26/ May/ 2023

မုန်တိုင်းကြောင့် ချစ်ခင်ရသူမိသားစုများနှင့် တကွဲတပြားဖြစ်သွားသူများအတွက်လည်း စိုးရိမ်ပူပန်လျက်ရှိသူများ ဆက်သွယ်ရန်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့က ဆိုင်ကလုန်း မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ပြည်သူများနှင့် တစ်သားတည်း အတူရှိကြောင်းဖော်ပြလိုပါသည်။
ချက်ခြင်းလက်ငင်းနှင့် ကာလအတိုင်းအတာတစ်ခုထိရှိနေမည့် လိုအပ်ချက်များကို ကျွန်ုပ်တို့တတ်စွမ်းသမျှ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသွားနိုင်ရန် အတူတကွလုပ်ဆောင်သွားပါမည်။
မုန်တိုင်းကြောင့် ချစ်ခင်ရသူမိသားစုများနှင့် တကွဲတပြားဖြစ်သွားသူများအတွက်လည်း စိုးရိမ်ပူပန်လျက်ရှိပါသည်။
မိသားစုဝင်များ ပျောက်ဆုံးနေခဲ့ပါက
မြန်မာနိုင်ငံကြက်ခြေနီအသင်း hotline +95 9957 557 000 သို့မဟုတ် အိုင်စီအာရ်စီ hotline +95 9891 754 512 သို့ဆက်သွယ်နိုင်ပါသည်။

Read More

  26/ May/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်းမိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုများ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မေလ (၁၄) ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း မိုခါ (Mocha) ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာလူထုအတွက် ဆင်းရဲဒုက္ခ လျော့နည်းသက်သာစေဖို့ မုန်တိုင်းအန္တရာယ်ကြိုတင်အသိပညာပေးခြင်း၊ ဘေးကင်းရာကို ရွေ့ပြောင်းပေးခြင်း၊ ထိခိုက်ခံစားရသူများကို ကူညီကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုပေးခြင်းနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ အစားအစာများ၊ သောက်သုံးရေ၊ အခြေခံလိုအပ်သော အသုံးအဆောင်ပစ္စည်းများနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းကို တတ်စွမ်းသရွေ့ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါကူညီမှုအနေဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၉၆၂) ဦးက ထိခိုက်ခံစားရတဲ့ အိမ်ထောင်စု (၁၄,၅၇၃) စု (လူဦးရေ စုစုပေါင်း ၇၅,၅၇၃) ဦးအား လိုအပ်တဲ့အကူညီများကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီများအဖြစ် -
👉သုံးရေ - ၁၉,၀၀၀ လီတာ။
👉သောက်ရေ - ၂၉၁,၀၀၀ လီတာ။
👉အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း - ၁၁၄၄ စုံ မိသားစုသုံးပစ္စည်း - ၅၉၇ စုံ။
👉တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းပုံး - ၁၈၅ ပုံး။
👉တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းပါဆယ်ထုပ် - ၉၅၁ ထုပ်။
👉မီးဖိုချောင်သုံးပစ္စည်း - ၄၃၂ စုံ။
👉အိမ်ဆောက်အထောက်အကူပြုပစ္စည်း - ၅၇ စုံ။
👉တာပေါ်လင် - ၇၂၇ ခု။
👉စောင် - ၂၀ ထည်။
👉ခြင်ထောင် - ၃၃၂ လုံး။
👉ကလေးဝတ်အင်္ကျီထုပ် ပေးဝေခဲ့သောအိမ်ထောင်စု - ၁၁၂ စု။
👉ကြက်ဥများပေးဝေခဲ့သော အိမ်ထောင်စု - ၂၅၃ စု။
👉ကျန်းမာရေးအသိပညာပေးခဲ့သောရပ်ရွာလူထု - ၁၃၇၃ ဦး။
👉ရွေ့လျားကျန်းမာရေးဆေးခန်းတွင်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သောရပ်ရွာလူထု - ၉၂၅ ဦး။
အသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ဆက်လက်ထောက်ပံ့နိုင်ရန်နှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ရန်အတွက် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။

Read More

  16/ May/ 2023

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက် အလှုငွေများ လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်ခြင်း

မြန်မာနိုင်ငံအတွင်း တိုက်ခတ်သည့် အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ထိခိုက်ခံစားရသော ပြည်သူလူထုအတွက် လိုအပ်သော အကူအညီများကို ကြိုးပမ်းညှိနှိုင်း ဆောင်ရွက်‌‌ပေးလျှက်ရှိရာ အရေးပေါ် လိုအပ်သည့် သောက်သုံးရေနှင့် အခြား အခြေခံလိုအပ်ချက်များအတွက် အများပြည်သူတို့အနေဖြင့် မိမိတို့ သဒ္ဒါတရား တတ်စွမ်းသ၍ ငွေသား (သို့မဟုတ်) online မှတဆင့် အောက်ဖော်ပြပါ နေရာများမှ ပါဝင်လှုဒါန်းနိုင်ပါကြောင်း နှိုးဆော်အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းများ၊ ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရသူများနှင့် ထိခိုက်ခံစားရသူများအား ခွဲခြားခြင်းမရှိ လူသားချင်း စာနာ ထောက်ထားသည့် စိတ်ဓါတ်ဖြင့် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ကူညီ ထောက်ပံ့ ပေးလျှက်ရှိပါသည်။
အောက်ဖော်ပြပါ အွန်လိုင်းလင့်ခ်မှတစ်ဆင့် ထည့်ဝင်လှုဒါန်းနိုင်ပါသည်။
https://bit.ly/455L5Kw
လူကိုယ်တိုင်လာရောက် လှုဒါန်းမှုအတွက် ဆက်သွယ်ဆောင်ရွက်မည်ဆိုပါက-
• ဒေါ်မေစန္ဒာမျိုး (ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန) ဖုန်းနံပါတ် - ဝ၉၄၂၁၁၆၉၅၈၉
လိပ်စာ - အမှတ် ၄၂ ၊ ကမ်းနားလမ်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းလှုဒါန်းနိုင်ပါသည်။
ပါဝင်လှုဒါန်းကူညီမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။
[gallery display="grid" link="file" ids="14829,14827,14826,14825,14824,14823,14822,14821,14820"]
   

Read More

  15/ May/ 2023

မုန်တိုင်းတိုက်ခတ်ပြီး ရေလွှမ်းမိုးမှုကြုံတွေ့ပါက ဘာတွေဆက်လုပ်ရမလဲ

ဆိုင်ကလုန်းမုန်တိုင်း မိုခါ​​​​တိုက်ခတ်ပြီးနောက် ရေလွှမ်းမိုးမှုဖြင့် ကြုံတွေ့ပါက ဖော်ပြပါအချက်များ သတိပြုဆောင်ရွက်နိုင်ပါသည်။

Read More

  15/ May/ 2023

ငလျင်လှုပ်လျှင် ဘာလုပ်မလဲ။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ​​​​တိုက်ခတ်ပြီးနောက် ငလျင်ကဲ့သို့သော နောက်ဆက်တွဲဘေးအန္တရာယ်များဖြင့် ကြုံတွေပါက ဖော်ပြပါအချက်များ သတိပြုဆောင်ရွက်နိုင်ပါသည်။ [gallery display="grid" targetsize="wcstandard" link="file" columns="1" size="wcstandard" ids="15183,15184"]  

Read More

  14/ May/ 2023

မုန်တိုင်းမျက်စေ့အကြောင်း

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ ​​​​ဖြစ်ပေါ်နေစဥ် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိ​သော အခြေအနေအားသတိပြု နိုင်ပါရန် ဖော်ပြအပ်ပါသည်။  

Read More

  13/ May/ 2023

ဘေးအန္တရာယ်၏ သက်ရောက်မှုများကို လျှော့ချရန် ပြင်ဆင်ထားရမည့်အရာများ

ဆိုင်ကလုန်း Mocha သည် ယခုသီတင်းပတ်ကုန်တွင် ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ ဘေးအန္တရာယ်၏ သက်ရောက်မှုများကို လျှော့ချရန် သင့်အနေဖြင့် အောက်ဖော်ပြပါအချက်အလက်များကို ပြင်ဆင်ထားနိုင်ပါသည်။
ဤသတင်းစကားအား သင်၏ ရပ်ရွာအသိုင်းအဝိုင်းများ၊ ချစ်ခင်ရသူများနှင့် မျှဝေပါ။
ကြိုတင်ပြင်ဆင်ခြင်း။
ကြိုတင်ပြင်ဆင်မှုရှိထားခြင်းသည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝ ဘေးအန္တရာယ်၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချရန်အတွက် အဓိကကျသည့် လုပ်ငန်းဖြစ်သောကြောင့်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ထားရန် အရေးကြီးပြီး ယခုပင်ပြင်ဆင်ထားပါ။
စွန့်ခွာခြင်း
• အစီအစဥ်ချမှတ်ထားပြီး လေ့ကျင့်ထားပါ။ စွန့်ခွာမည် (သို့) ဆက်လက်နေမည်ကို စောစီးစွာ ဆုံးဖြတ်ထားပါ။
• စွန့်ခွာမည့်လမ်းကြောင်းအား လုံခြုံစိတ်ချမှုရှိစေရန် ကြိုတင်ပြင်ဆင်ပါ။
• စွန့််ခွာလျှင် မည်သည့်နေရာကိုသွားရမည်ကို သိထားပါ။ မည်သည့်ယာဥ်အမျိုးအစားကို အသုံးပြုရမည်ကိုသိထားပါ။
အထုပ်အပိုးများထုပ်ပိုးခြင်း
• သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်မီ ရေလုံသည့်အိတ် တစ်ခုအား ပြင်ဆင်ထားပါ။
• ယင်းအိတ်အား သယ်ပိုးရလွယ်ကူစေရန် ဆောင်ရွက်ထားပါ။
• ယင်းအိတ်တွင်ပါဝင်သင့်သည့်ပစ္စည်းများ - ဆေးဝါးများ၊ အဝတ်အစားနှင့် ဖိနပ်အပို၊ ဓာတ်ခဲများ၊ လက်နှိပ်ဓာတ်မီးနှင့် မီးခြစ်များ၊ အခြေခံအစားအစာများ၊ နိုင်ငံသားမှတ်ပုံတင်နှင့် အရေးကြီး စာရွက်စာတမ်းများ၊ လုံလောက်သည့်သောက်သုံးရေ
ဆက်သွယ်ရေး
• စွန့်ခွာလျှင် မည်သည့်နေရာကို မည်ကဲ့သို့ သွားမည်ကို သိထားပါ။
• မူလနေရာကို စွန့်ခွာ၍ သွားရောက်မည့်နေရာကို မိသားစု ဆွေမျိုးများအား အသိပေးထားပါ။
• ဘေးအန္တရာယ်ပြီးဆုံးသည့်နောက် မိသားစုဆွေမျိုးများကို မည်သို့ဆက်သွယ်ရမည်ကို သိရှိထားပါ။
• ဘေးအန္တရာယ်ပြီးဆုံးသည့်နောက် သင့်အခြေအနေကို မည်သူအား မည်သို့အကြောင်းကြားရမည်ကို သိရှိထားပါ။
• ပျောက်ဆုံးနေသူများ၏ သတင်းအချက်အလက်ကို မည်သည့်နေရာတွင် ရှာဖွေရမည်ကို သိရှိထားပါ။
Credit to ICRC
[gallery display="grid" targetsize="wcstandard" link="file" columns="2" size="wcstandard" ids="15191,15192,15193,15194"]

Read More

  10/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ​​​​ဖြစ်ပေါ်နေစဥ် ဘေးကင်းလုံခြုံမှုရှိစေရန် လိုက်နာရမည့်အချက်များ

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (#MOCHA) ​​​​ဖြစ်ပေါ်နေစဥ် ဘေးကင်းလုံခြုံမှုရှိစေရန် ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါသည်။

Read More