|
RMS

  10/ Jul/ 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီ ကူညီဆောင်ရွက်

၂၀၂၁ ခုနှစ်၊ ဇူလိုင် (၁၀) ရက်
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မိုင်းယောင်းမြို့နယ်အတွင်း နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ရောဂါကာကွယ်ရေးကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးပိုစတာများကပ်ခြင်းနှင့် မိုင်းယောင်းမြို့အဝင်တံတား၌ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ကူညီဆောင်ရွက်ခြင်း၊ မြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် သက်ဆိုင်ရာဆေးကုသရာနေရာသို့ ကူညီပို့ဆောင်ပေးခြင်းတို့ကို မိုင်းယောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ပါသည်။
ထို့အတူ တာချီလိတ်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာများသွားလာခဲ့သော နေရာများနှင့်လူနာတင်ယာဉ်များအား ပိုးသတ်ဆေးဖြန်းပေးခြင်းနှင့် ခရိုင်အားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော လူနာများထားရှိရန် ပြင်ဆင်မှုများတွင်လည်း တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ကြသည်။
ကျိုင်းတုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ကျိုင်းတုံမြို့ စျေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Jul/ 2021

ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး (နည်းပြ)သင်တန်းဆင်းပွဲပြုလုပ်

ရန်ကုန်၊ ဇူလိုင်လ (၉) ရက်
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှပြုလုပ်‌သော ရပ်ရွာ လူထုအခြေပြုဘေးအန္တရာယ်လျော့ပါးရေး(နည်းပြ)သင်တန်းဆင်းပွဲကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့ နေ့လည်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ပြုလုပ်ခဲ့ရာ အချိန်ပြည့်အလုပ်
အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များကို အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်မြသူ၊ ဒုတိအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်းတို့က သင်တန်းသား/သူများအား ပေးအပ်ခဲ့ပြီး သင်တန်းသား(၂)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

Read More

  09/ Jul/ 2021

မင်းတပ်မြို့နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်

မင်းတပ်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ရပ်ရွာလူထုများအတွက် ကနဦးအရေးပေါ် အထောက်အပံ့များအဖြစ် ဆန်အပါအဝင် အစားအစာများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ စောင်၊ ဆေးစိမ်ခြင်ထောင်၊ မိသားစုသုံးပစ္စည်း၊ လက်ဆွဲရေပုံး၊ ပလပ်စတစ်ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ မိသားစုသုံးရေစစ်၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်၊ တာပေါ်လင်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများ အပါအဝင် ပစ္စည်းစုစုပေါင်း (၁၇) မျိုးနှင့် ဆေးပစ္စည်းများကို အိမ်ထောင်စု (၄၈၂) စု၊ လူဦးရေ (၁,၉၉၀) ဦးတို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်းများနှင့် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း (၁၄) ဦးတို့သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ သွားရောက်ဖြန့်ဝေကူညီထောက်ပံ့ခဲ့ပါသည်။
ထို့ပြင် မင်းတပ်မြို့နယ် ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီသို့လည်း လက်သန့်ဆေးရည်များ နှင့် Surgical Mask များ ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုများအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများနှင့် ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

Read More

  09/ Jul/ 2021

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၉ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပညာပေးခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေး ပိုစတာကပ်ပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပြီး မြို့နယ်အတွင်း ရောဂါသံသယရှိသူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် သက်ဆိုင်ရာဆေးကုသရာနေရာသို့ ပို့ဆောင်ပေးခြင်း၊ နေအိမ်များအား ပိုးသတ်ဆေးဖြန်းပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ထို့အတူ ကျိုက်မရောမြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာတွင် လူနာများလိုအပ်သော အကူအညီများကို ကျိုက်မရောမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးက ကူညီပေးလျှက်ရှိပါသည်။
သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း အများပြည်သူအား နှာခေါင်းစည်းများပေးဝေခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ အသိပညာပေးခြင်းနှင့် ကြက်ခြေနီလူနာတင်ယာဉ်အသုံးပြု၍ လူနာများကို ဆေးရုံ၊ ဆေးခန်းများသို့ ကူညီပို့ဆောင်ပေးနေကြပါသည်။
စစ်တောင်းတံတား၊ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင်လည်း ခရီးသည်များအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရောဂါပိုးစစ်ဆေးခြင်း၊ ထပ်မံဖွင့်လှစ်မည့် ရောဂါကုသရေးစင်တာ ပြင်ဆင်ခြင်းတို့တွင် ကျိုက်ထိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးနေကြပါသည်။
မော်လမြိုင်မြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် သက်ဆိုင်ရာဆေးကုသရာနေရာသို့ပို့ဆောင်ပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းပေးခြင်းတို့ကို မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီပေးလျှက်ရှိပါသည်။

Read More

  09/ Jul/ 2021

အသင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းသစ်များကို လုပ်ငန်းခွင်ဝင်မိတ်ဆက်သင်တန်းပေး

မြစ်ကြီးနား (ဇူလိုင်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်)
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ကချင်ပြည်နယ် စီမံချက်များစီမံခန့်ခွဲမှုယူနစ်နှင့် လူသားအရင်းအမြစ်ဌာနမှ စီစဉ်သော လုပ်ငန်းခွင်ဝင် မိတ်ဆက်သင်တန်း(၃/၂၀၂၁)ဖွင့်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းသစ်များကို အသင်း၏မူဝါဒများ၊ အခြေခံမူများ၊ မဟာဗျူဟာပန်းတိုင်များ၊ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝန်ထမ်းများ လိုက်နာရမည့် လမ်းညွှန်ချက်များနှင့်ပတ်သက်ပြီး သိရှိနားလည်လိုက်နာစေရန်နှင့် ဝန်ထမ်းများ လုပ်ငန်းလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်တီ ဥက္ကဌ ဦးဘရန်ဒီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူသားအရင်းအမြစ်ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ချမ်းမင်းဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ အပါအဝင် စုစုပေါင်း(၁၇)ဦးတို့ တက်‌ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို ဇူလိုင်လ (၈) ရက်နေ့မှ (၁၀)ရက်ထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်တွင် Enhance resilience and protection of conflict affected populations in Kachin state, Myanmar DRC(HUM) နှင့် Humanitarian Assistance to conflict affected communities and IDPs in Kachin State(GRC) စီမံချက်များအပြင် မြို့နယ်အသီးသီးရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များမှ ဒေသဆိုင်ရာ လိုအပ်ချက်များအလိုက် လူမှုကရုဏာအကူအညီများ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Jul/ 2021

#COVID19 #staysafe #mentalhealth

ကိုဗစ်-၁၉ ကာလတွေမှာ အပြုသဘောဆောင်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခုခုကို လုပ်ဆောင်နေခြင်းဖြင့် စိတ်သက်သာရာ
ရစေပါတယ်။

Read More

  08/ Jul/ 2021

ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီကူညီဆောင်ရွက်

COVID-19‌‌ ရောဂါကူးစက်မှုမြင့်မားလာခြင်းနှင့်အတူ နိုင်ငံတဝန်းမှ ကြက်ခြေနီများက ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပုသိမ်မြို့ပေါ်ရှိ အောင်ဧရာစျေး၊ အောင်သီရိစျေး၊ ဧရာမင်းစျေးနှင့် ရာမညစျေးတို့တွင် အသိပညာပေး ပိုစတာများကပ်ခြင်းတို့ကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့က ဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  08/ Jul/ 2021

ထိခိုက်ဒဏ်ရာရသူကို ကြက်ခြေနီက ရှေးဦးပြုစုပေးပြီး ဆေးရုံတွင်လည်း ကူညီစောင့်ရှောက်ပေးခဲ့

ရန်ကုန်၊ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၈)ရက်
ပြည်သူ‌တွေ အခက်အခဲ‌ပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ကာလမှာ ကြက်ခြေနီတွေက တစ်ထောင့်တနေရာက ကူညီပေးနိုင်ခဲ့ပါတယ်။
ဇူလိုင်လ(၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အောက်မင်္ဂလာဒုံလမ်းမှာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးကို အင်းစိန်မြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ပို့ဆောင်ပေးရုံသာမက လူနာမိသားစုရောက်လာချိန်ထိ ဆေးရုံမှာ ကူညီစောင့်‌ရှောက်ပေးခဲ့ကြပါတယ်။

Read More

  06/ Jul/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

“အခုလောလောဆယ် လူနာကလည်း (၃၀)လောက်ရှိနေပြီဆိုတော့ ကျွန်တော်တို့ အခုလက်ရှိ လုပ်အားပေးနေတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀)ဦးခန့်အပြင် အင်အားထပ်ဖြည့်ပြီး လူနာတွေအတွက် လိုအပ်တဲ့ နေရာထိုင်ခင်း၊ အစားအသောက်နဲ့ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်ပေးတာတွေကို တတ်နိုင်သလောက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖို့ စီစဥ်နေပါတယ်။ လိုအပ်တာတွေကို တတ်နိုင်သလောက်ဖြည့်ဆည်းဆောင်ရွက်ပြီး ကျွန်တော်တို့ အတူရင်ဆိုင်ကျော်ဖြတ်သွားကြမယ်"
ဦးကိုကိုနိုင် (ထားဝယ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး)
တနင်္သာရီတိုင်းမှကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြန်မာနိုင်ငံတဝန်းမှ အခြားကြက်ခြေနီစေတနာလုပ်အားရှင်များနည်းတူ ကိုဗစ်၁၉ရောဂါ ကူးစက်မှု စတင်ဖြစ်ပွားသည့်အချိန်မှ စကာ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို သက်ဆိုင်ရာများနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
အလားတူ ထားဝယ်မြို့နယ်ရှိ သီတဂူဆေးရုံတွင် ဖွင့်ထားသော ကိုဗစ်ကုသရေးစင်တာတွင် ထားဝယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ရွာလူထုနှင့်အတူ ပူးပေါင်းကာ ရောဂါကူးစက်ခံရသူလူနာများအား အစားအသောက်နှင့် နေရာထိုင်ခင်းပြင်ဆင်ပေးခြင်း၊ ဆေးရုံအတွင်း၊အပြင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လူနာအဝင်၊အထွက်စာရင်းများပြုလုပ်ပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းတို့ကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ စတင်ကာ ယနေ့အထိ ကူညီဆောင်ရွက်ပေးလျှက်ရှိကြပါသည်။
ယခုအခါ ထပ်မံမြင့်တက်လာသော ရောဂါကူးစက်မှု အခြေအနေများကြောင့် အဆိုပါဆေးရုံတွင် ရောဂါကုသမှုခံယူမည့် လူနာဦးရေ(၃၀)ခန့်ရှိနေပြီး လူနာများအတွက် ပိုမို ထိရောက်သောအကူအညီများပေးနိုင်ရန်အတွက် ကြက်ခြေနီစေတနာလုပ်အားရှင်အင်အား ပိုမိုတိုးချဲ့ပြီး ကူညီပေးသွားရန်နှင့် လိုအပ်သည်များ ထောက်ပံ့ကူညီပေးသွားရန် စီစဥ်ဆောင်ရွက်လျက်ရှိနေကြပါသည်။

Read More