စေတနာလုပ်အားရှင်များ

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် စေတနာလုပ်အားရှင်များ အခြေပြု၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ကြုံတွေ့ရသော ဘေးဒုက္ခများတွင် ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းများတွင် နေ့မအား၊ ညမနား ပါဝင်ခဲ့ပြီး မည်သည့် အရေးပေါ်အခြေအနေတွင်မဆို ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများ ဖြစ်သည်။

  စေတနာလုပ်အားရှင်တစ်ဦးဖြစ်ရခြင်း အကျိုးများ

  • နိုင်ငံအတွင်း ဘေးအန္တရာယ်ကျရောက်လွယ်ဆုံးသူများကို အကူအညီပေးနိုင်ခြင်း
  • နိုင်ငံတကာအသိအမှတ်ပြု ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းများ တက်ရောက်ခွင့်ရှိခြင်း
  • ကမ္ဘာလုံးဆိုင်ရာ ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ခွင့်ရှိခြင်း
  • အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း

လိုအပ်သည့်နယ်ပယ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အသင်း၏ လူမှုကရုဏာလုပ်ငန်းများ တွင်ပါဝင်ဆောင်ရွက်လိုသူတိုင်းကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ဆရာဝန်များ၊ သူနာပြသားဖွားသင်တန်းဆင်းများ၊ အင်ဂျင်နီယာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆရာ/ဆရာမများ၊ ကွန်ပျုတာကျွမ်းကျင် ပညာရှင်များ၊ အနုပညာသည်များ၊ ဘာသာပြန်ကျွမ်းကျင်သူများ စသောကဏ္ဍအသီးသီးတွင် တက်ကျွမ်းသော ပညာရှင်များကို လူမှုကရုဏာလုပ်ငန်းများ ပါဝင်ဆောင်ရွက်ရန် အလေးထားဖိတ်ခေါ်ပါသည်။

အသင်းဝင်ဖြစ်ရန် မည်သို့ဆောင်ရွက်ရမည်နည်း။

စေတနာလုပ်အားရှင်အဖြစ် ဆောင်ရွက်လိုပါက lynnlynnthet@redcross.org.mm သို့ အီးမေးလ် ပေးပို့နိုင်ပါသည်။ မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့်လည်း ဆက်သွယ်နိုင်ပါသည်။