|
RMS

  29/ Jan/ 2019

(၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ကျင်းပ 

=== နေပြည်တော်၊ ဇန်နဝါရီ ၂၉ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နှင့် (၃၀) ရက်နေ့ တွင် နေပြည်တော်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်ရှိ စုဝေးခန်းမ၌ (၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ကျင်းပပြုလုပ်လျက်ရှိသည်။ အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာဦးသာလှရွှေ၊ ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်/ အချိန်ပိုင်းအမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိတ်ဖက်အမျိုးသားအသင်းများမှ မြန်မာဌာနေ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌနှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမြင့်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ အထွေထွေ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ခရိုင်တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက “ ယခုနှစ်သည် ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံကို ကျင်းပမည့် နှစ်တစ်နှစ်ဖြစ်သဖြင့် အသင်းအတွက် ထူးခြားသော နှစ်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြီး ဆောင်ရွက်နေသည့် အသင်းဖြစ်သည့်အတွက် အသင်းအတွင်းနှင့် အသင်းပြင်ပ ဆက်သွယ် ဆောင်ရွက်မှုများကို စည်းစနစ်ကျကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ထိခိုက်ခံစားရသူများထံ ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေပေးနိုင်မှာ ဖြစ်သကဲ့သို့ အသင်း၏ လုပ်ဆောင်ချက်များကို အများပြည်သူက ယုံကြည်လက်ခံလာပြီး အသင်းပုံရိပ် လည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ညီလာခံရွေးချယ်တင်မြောက်ရေးကိစ္စရပ်များအတွက် ဆွေးနွေးတိုင်ပင်ရာတွင် အသင်းနှင့် ရည်ရွယ်ချက်တူညီသော မိတ်ဖက်လူမှုအဖွဲ့အစည်းများ အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်လာစေရန်၊ အသင်း၏ပုံရိပ်ကို ထိခိုက်နိုင်သော အသုံးချခံရမှုတွေမဖြစ်အောင် ကြိုတင်လေ့လာစီစစ်စေလို ကြောင်း၊ ဗဟိုကောင်စီဝင်များ အနေနဲ့ မိမိတို့စိတ်ဆန္ဒအရ ကြက်ခြေနီအသင်းမှာ ပါဝင်လာကြသူများ ဖြစ်သည့်အတွက် အသင်းကောင်းကျိုးအတွက် တတ်စွမ်းသမျှဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြ စေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း တင်ပြခဲ့ကာ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပိုင်းအလုပ် အမှုဆောင် ကော်မတီဝင်၊ ဗဟိုဦးစီးမှူးချုပ် ဦးမျိုးမင်းနောင်နှင့် ဗဟိုကောင်စီဝင် ဦးဘုန်းကျော်တို့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ဗဟိုကောင်စီဝင် (၁၀) နှစ်ပြည့် ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အလှူရှင်များ ဖြစ်သည့် Coca Cola Company မှ တာဝန်ရှိသူ ဦးဇေယျာချစ် နှင့် ဦးတင်မောင် (စန္ဒီဘယဆေး)တို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ ဖွင့်ပွဲ အခမ်းအနား ကို နံနက် (၁၀း၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဆက်လက်ပြီး နံနက်(၁၀း၃၀)နာရီတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ သဘာပတိအဖြစ် အဖွင့်အမှာစကားပြောကြားခဲ့ကာ ပထမနေ့ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက (၈၀) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးမှု အခြေအနေများကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက (၈၁) မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့အစီရင်ခံစာကို လည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဒေါ်အမယာမော်နိုင်က အသင်း ၏ ၂၀၁၈ ခုနှစ်၊ ဒုတိယနှစ်ဝက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းက ဘဏ္ဍာရေးအစီရင်ခံစာနှင့် စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ ဥပဒေအကြံပေးဒေါ်ခင်စိုးထိုက်က နည်းဥပဒေပါ ပြင်ဆင်ထားချက်များကိုလည်းကောင်း၊ အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဂဲနက်စ်က ရွေးချယ် တင်မြောက်ရေးစည်းမျဉ်း ပြင်ဆင်ချက်များနှင့် လုပ်ငန်းစဉ်အသေးစိတ်ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကြက်ခြေနီကြီးကြပ်မှု ကေ်ာမတီဝင်များက တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်း ရှင်းလင်းတင်ပြကာ အမှုဆောင်အဖွဲ့မှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး ဒုတိယနေ့တွင် ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ညီလာခံ ကျင်းပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားကြမည် ဖြစ်သည်။ Credit:>>> ဒေါ်ဆွေဆွေစိုးနိုင် Photo Credit:>>> ဦးအောင်မြင့်စိုး၊ ဦးသန့်ဇော်ချို

Read More

  28/ Jan/ 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီအစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်

= = = နေပြည်တော်၊ ဇန်နဝါရီ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီအစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) (၃)ထပ်ဆောင် သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာဦးသာလှရွှေ၊ ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အချိန်ပြည့်နှင့် အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် ကိုယ်စားလှယ်တော်များ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး (Resilience) အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး (Resilience) အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခြင်း၊ နည်းဥပဒေပါ ပြင်ဆင်ထားချက်များကို ဆွေးနွေးတင်ပြခြင်း၊ ရွေးချယ်တင်မြောက်ရေး စည်းမျှဉ်းကို အချောသတ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ လုပ်ငန်းတာဝန်ခွဲဝေရေးလုပ်ငန်းစဉ်များ (Decentralization Process) ကို တင်ပြဆွေးနွေးခြင်း၊ အသင်းသားဖြစ်ခြင်း၊ အသင်းဝင်ကြေးနှင့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ ရန်ပုံငွေ ရှာဖွေရေးနည်းလမ်းများအကြောင်း ဆွေးနွေးတင်ပြခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒနှင့် ကယ်ဆယ်ရေးပစွည်းများ ဖြန့်ဝေခြင်းလမ်းညွှန် (DM Policy & Relieved Item Distribution Guideline) ကို တင်ပြခြင်း၊ CPR Manikin & Small First Aid Kit Distribution ကို ရှင်းလင်းတင်ပြခြင်း အစရှိသည်တို့ ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ Credit; ဦးအောင်မြင့်စိုး

 

Read More

  24/ Jan/ 2019

ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲ ပြုလုပ်

=== နေပြည်တော်၊ ဇန်နဝါရီလ ၂၄ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ကို ကြိုဆိုသောအားဖြင့် ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည် ၁း၃၀ အချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ကျန်းမာရေးဌာ နညွှန်ကြားရေးမှူးဒေါက်တာဒေါ်သီတာကြူနှင့် ဝန်ထမ်းများ၊ ရေ ၊ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဆိုင်ရာ အရေးပေါ်တုန့်ပြန်ရေး သင်တန်း တက်ရောက်လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ နေထက်လင်းက ကင်ဆာ ရောဂါအကြောင်းသိကောင်းစရာကို ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ဒေါက်တာ နေထက်လင်းက ပြန်လည်ဖြေကြားခဲ့ပါသည်။ Credit:>>>ဒေါ်ဆွေဆွေစိုးနိုင်

Read More

  23/ Jan/ 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ UNHCRမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ အား လက်ခံတွေ့ဆုံ 

=== နေပြည်တော်၊ ဇန်နဝါရီလ ၂၃ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ နှင့် အဖွဲ့သည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသော မစ္စတာယိုဟန်းစဲလ်(စ်) Mr. Johan Cels ကို နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက် (South East Project) မှ ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများအကြောင်းကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက်ကို ၂၀၀၄ ခုနှစ် တကတည်းက စတင်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသာၤရီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒုက္ခသည်လက်ခံရေးစခန်းများမှ ပြန်လည်ဝင်ရောက်လာသော အိမ်ထောင်စုများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများကို ၎င်းတို့၏ မူလဒေသတွင် ပြန်လည်အခြေချနေထိုင်နိုင်ရန် အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာနှင့် ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် အခြေခံပညာရေးအတွက် အခြေခံပညာမူလတန်းကျောင်းများ ဆောက်လုပ်ပြုပြင်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစ၍ ကျန်းမာရေးအသိပညာပေး သင်တန်းများ၊ ကျေးရွာလူထုကို စွမ်းဆောင်ရည်မြှင့် သင်တန်းများပေးခြင်း၊ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ အထောက်အပံ့များပေးခြင်း၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများ ဆွေးနွေးခြင်းတို့ကို စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်နေသည့် မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်

Read More

  18/ Jan/ 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ကိုရီးယားနိုင်ငံကြက်ခြေနီလူငယ်များ လာရောက် လေ့လာ

= = = ရန်ကုန်၊ ဇန်နဝါရီ ၁၈ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr.Park Tae Hwanနှင့် Mr.Park Sa Hyunတို့ဦးဆောင်သော ကြက်ခြေနီလူငယ်များသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)သို့ လာရောက်လေ့လာခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူနှင့် တာဝန်ရှိများမှ လက်ခံတွေ့ဆုံခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr.Park Tae Hwanနှင့် Mr.Park Sa Hyunတို့ဦးဆောင်သော ကြက်ခြေနီလူငယ် (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ ကိုရီးယားနိုင်ငံကြက်ခြေနီလူငယ်များကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံမဟုတ်ပေမဲ့ အာရှတိုက်အတွင်းသာရှိကြသော နိုင်ငံများဖြစ်ကြောင်း၊ ကိုးရီးယားကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆောင်ရွက်ချက်များ တူညီကြပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ခရီးစဉ်တွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီလူငယ်များသည် လူမှုကရုဏာ လုပ်ငန်းများကို မြန်မာနိုင်ငံကြက်ခြနီအသင်းနှင့် အတူ ဟင်္သာတမြို့နယ်အတွင်းရှိ ပေါင်ရိုးအခြေခံပညာ မူလတန်းကျောင်းနှင့် ရွာသစ်တောင် အခြေခံပညာအလယ်တန်းကျောင်းများတွင် ရိုးရာယဉ်ကျေးမှု ဖလှယ်ခြင်း၊ ကျောင်းသား/သူများအား Friendship gift box များ ပေးဝေခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးအကြောင်း ပို့ချခြင်း၊ ကျောင်းအဆောက်အဦးများအား ဆေးသုတ်ခြင်း/ပြုပြင်ပေးခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် လှူဒါန်းခြင်းများကို ဆောင်ရွက်သွားပါမည်။ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီလူငယ်များသည် မြန်မာနိုင်ငံကြက်ခြနီ အသင်းနှင့်အတူ လူမှုကရုဏာလုပ်ငန်းများလာရောက် ဆောင်ရွက်ခြင်းသည် ယခုအချိန်ထိ စုစုပေါင်း (၆) ကြိမ်တိတိရှိပြီဖြစ်ကြောင်း သိရှိပါသည်။ Credit; ဦးအောင်မြင့်စိုး

Read More

  02/ Jan/ 2019

၂၀၁၉ ခုနှစ်၊ နှစ်သစ်ကူး အချိန်အခါသမယတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၏ နှုတ်ခွန်းဆက် သဝဏ်လွှာ

ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်မများ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ရှင် - ဒီနေ့ဟာ မင်္ဂလာရှိလှတဲ့ ၂၀၁၉ ခုနစ်ရဲ့ နှစ်သစ်ကူးအချိန် အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်မများ၊ ကြက်ခြေနီ အသင်းဝင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ် ပြောင်းလဲနေတဲ့ ရာသီဥတုရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် သဘာ၀ ဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားလေ့ရှိသလို လူတွေကြောင့်ဖြစ်ပွားတဲ့ ဘေးဒုက္ခတွေနဲ့ ကျန်းမာရေးပြဿနာ တွေကိုလည်း ကြုံတွေ့ခံစားနေကြရပါတယ်။ ကျွန်မတို့ ကြက်ခြေနီ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူ မည်သူ့ကိုမဆို ဆင်းရဲချမ်းသာမရွေး၊ နေရာဒေသမရွေး၊ အသားအရောင်ခွဲခြားမှု မရှိဘဲ ကြက်ခြေနီ စေတနာလုပ်အားရှင်များရဲ့ စွမ်းပကားဖြင့် နှစ်စဉ် ဘေးဒုက္ခခံစားရတဲ့ ပြည်သူလူထု သန်းပေါင်းများစွာကို လူမှုကရုဏာ အကူအညီများ ပေးလျက်ရှိပါတယ်။ ကြက်ခြေနီဆိုတာ မိမိတို့၏ ပင်ကိုယ် ကရုဏာစိတ်ဓါတ်ပေါ်မှာ အခြေခံပြီး စေတနာ၊ ဝါသနာကို အရင်းခံကာ လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ဂုဏ်သိက္ခာ၊ ကြက်ခြေနီ အသင်းရဲ့ ဂုဏ်သိက္ခာ၊ တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို စောင့်သိ လိုက်နာထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ရှင် - ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီစေတနာ လုပ်အားရှင်များအနေနဲ့ အသင်းက ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး အစီအစဉ်မှာ အားလုံး ပူးပေါင်းပြီး မိမိတို့ တတ်သိထား သော အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများကို မိဘပြည်သူများ အတွက် မျှေ၀ ပေးစေလိုပါတယ်။ သို့မှသာ မိဘပြည်သူများအနေနဲ့ ပိုမိုကျန်းမာကြံ့ခိုင်ပြီး ငြိမ်းချမ်း သာယာသော လူမှုဘဝများကို တည်ဆောက်နိုင်ကြပြီး ကြုံတွေ့ လာနိုင်တဲ့ ဘေးအန္တရာယ်တွေ အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်နဲ့ အညီ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ အတွေ့ အကြုံပေါ်မှုတည်ပြီး ရရှိလာတဲ့ အခက်အခဲတွေ၊ သင်ခန်းစာတွေ၊ အောင်မြင်မှုတွေကို လေ့လာ ဆန်းစစ်ကာ လူမှုကရုဏာလုပ်ငန်းတွေမှာ ထိရောက်စွာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြည်သူနှင့် ကြက်ခြေနီ အတူလက်တွဲကာ လူမှုကရုဏာ ခရီးလမ်းကို မည်သို့သော စိန်ခေါ်မှု၊ မည်သို့သော ခက်ခဲမှု မျိုးကိုမဆို ကျောလွန်ပြီး အောင်မြင်စွာ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူးအချိန်အခါသမယမှာ ဆန္ဒပြုဆုမွန်ကောင်းတောင်း အပ်ပါတယ်။ ပါမောက္ခဒေါက်တာဒေါ်မြသူ ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁-၁-၂၀၁၉)

Read More

  21/ Dec/ 2018

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကြက်ခြေနီ တပ်ဖွဲ့မှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ ၂၀ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဌာနချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး၊ ကြက်ခြေနီတပ်ဖွဲ့မှူးချုပ် ဦးခင်မောင်လှ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ကြက်ခြေနီတပ်ဖွဲ့မှူးချုပ် ဦးခင်မောင်လှမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒုတိယ ကြက်ခြေနီတပ်ဖွဲ့မှူးချုပ် ဦးဂဲနက်စ်မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စည်းမျဉ်းများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကြက်ခြေနီဗဟိုဦးစီးမှူးချုပ် ဦးမျိုးမင်းနောင်မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝတ်စုံစည်းမျဉ်း ဖြည့်စွက် ရေးဆွဲခြင်း မူကြမ်းအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရေးရာ ကိစွရပ်များကို ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။ Credit; အောင်မြင့်စိုး

Read More

  19/ Dec/ 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်း၊ ယူနန်ကြက်ခြေနီ အသင်းခွဲမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လာရောက်လေ့လာ

=== နေပြည်တော်၊ ဒီဇင်ဘာလ ၁၉ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြက်ခြေနီအသင်း၊ ယူနန်ကြက်ခြေနီ အသင်းခွဲမှ ဒုတိယဥက္ကဌ Mr. Zhang Chengwen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဌာနချုပ်သို့ လာရောက်လေ့လာခဲ့ကြပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့် အမှုဆောင် ဦးကင်ဘွိုင်းနှင့် ဒေါက်တာဒေါ်အမယာ မော်နိုင်၊ အထွေထွေအတွင်းရေးမှူးဦးခင်မောင်လှ၊ အချိန်ပိုင်း အမှုဆောင်ဦးဂဲနက်စ်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်နှင့် တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ယူနန်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်တွင် လက်မှတ်ရေး ထိုးခဲ့ကာ ယူနန်ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဌ Mr. Zhang Chengwen က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက လက်ခံခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်း သူနာတင်ယာဉ်လုပ်ငန်း မန်နေဂျာ ဒေါ်နီနီမိုးက သူနာတင်ယာဉ် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ Mr. Zhang Chengwen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းနှင့် သူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများ၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေမှုများကို လာရောက်လေ့လာ ခြင်းဖြစ်ပါသည်။ အဆိုပါခရီးစဉ်တွင် ယူနန်ကြက်ခြေနီအသင်းခွဲသည် ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်ရှိ ၁၁၅ မိုင်၊ ၂၀၂ မိုင်နှင့် နေပြည်တော် ရုံးချုပ်တို့ရှိ သူနာတင်ယာဉ်လုပ်ငန်းချောမွေ့စွာ လည်ပတ်နိုင်ရန် လုပ်ငန်း အသုံးစရိတ်အဖြစ် တရုတ်ယွမ် ၅၅၀,၀၀၀ ကိုလည်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်မည့် လုပ်ငန်းများ တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်

Read More

  19/ Dec/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဘတ်ဂျက် ညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲ

=== နေပြည်တော်၊ ဒီဇင်ဘာလ ၁၈ ရက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက် မည့် လုပ်ငန်းများနှင့် ဘတ်ဂျက်ညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ် စုဝေးခန်းမတွင် ကျင်းပ ပြုလုပ်လျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့် အလုပ်အမှုဆောင်များ၊ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီမှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် အထောက် အကူပြုအရာရှိများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီလခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းမှ Programme Coordinator Ms. Sonja Bjorklund၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Deputy Cooperation Coordinator ဦးအောင်မိုးကျော်၊ ဂျာမန်ကြက်ခြေနီအသင်းမှ Finance Delegate Mr.Rajesh Kr. Reddy နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါ်မြသူက “ မြန်မာနိုင်ငံကြက်ခြေနီအသင်း ၂၀၁၆-၂၀၂၀ မဟာဗျုဟာ စီမံကိန်း အပေါ် သုံးသပ်ဆွေးနွေးပွဲလည်း ပြုလုပ် ထားပါကြောင်း၊ အသင်းအနေဖြင့် ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ ခံနိုင်စွမ်းမြင့်မားစေရေးအတွက် ဆောင်ရွက်ရန် အစီအစဉ် ချမှတ်ထားပါကြောင်း၊ အသင်းခွဲများအနေဖြင့် မိမိတို့ ဒေသနှင့် လိုက်လျောညီထွေ ပြီး ကြက်ခြေနီ၏ လူမှုကရုဏာလုပ်ငန်းများတွင် ရပ်ရွာလူထုကိုယ်တိုင် ပါဝင်လာအောင် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ကိုယ်တိုင်ရေးဆွဲရန် လိုကြောင်း၊ ဌာနချုပ်အနေဖြင့် အသင်းခွဲများက ချမှတ်ထားသော လုပ်ငန်းအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော နည်းပညာ ပံ့ပိုးမှုပေးရမည်ဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ နှစ်ရက်တာ ကျင်းပပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် မိတ်ဖက်အစည်းအဝေးက အကြံပြုချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများ၊ ဘက်ဂျက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ၂၀၁၉ ခုနှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ မဟာဗျူဟာ ရည်မှန်းချက်အလိုက် ဌာနအသီးသီးမှ ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများကို အဖွဲ့လိုက် ဆွေးနွေးတင်ပြသွားကြမည် ဖြစ်ပါသည်။ Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်

Read More