|
RMS

  21/ Mar/ 2022

Data Management in Excel Training သင်တန်းဖွင့်ပွဲပြုလုပ်

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ မတ်လ(၂၁)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော Data Management in Excel Training သင်တန်းဖွင့်ပွဲကို မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့ရာ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်က အမှာစကားပြောကြားခဲ့ပါသည်။
မတ်လ(၂၁)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ (၅)ရက်ကြာပြုလုပ်သွားမည့်အဆိုပါသင်တန်းကို ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများအား နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များမြင့်မားစေရန်ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ အထောက်အကူပြုအရာရှိများ၊ အသင်းဌာနချုပ်မှဝန်ထမ်းများ စုစုပေါင်းသင်တန်းသား(၂၁)ဦးတို့ တက်ရောက်ကြမည် ဖြစ်ပါသည်။

Read More

  21/ Mar/ 2022

ပုသိမ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ကြက်ခြေနီက သွားရောက်ကူညီ

၂၀၂၂ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအနီး၌ ခရီးသည်တင်ကားနှင့် ကိုယ်ပိုင်ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားကာ မီးလောင်သည့်နေရာသို့ ပုသိမ်ခရိုင်/မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကူညီဆောင်ရွက်ပေးနိုင်ရန် သွားရောက်ခဲ့ပါသည်။
  အဆိုပါဖြစ်စဉ်ကြောင့် မီးလောင်သေဆုံးသွားခဲ့သူများ၏ ရုပ်အလောင်းများကို ပုသိမ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်နိုင်ရေးအတွက် မိတ်ဖက်လူမှုကူညီရေးအသင်းများနှင့်အတူ အကူအညီ ပေးခဲ့ပါသည်။
  ထို့အပြင် သေဆုံးသူများ၏ မိသားစုဝင်များထံ ဆက်သွယ်အကြောင်းကြားနိုင်ရေးအတွက် ပြည်နယ်/တိုင်းဒေသကြီးများရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများထံ ပုသိမ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်များက ချိတ်ဆက်ကူညီ ဆောင်ရွက်ခဲ့ပါသည်။

Read More

  21/ Mar/ 2022

နေပြည်တော်တွင် ကြက်ခြေနီက လူမှုကရုဏာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မတ်လ (၂၁) ရက်။
မတ်လ(၁၉)ရက်နေ့က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးဆွေအုပ်စု ပန်းတင်ကျေးရွာတွင် လမ်းဖြတ်ကူးသူအမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ဥတ္တရသီရိမြို့န်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်၍ အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး မြတ်စေတနာပရဟိတအသင်းလူနာတင်ယာဉ်ဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင် ၁၀၀၀)သို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
မတ်လ (၂၀)ရက်နေ့က ဇေယျာသီရိမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဥတ္တရသီရိအထူးကုဆေးရုံမှ ဆေးရုံဆင်းလူနာအမျိုးသမီးတစ်ဦးအား ပြည်စံအောင်ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး Oxygen Concentrator တစ်လုံးကို ငှားရမ်းကူညီပေးခဲ့ပါသည်။

Read More

  21/ Mar/ 2022

မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်

မတ်လ(၂၁)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးက မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မုန်တိုင်းကျရောက်ပါက ပြင်ဆင်ထားရမည့်အချက်များအား မအူပင်ဆိပ်ကမ်းရှိ ခရီးသွားရေယာဉ်များအား အသိပညာပေးဆောင်ရွက်ခြင်းများကို ပြုလုပ်ပေးခဲ့ကြပါသည်။

Read More

  20/ Mar/ 2022

နေပြည်တော်တွင် ကြက်ခြေနီက လူမှုကရုဏာအကူအညီများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မတ်လ (၂၀)ရက် ။
၂၀၂၂ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ ပျဉ်းမနား-တောင်ညိုလမ်း ၊ ဇမ္ဗူသီရိအထူးကုဆေးရုံအနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်ဒဏ်ရာရရှိသူ(၂၁)ဦးအား အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး မိုးစေတနာပရဟိတအသင်း၊ ပေးဆပ်သူများလူမှုကူညီရေးအသင်း တို့နှင့်အတူ ပူးပေါင်းကာ လူနာတင်ယာဉ်များဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀)သို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။ ထို့ပြင် ဇမ္ဗူသီရိအထူးကုဆေးရုံမှ လွှဲပြောင်းလူနာတစ်ဦးအား အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀၀)သို့ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ထို့ပြင် မတ်လ(၁၇)ရက်နေ့က ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၁)စု ထိခိုက်ခံစားခဲ့ရသဖြင့် မိသားစုသုံးပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ နှင့် ရေသန့်ပုံး(၁)ပုံး တို့ကို ကြက်ခြေနီက သွားရောက် ထောက်ပံ့ပေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။
အလားတူ မတ်လ(၁၈)ရက်နေ့က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှ ဦးခေါင်းကွဲဒဏ်ရာရရှိသူအမျိုးသမီးတစ်ဦးအား ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း လူနာတင်ယာဉ်ဖြင့် ပြည်စံအောင်ကျေးလက်ကျန်းမာရေးဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပါသည်။

Read More

  20/ Mar/ 2022

အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အသင်းခွဲခေါင်းဆောင်များ စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မ​ကွေး၊ မတ်လ (၂၀) ရက် ။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အသင်းခွဲခေါင်းဆောင်များ စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်ပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့ နံနက်၉နာရီက မကွေးမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ပါမောက္ခ ဒေါက်တာချောခင်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို မတ်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Read More

  20/ Mar/ 2022

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ မုန်တိုင်းအန္တရာယ်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသင့်အနေအထားဖြင့် ကြိုတင်ပြင်ဆင်ထားလျက်ရှိ

ယခုအခါ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား
မည့် အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားရာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင်အတူ မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်း၊ သတိပြုနေထိုင်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ပူးပေါင်ဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသင့်အနေအထားဖြင့် ကြိုတင်ပြင်ဆင်ထားလျက်ရှိကြောင်း သိရှိရပါသည်။

Read More

  19/ Mar/ 2022

မီးလောင်မှုကြောင့် ထိခိုက်ခံစားရသူများအား ကြက်ခြေနီက ကူညီထောက်ပံ့

ညောင်လေးပင်၊ မတ်လ (၁၉)ရက်။
၂၀၂၂ခုနှစ် မတ်လ(၁၇)ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပင်းတလဲကျောင်းကွေ့တွင် ဆီဘောက်ဆာကားတစ်စီးတိမ်းမှောက်မီးလောင်ရာမှ အနီးရှိ အိမ်များအား မီးကူးစက်လောင်ကျွမ်းပြီး အိမ်ထောင်စု(၇)စု ထိခိုက်ခံစားခဲ့ရသဖြင့် မတ်လ(၁၈)ရက်နေ့တွင် ညောင်လေးပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်ကာ တစ်အိမ်ထောင်လျှင် မိသားစုသုံးပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ စီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။

Read More

  19/ Mar/ 2022

မန္တလေးတွင် ရှေးဦးပြုစုခြင်းနည်းပြသင်တန်းဖွင့်ပွဲပြုလုပ်

မန္တလေး၊ ၂၀၂၂ခုနှစ်၊ မတ်လ(၁၉)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်‌ဒရေးရှင်းနှင့် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းနည်းပြသင်
တန်းဖွင့်ပွဲကို မန္တလေးမြို့ရှိ ရတနာသိင်္ဂီဟိုတယ်တွင် မတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်က အမှာစကားပြောကြားခဲ့ပြီး အသင်းဌာနချုပ် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန အကြီးတန်းအရာရှိ ဒေါ်မြင့်မြင့်ကြူ က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
သင်တန်းသို့ မန္တလေးခရိုင်မှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကြက်
ခြေနီစေတနာလုပ်အားရှင်(၃၀)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို မတ်လ(၁၆)ရက်နေ့မှ မတ်လ
(၂၃)ရက်နေ့အထိ (၈)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

Read More