|
RMS

  23/ Mar/ 2018

Auto Draft

ဟားခါး၊ မတ်လ ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ် ခဲ့ကြပါသည်။ အဆိုပါ ပတ်ဝန်းကျင်သန့်ရှင်းရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟားခါးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်း စုစုပေါင်း (၃၀) ဦးတို့က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Credit; ကျဲအိုလျန်ကျုံး (SO)

Read More

  19/ Mar/ 2018

စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်ကျင်းပပြုလုပ်မည်

ရန်ကုန်မြို့၊ မတ်လ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူးကျင်းပမည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေ ဈေးပွဲတော်ကို မတ်လ၃၀-၃၁ နှင့်ဧပြီလ၁ရက်နေ့တို့တွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ နံနက်၉နာရီ မှ ည၉နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်တွင် - နာမည်ကြီး ရုပ်ရှင် ဂီတ အနုပညာရှင်များမှတေးဂီတများဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ - သရုပ်ဆောင်များ ၊မော်ဒယ်များ၏ ဖက်ရှင်သရုပ်ပြအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များစသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပြသခြင်း၊ - တိုင်းရင်းသားရိုးရာအစားအစာများနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်း များ တည်ခင်းရောင်းချခြင်း၊ - ကံစမ်းမဲ လက်မှတ်များ ရောင်းချကာ အဖိုးတန်ဆုမဲများမဲဖောက်ပေးခြင်း၊ - နာမည်ကြီးအနုပညာရှင်များနှင့် အခြားသောအလှူရှင်များမှ လှူဒါန်းသော Good Secondhand Shop များ ဖွင့်လှစ်ရောင်းချခြင်း၊ - ကြက်ခြေနီအကြောင်းသိကောင်းစရာပြခန်းနှင့် ကြက်ခြေနီမှဆောင်ရွက်နေသောလူမှုကရုဏာလုပ်ငန်းများကြောင်းကိုစိတ်ဝင်စားဖွယ်ရာပြကွက်များဖြင့်ခင်းကျင်းပြသခြင်း၊ - ဈေးနှုန်းအထူးသက်သာသော အဝတ်အထည် အလှကုန် လူသုံးကုန်များကို ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း အစရှိသည်တို့ဖြင့် သုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါဈေးပွဲတော်မှ ရရှိလာသောရန်ပုံငွေများကို စစ်ဘေးရှောင် ပြည်သူများအတွက် ကြက်ခြေနီက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာ လုပ်ငန်းများတွင် ပြန်လည်အသုံးပြု သွားမည်ဖြစ်ပါသည်။

ရန်ပုံငွေဈေးပွဲတော် နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဦးကိုကိုကျော်၊ညွှန်ကြားရေးမှူး ၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဖုန်း- ၀၉-၉၇၇၁၁၅၅၅၅ ၊ အီးမေးလ် - kokokyaw@redcross.org.mm သို့ဆက်သွယ်စုံစမ်းကာ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း၊ အသုံးအဆောင်ပစ္စည်းများဆိုင်ခန်းဖွင့်လှစ်နိုင်ရန်လှူဒါန်းခြင်း၊ အနုပညာပိုင်းဆိုင်ရာကူညီဖျော်ဖြေခြင်း၊ ဈေးပွဲတော်တွင် စီးပွားရေးကြော်ငြာများဖြင့်အားဖြည့်နိုင်ရန်လုပ်ငန်းရှင်များမှကူညီခြင်း အစရှိသည်တို့ကိုဆောင်ရွက်နိုင်ပါကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသိပေးအပ်ပါသည်။

Read More

  08/ Mar/ 2018

Draft

ရန်ကုန်၊ မတ် ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူသည် မြန်မာနိုင်ငံဆိုင်ရာ တူရကီ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ) ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးမှ  Deputy Head of Mission ဖြစ်သူ Mr.Eymen Ozsahin နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  06/ Mar/ 2018

Mobile Repair Service Program of HORC that saves time and energy

မလှမျိုးသွယ်တစ်ယောက် ဘားအံမှ နယ်လှည့် ခြေတုပြုပြင်ရေးအဖွဲ့ ခြေတုလာရောက်ပြုပြင်ပေး မှာဖြစ်တဲ့အတွက် ခြေဖဝါးအသစ်လဲလှယ် တပ်ဆင်ရန် သထုံကြက်ခြေနီရုံးကိုသွားဖို့ ပြင်ဆင်နေ ပါတယ်။ အသက် ၃၂ နှစ်ရှိ သူမဟာ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပြီး (၈)နှစ်အရွယ် မူလတန်း သားလေးတစ်ယောက်ရှိပါတယ်။ သူမအသက် (၁၂)နှစ်အရွယ်မှာ ရထားကြိတ်မိပြီး ညာဒူး အောက်မှ ခြေထောက်ဖြတ်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ခြေတုတပ်ဆင်ခွင့် ရရှိခဲ့ပါတယ် အခုအခါ သူမဟာ ယိုမုန့်မျိုးစုံလုပ်ငန်းမှာ နေ့စားအဖြင့် လုပ်ကိုင်နေပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရဲ့ နယ်လှည့်ခြေတုပြုပြင်ရေး အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ခြေတုတပ်ဆင်သူများအနေနဲ့ ခြေဖဝါး၊ ခါးပတ်ကြိုးစတဲ့ အသေးစား ပြင်ဆင်မှုများအတွက် ဘားအံဌာနသို့ ပြန်လာရန် မလိုဘဲ မိမိတို့ ရပ်ရွာတွင် အလွယ်တကူ ခြေတုပြုပြင်နိုင်မည့် ဝန်ဆောင်မှုကိုရရှိစေမှာဖြစ်ပြီး အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာ ခြင်း နဲ့ အလုပ်အကိုင်မပျက်ခြင်း စတဲ့အကျိုးများ ခံစားရရှိမှာဖြစ်ပါတယ်။ တစ်နှစ်လျှင် တစ်ကြိမ် သတ်မှတ်ဧရိယာအတွင်းရှိ မြို့နယ်များသို့သွားရောက်ကာ ခြေတုပညာရှင်၊ အရိုးအကြောပညာ ရှင်၊ ကွင်းဆင်းအရာရှိနဲ့ ခြေတုပြုပြင်ဝန်ထမ်းများ ပါဝင်တဲ့ အဖွဲ့က လိုအပ်တဲ့ ဝန်ဆောင်မှုများကို နာရီပိုင်းအတွင်း ဆောင်ရွက်ပေးကြပါတယ်။ ခြေတုအသစ်ပြုလုပ်ရန် လိုအပ်ပါက ဌာနသို့ ပြန်လည်ညွန်းပို့ကာ ရက်ချိန်းပေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ “ ဒီလို နယ်လှည့် ခြေတုပြုပြင်ပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ ဘားအံကို သွားရတဲ့ အချိန်ကုန် သက်သာတယ်၊ အလုပ်လည်း မပျက်တော့ဘူး အခု အလုပ်ရှင်ကို ခွင့်တောင်းပြီး ခြေတုပြင်တဲ့အချိန်ပိုင်းလေးပဲ ကြာတဲ့အတွက် လုပ်ခလည်း အဖြတ်မခံရတော့ဘူးပေါ့၊ နယ်လှည့်အဖွဲ့ရှိတာ ကျွန်မတို့အတွက် အရမ်းအဆင်ပြေပါတယ်၊ နှစ်စဉ် နှစ်တိုင်းလည်း ဒီလို အမြဲ လာပြင်ပေးစေချင်ပါတယ်” လို့မလှမျိုးသွယ်က ပြောပြပါတယ်။

Read More

  06/ Mar/ 2018

Summer Children Programme

တနသာၤရီတိုင်း၊ ပုလောမြို့ ပြည်ခြားရွာမှာနေထိုင်တဲ့ မောင်သန်းဇော်ဌေးဟာ မွေးရာပါ ဘယ်ခြေ ထောက်မပါလာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် သူ့အသက် ၃နှစ်အရွယ်မှာ ဘားအံ ခြေတု လက်တု ဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရဲ့ အစီအစဉ်နဲ့ ခြေတု တပ်ဆင်ခွင့် ရရှိခဲ့ပါတယ်။ အခုဆိုရင် ကျန်းမာပျော်ရွင်စွာနဲ့ ဆဋ္ဌမတန်းကို ဒုတိယအဆင့်ဖြင့် အောင်မြင်ခဲ့တဲ့အတွက် လာမဲ့ကျောင်းဖွင့်ရာသီမှာ သတ္တမတန်းကို တက်ရောက်ရတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ခြေတု တပ်ဆင်မည့် ကလေးငယ်များ ခြေတုလာရောက်တပ်ဆင်တဲ့ အချိန်တွေမှာ ကျောင်းပျက်ခြင်း စာသင်ချိန် နောက်ကျခြင်း စတဲ့အခက်အခဲတွေကို ပြေလည်စေဖို့အတွက် နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက် အချိန်ကာလတွေဖြစ်တဲ့ ဧပြီလနဲ့မေလတွေမှာ ကလေးများအတွက် အထူး ဦးစားပေး အစီအစဉ်အနေနဲ့ ခြေတုလက်တုအပြင် အားပြုကိရိယာတပ်ဆင်ပေးခြင်းတွေကို ၂၀၁၀ ခုနှစ် ကစတင်ပြီးနှစ်စဉ် ဝန်ဆောင်မှုပေးနေပါတယ်။ ကလေးအစီအစဉ်ပထမအသုတ်ကို သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်အပြီးနဲ့ ဒုတိယအသုတ်ကို မေလ ပထမပတ်တွေမှာ စီစဉ်ထားရှိပါတယ်။ “ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တပ်ဆင်ပေးတဲ့ ခြေတုကို အသုံးပြုခွင့်ရတဲ့အတွက် အခုဆိုရင် သာမန်ကျောင်းသားတွေလို အခက်အခဲမရှိသွားလာလှုပ်ရှားနိုင်နေပါပြီ၊ အိမ်မှာဆို မိဘတွေကို ကူညီပြီး ထင်းခွဲ၊ ရေခပ် စတဲ့ အလုပ်တွေကိုလည်း ဝိုင်းကူလုပ်ပေးလာနိုင်တဲ့အပြင် ညီမလေးကိုပါ ထိန်းပေးနိုင်နေပါပြီး ခြေတုတပ်တုန်းကဆို ဘဝတူ သူငယ်ချင်းတွေနဲ့ ရင်းနှီးခင်မင်ခဲ့ရပြီး အချင်းချင်း အားပေးကူညီမှုတွေရခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုမိုကြံ့ခိုင်လာပါတယ် ဒါကြောင့် ခြေတုအခမဲ့ တပ်ဆင်ပေးပြီးအစစ အရာရာ သင်ကြားပေးခဲ့တဲ့ ဆရာ/ ဆရာမ တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ မောင်သန်းဇော်ဌေးက ကြည်နှုးစွာ ပြောပြခဲ့ပါတယ်။ ခြင်းလုံးကစားခြင်းကို ဝါသနာပါတဲ့အပြင် အနုပညာနေနဲ့ ဂီတာ တီးခြင်းကို ဝါသနာပါတဲ့အတွက် နောင်အနာဂတ်မှာ ဂစ်တာပညာရှင်တစ်ဦးဖြစ်ချင်တဲ့ သူ့ဆန္ဒကိုလည်း ထပ်လောင်းပြောပြခဲ့ပါတယ်။

Read More

  26/ Feb/ 2018

၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလှုပ်ရှားမှုကို ယနေ့မနက်ပိုင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ပတ်ဝန်းကျင်သန့်ရှင်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဒေါ်လှကြင်ဦးဆောင်ကာ တိုင်းဒေသကြီး၊ ခရိုင်များ၊ မြို့နယ်များ၊ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း အင်အား ၃၀၀ ဦးကျော်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့်ပူးပေါင်းကာ ဆေးရုံကြီးပတ်ဝန်း ကျင်ရှိ စွန့်ပစ်ပစ္စည်းများ၊ ပလပ်စတစ်အိတ်များ၊ အမှိုက်များအား ကောက်ယူစုစည်းကာ အမှိုက်အိတ်များဖြစ် ထည့်သွင်း၍ မြို့တော်စည်ပင်သာယာရေးဌာန အမှိုက်သယ်ယူရေးယာဉ်များပေါ်သို့ စုပေါင်းသယ်ယူပို့ဆောင်ကာ ပတ်ဝန်းကျင်သန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ကြက်ခြေနီလှုပ်ရှားမှုကို စနေနေ့ နံနက် ၆ နာရီမှ ၉ နာရီထိ ဆောင်ရွက်ခဲ့ကြရာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူ သွားရောက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Credit; ဇော်မိုးအောင် (Supporting Officer Yangon Region)

Read More

  21/ Feb/ 2018

Auto Draft

လားရှိုး၊ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၄း၄၅ မီနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ၂ ရပ်ကွက်ရှိ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ ပြည်သူကျန်းမာရေးဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်းအနီးတွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်အဆောက်အဦး ၂ ခု၊ သူနာပြုသင်တန်းကျောင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံးတို ထိ့ခိုက် ပျက်စီးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးထွန်းထွန်းဦး ဦးစီးပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၇)ဦးမှ အခင်းဖြစ်ပွားရာသို့ သွားရောက်ပြီး ဒါဏ်ရာရ ရှိသူများအား ရှေးဦးပြုစုပေးခဲ့ပြီး လားရှိုးဆေးရုံသို့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် လုပ်ဆောင်ခဲ့ပါသည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ၂၃ ဦးရှိကြောင်း သိရှိရပါသည်။  Credit: သန္တာမိုး (Supporting Officer)

Read More

  21/ Feb/ 2018

AutPresident donates cash to Myanmar Red Cross Societyo Draft

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား သမ္မတအိမ်တော်တွင် တွေ့ဆုံဂါရဝပြု လမ်းညွှန်ချက် ခံယူခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်လတ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးမောင်မောင်ခင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးပေါ်မြင့်ဦး၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးဂဲနက်စ်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးမျိုးမင်းနောင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးဝေဠုကျော်နှင့် တာဝန်ရှိသူများ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နာယကအဖြစ် ပထမဆုံးအကြီမ်တွေ့ဆုံတာဖြစ်သည့်အတွက် ဝမ်းမြောက်ကြောင်း၊ အသင်းသည် လူမှုကရုဏာလုပ် ငန်းများကို စေတနာအရင်းခံကာ လူသားချင်းစာနာပြီး ဘက်မလိုက်ဘဲ ကြားနေကာ ဦးစီးဦးဆောင်ပြုနေသည့် အသင်းဖြစ်ကြောင်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် စေတနာလုပ်အားရှင်းများကို နိုင်ငံတော်ကိုယ်စား သမ္မတအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းအနေဖြင့် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများကို လိုအပ်သည်များရှိကပါ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း၊ ရှေ့လျောက်တွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ အဆက်မသွယ်မပျက် ထိတွေ့ နှီးနှောမှု ရှိစေချင်ကြောင်း စသည့်ဖြင့် လမ်းညွှန်ချက်များ ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက အသင်း၏အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်တင်ပြခဲ့ရာ- အသင်းသည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စသည့် ပဋိပက္ခဖြစ်ပွားနေသော နေရာ ဒေသများအပြင် သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအနေဖြင့် လူထုအခြေပြုဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး၊ ဘေးအန္တရာယ်များ တုံ့ပြန်နိုင်ရန် ပြင်ဆင်ရေးနှင့် ကူညီကယ်ဆယ်ရေး စီမံချက်ပေါင်း (၅၀) ကျော်ကို ကြက်ခြေနီလှုပ်ရှားမှုနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပံ့ပိုးသော ပျှမ်းမျှအလှူငွေ သန်း (၁၄၅၀၀) ကျပ် (သို့မဟုတ်) အမေရိကန်ဒေါ်လာ (၁၁) သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းသည် ၂၀၁၇ခုနှစ်တွင် သန်း(၁၉၀၀၀)အား အကူအညီလိုအပ်နေသူု (၅)သိန်းကျော်ခန့်ထံသို့ ပေးအပ်နိုင်ခဲ့ကြောင်း၊ အသင်းတွင် ဝန်ထမ်း (၆၀၀)ကျော်နှင့် စေတနာ့လုပ်အားရှင် (၄၀၀၀၀)ကျော်တို့မှ လှုမှုကရုဏာလုပ်ငန်းအား ဆောင်ရွက်လျက်ရှိပြီး အသင်း၏ရန်ပုံငွေဖြင့် ဝန်ထမ်း (၆၀)ကျော်အားခန့်ထားပေးလျက်ရှိပါကြောင်း စသည့်ဖြင့်တင်ပြခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ တင်ပြချက်များအပေါ် ပြန်လည် လမ်းညွှန် သြဝါဒပေးခဲ့ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအား နိုင်ငံတော်မှ အလှူငွေကျပ် သိန်း (၅၀) ကျပ်တိတိနှင့် သမ္မတမှ လှူဒါန်းငွေ ၁၀၀,၀၀ဝိ/ ကျပ်တိတိအား ပေးအပ် လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌမှ နိုင်ငံတော်သမ္မတအား လက်ဆောင်ပစွည်း ပြန်လည် ပေးအပ်ခဲ့ပါသည်။ ထိုနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဂါရဝပြုတွေ့ဆုံခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Read More

  08/ Feb/ 2018

Auto Draft

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကိုရီးယား ကြက်ခြေနီအသင်းမှ ကြက်ခြေနီလူငယ်များနှင့် အုပ်ချုပ်သူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အတူ သန်လျင်မြို့ အလယ်ရွာ အခြေခံပညာ မူလတန်း လွန်ကျောင်းတွင် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မြို့နယ် ပညာရေးမှူး ဦးသက်စိန်၊ လက်ထောက်ပညာရေးမှူး ဦးကြည်ဦး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တောင်ပိုင်းခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊အလယ်ရွာ အခြေခံမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းနှင့် တာဝန်ရှိ ဆရာ/ဆရာမများ၊ ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha ၊ Deputy Head Mr. Jung Chan-yong, Health Teacher Ms. Song Mi Gyoung၊ ရန်ကုန်တောင်ပိုင်းခရိုင် ကြက်ခြေနီစေတနာလုပ်အား ရှင်များနှင့် မြို့နယ်ကြက်ခြေနီစေတနာ လုပ်အားရှင်များ၊ ကိုရီးယားကြက်ခြေနီအသင်းမှ ကြက်ခြေနီလူငယ် စုစုပေါင်း (၄၇) ဦး၊ အလယ်ရွာ အခြေခံပညာမူလတန်း လွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၇၅) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အလယ်ရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းက ကိုရီးယားကြက်ခြေနီအသင်းမှ ကြက်ခြေနီ လူငယ်များနှင့် အုပ်ချုပ်သူများအား ကြိုဆိုပါကြောင်း၊ ယခုလို ကျောင်းအတွင်း ကျောင်းသူ ကျောင်းသားများနှင့် ရင်းနှီးစွာ အတူတကွ စုပေါင်း လှုပ်ရှားမှုများ ဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ သည်။ ထိုနောက် ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha မှလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံတဲ့အတွက် အလယ်ရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha နှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကိုရီးယား ကြက်ခြေနီလူငယ်များသည် တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြပြီး လက်တွေ့ သရုပ်ပြမှုများကို ကျောင်းသူ/ကျောင်းသားများနှင့်အတူ ဆောင်ရွက်ခဲ့ ကြပါသည်။ ဆက်လက်ပြီး ရိုးရာယဉ်ကျေးမှု တေးသရုပ်ဖော် အက အလှများ ကပြ ဖလှယ်ခြင်း၊ Friendship gift box များ ပေးဝေခြင်းများကို ရင်းနှီးချစ်ခင်စွာ အတူစုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ကိုရီးယား ကြက်ခြေနီလူငယ်များသည် အလယ်ရွာ အခြေခံပညာကျောင်းတွင်၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Read More