ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျဝတ်ဆင်ပါ။

ယခုအချိန်တွင် COVID-19 ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) ရောဂါကူးစက်မှုများလည်း များပြားလာသည့်အတွက် ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ဖို့ အရေးကြီးပါသည်။ ကာကွယ်ရေးနည်းလမ်းများတွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းသည်လည်း အဓိကအရေးပါပါသည်။ နှာခေါင်းစည်း(Mask) တပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်ရန်လည်းလိုအပ်ပါသည်။ ထို့အပြင် ကလေးငယ်များအား ဂရုစိုက်ရန်လိုအပ်ပြီး ကလေးငယ်ရှိသော မိသားစုများ အနေဖြင့် အပြင်မှပြန်လာတိုင်း မိမိတပ်ဆင်ထားသော နှာခေါင်းစည်း(Mask) များကို စနစ်တကျလွှင့်ပစ်ပြီး လက်ကိုဆပ်ပြာဖြင့်သေချာစွာ စက္ကန့်(၂၀)ကြာ ဆေးကြောပြီးမှ ကလေးငယ်များနှင့် အခြားသောအရာများအား ထိတွေ့ကိုင်တွယ်ပါ။