။ ယင်းနေ့တွင် မြန်မာနိုင်ငံနည်းတူ ကမ္ဘာ့တစ်ဝန်းရှိ အခြားအမျိုးသားအသင်းများမှာလည်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကာ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများအကြောင်းကို တိုးမြှင့်အသိပညာပေးလျက်ရှိပါတယ်။

        ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “#Be human kind #ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” ဖြစ်ပါတယ်။
ယခုဆိုလျှင် ကမ္ဘာကြီးမှာ COVID-19 ကူးစက်ရောဂါတွေ၊ ရာသီဥတုအပြောင်းအလဲမှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေနှင့် ပဋိပက္ခတွေဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဤရှုပ်ထွေးလှတဲ့အချိန်ကာလတွေမှာ ကြက်ခြေနီအခြေခံမူ (၇) ချက်ထဲက “လူသားချင်းစာနာထောက်ထားမှု” ဆိုတဲ့ အဓိပ္ပါယ်ကို ရပ်ရွာလူထုအတွင်း ပိုမို ကိန်းဝပ်ပြန့်ပွားစေဖို့် လိုအပ်လျက်ရှိနေပါတယ်။
        ဒါကြောင့် ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်ဖြစ်တဲ့ “#ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” အတိုင်း ကျွန်ုပ်တို့သည် အကြင်နာမေတ္တာတရားပြည့်ဝစွာဖြင့် ရပ်ရွာလူထုအတွက် လိုအပ်တဲ့ လူမှုကရုဏာအကူအညီ များကို ဆက်လက်ပေးသွားကြဖို့ တိုက်တွန်းရင်း ဂုဏ်ပြုလိုက်ပါတယ်။
        ဖော်ညွှန်းရန် ပြုလုပ်ရမည့် လက်ပုံစံ သင်္ကေတရဲ့ အဓိပ္ပါယ်ကတော့ “ကျွန်ုပ်တို့အားလုံးသည် လူသားအချင်းချင်းကြင်နာကြောင်း ပြသရန် အတူတကွ ပေါင်းစည်းထားသည်ဆိုသည့်” အဓိပ္ပါယ်ဖြစ်ပါတယ်။
#WorldRedCrossDay #ကမ္ဘာ့ကြက်ခြေနီနေ့ #MRCS #လူသားချင်းစာနာထောက်ထားမှု
#ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား #Behumankind

Read More