05/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Myanma International Radio နှင့် JPR Family International Co., Ltd တို့က ခေါင်းအုံးနှင့် အလှူငွေများ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Myanmar International Radio နှင့် JPR Family International Co., Ltd တို့က ခေါင်းအုံးနှင့် အလှူငွေများ လာရောက် လှူဒါန်းရာ လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၅)ရက်နေ့ နေ့လယ်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး MyanmarInternational Radio မှ ဒေါ်ယဉ်မျိုးအေး က လှူဒါန်းရခြင်း အကြောင်းကို ပြောကြားကာ ငွေသား ကျပ် ၄၈၀,၀၀၀ိ/နှင့် ကျပ် ၅၂၀,၀၀ဝိ/ တန်ဖိုးရှိ ခေါင်းအုံး(၁၀၀)လုံးတို့ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ JPR Family International Co., Ltdမှဦးဇော်လတ်မြင့်က အလှူငွေ လှူဒါန်းရခြင်းကို ရှင်းလင်း
ပြောကြားခဲ့ပြီး အလှူငွေ ကျပ်၂,၀၀၀,၀၀ဝိ/ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူ
နှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အရင်အမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ MyanmarInternational Radio တာဝန်ရှိသူများနှင့် JPR Family International Co., Ltdမှ ဦးဇော်လတ်မြင့်၏ မိသားစု တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  03/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်အတွင်း ကြက်ခြေနီက ပြည်သူလူထု ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိပြည်သူများအတွက် ပြည်သူလူထုပဏာမကျန်းမာရေး စောင့်ရှောက်မှုအဖြစ်ရွေ့လျား ဆေးခန်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်လျက်ရှိပါသည်။
ဇွန်းလ(၃)ရက်နေ့က ရွေ့လျားဆေးပေးခန်းဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ် စစ်တွေ မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်မှ ဆေးခန်းလာရောက်ပြသသူ (၈၆) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး၊ (၂၀)ဦးကို သန့်လေးသန့်၊ စနစ်တကျလက်ဆေးခြင်းနှင့် ဝမ်းပျက် ဝမ်းလျောရောဂါကာကွယ်ရေး အကြောင်း ကျန်းမာရေးအသိ ပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
[gallery display="grid" targetsize="wcstandard" link="file" size="wcstandard" ids="15373,15374,15375,15376,15377"]

Read More

  02/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအား သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂)ရက်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့်ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေ ဖြန့်ဝေခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ကြွီတဲကျေးရွာ၌ သောက်သုံးရေ ဖြန့်ဝေနေမှုကို အသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာညိုညိုဝင့် သွားရောက် ကြည့်ရှုခဲ့ပါသည်။
‌အသင်းဒုတိယအထွေထွေအတွင်းရေးမှူးသည် ရခိုင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးထွန်းရွှေ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေး၊ ရခိုင်ပြည်နယ်စီမံချက်များစီမံခန့်ခွဲမှုယူနစ်ညွှန်ကြားရေးမှူးဒေါ်အေးအေးငြိမ်းတို့နှင့်အတူ အဆိုပါကျေးရွာသို့ သွားရောက်ခဲ့ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များက သောက်သုံးရေဖြန့်ဝေရာ၌ ကူညီဆောင်ရွက်ပေးနေမှုများ၊ ဒေသတွင်းရေအရင်းမြစ်သုံးရယူသုံးစွဲနိုင်မှုများကို ကြည့်ရှုကာ လိုအပ်ချက်များကိုဆောင်ရွက်‌ပေးခဲ့ပြီး ဒေသခံပြည်သူများကို အားပေးစကား ပြောကြားခဲ့ပါသည်။
[gallery display="grid" targetsize="wcstandard" link="file" columns="2" size="wcstandard" ids="15364,15365,15366,15367,15368,15369,15370"]

Read More

  31/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များမှ လာရောက် လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၃၁)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ မေလ(၁၈)ရက်နေ့က Win Nector Co.,Ltd မှ မြန်မာငွေ ၁,၄၅၀,၀၀၀ (တစ်ဆယ့်လေးသိန်းငါးသောင်းကျပ်)တန်ဖိုးရှိ ကြက်ခြေနီဓါတ်ဆားထုပ်များအားလည်းကောင်း၊ မေလ(၃၀)ရက်နေ့က Creative Forward Group Co.,Ltd မှ ငွေကျပ် ၅၀၀,၀၀၀(ငါးသိန်းကျပ်)အားလည်းကောင်း အသီးသီး လာရောက် လှူဒါန်းခဲ့ကြပါသည်။ အဆိုပါလှူဒါန်းမှုများအား အသင်းဥက္ကဌပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးတို့က လက်ခံခဲ့ကြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  30/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား ကြက်ခြေနီက သောက်သုံးရေများဆက်လက်ဖြန့်ဝေ

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ မေလ (၃၀)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေများဖြန့်ဝေခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် စစ်တွေမြို့နယ်၊ လမ်းမတော်တောင်ရပ်ကွက်မှ အိမ်ထောင်စု(၁၂၅)စု အတွက် ရေလီတာ (၂,၅၀၀)၊ ဇော်မတတ်ကျေးရွာမှ အိမ်ထောင်စု(၁၇၅)စုအတွက် ရေလီတာ(၃,၅၀၀)၊ မြစ်နားကျေးရွာမှ အိမ်ထောင်စု(၁၇၅)စုအတွက် ရေလီတာ(၃,၅၀၀)၊ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံ ရှေ့ ရေပေးဝေရာနေရာတွင် ရေလီတာ(၁၄,၃၆၀)ဖြင့် စုစုပေါင်းသောက်ရေလီ(၂၃,၈၆၀)ကို ဖြန့်ဝေပေးခဲ့ ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ထောက်ပံ့နိုင်ရေးနှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ပေးနိုင်ရေးတို့ကိုလည်း ဆက်လက်ထောက်ပံ့ကူညီနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
[gallery display="grid" targetsize="wcstandard" link="file" columns="2" size="wcstandard" ids="15345,15346,15347,15348,15349,15350"]

Read More

  29/ May/ 2023

ရခိုင်ပြည်နယ်အတွင်း သောက်ရေသန့်နှင့် သုံးရေ ရရှိရန် ကြက်ခြေနီက ကူညီပေးလျက်ရှိ

ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ပြီးနောက် သန့်စင်တဲ့ သောက်သုံးရေရရှိဖို့က အရမ်းကိုအရေးကြီးလှပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ရေအခက်အခဲရှိတဲ့နေရာတွေကို လက်လှမ်းမီသလောက်သွားရောက်ကာ နေ့စဉ်ရေပေးဝေလျက်ရှိသလို၊ ကောင်းမွန်တဲ့ရေအရင်းမြစ်ရရှိအောင် ကူညီပေးနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
[gallery display="grid" targetsize="wcstandard" link="file" columns="2" size="wcstandard" ids="15338,15339,15340,15341,15342"]

Read More

  28/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ရခိုင်ပြည်နယ်ရှိထိခိုက်ခံစားရသူများအားအရေးပေါ်ကယ်ဆယ်ရေး သုံးပစ္စည်းများ ဆက်လက်ထောက်ပံ့

စစ်တွေ၊ ၂၀၂၃ခုနှစ်၊ မေလ(၂၈)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့်ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများ ကူညီထောက်ပံ့ပေးဝေလျက်ရှိပါသည်။
စစ်တွေမြို့နယ် ပလ္လင်ပြင်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် အသင်းမှထောက်ပံ့သော မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊တစ်ကိုယ်ရည်အမျိုးသမီးသန့်ရှင်းရေးသုံးပစ္စည်းများ၊မီးဖိုချောင်သုံးပစ္စည်းများ၊တာပေါ်လင်များနှင့်ခြင်ထောင်များကိုပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေး၊ ရခိုင်ပြည်နယ်စီမံချက်များ စီမံခန့်ခွဲရေးယူနစ်ညွှန်ကြားရေးမှူးဒေါ်အေးအေးငြိမ်းတို့ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှတာဝန်ရှိသူများ၊ကြက်ခြေနီ ဝန်ထမ်းများနှင့်ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များသည်မေလ(၂၇)ရက်နေ့နံနက်ပိုင်းက သွားရောက်ထောက်ပံ့ခဲ့ပါသည်။
အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများ‌ ထောက်ပံ့ပေးဝေရာတွင် အိမ်ထောင်စုပေါင်း(၄၈၂)စုအတွက် မိသားစုသုံးပစ္စည်း(၃၀၉)ပုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၄၈၂)အိတ်၊ တစ်ကိုယ်ရည်အမျိုးသမီး သန့်ရှင်း ရေးသုံးပစ္စည်း(၁၇၃)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း (၁၇၃)စုံ၊ တာပေါ်လင်(၃၄၆)စနှင့်ခြင်ထောင် (၁၇၃)လုံးတို့ကို ကူညီထောက်ပံ့ပေးခဲ့ပါသည်။
ထို့နောက် အသင်းဝန်ထမ်းများနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များကကြက်ခြေနီ အကြောင်းသိကောင်းစရာ၊သန့်လေးသန့်၊စနစ်တကျလက်ဆေးခြင်းနှင့်ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့်ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ဆက်လက်ထောက်ပံ့နိုင်ရန်နှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ရန်အတွက်ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
[gallery display="grid" targetsize="wcstandard" link="file" columns="2" size="wcstandard" ids="15249,15248,15247,15246,15245,15244,15243,15242,15241,15239"]

Read More

  27/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား အရေးပေါ်ကယ်ဆယ်ရေး သုံးပစ္စည်းများ ဆက်လက်ထောက်ပံ့

စစ်တွေ၊ ၂၀၂၃ခုနှစ်၊ မေလ(၂၇)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ပြည်သူများအတွက် အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများကို ကူညီထောက်ပံ့ ပေးဝေလျက်ရှိပါသည်။
မြစ်နားကျေးရွာနှင့်ညိုရောင်ချောင်းကျေးရွာများရှိ ဒေသခံပြည်သူများအတွက် အသင်းမှ ထောက်ပံ့သော မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်အမျိုးသမီး သန့်ရှင်းရေး သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တာပေါ်လင်စနှင့်ခြင်ထောင်များကို ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး၊ ရခိုင်ပြည်နယ်စီမံချက်များ စီမံခန့်ခွဲရေးယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များသည် မေလ(၂၆)ရက် နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
ထိုသို့ ပစ္စည်းများ‌ ထောက်ပံ့ ပေးဝေရာတွင် မြစ်နားကျေးရွာမှ အိမ်ထောင်စု(၁၀၇)စု အတွက် မိသားစုသုံးပစ္စည်း(၃၃)ပုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၀၇)အိတ်၊ တစ်ကိုယ်ရည် အမျိုးသမီးသန့်ရှင်းရေးသုံးပစ္စည်း(၁၀၇)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၇၄)စုံ၊ တာပေါ်လင်(၁၄၈)စ၊ ခြင်ထောင်(၇၄)လုံးတို့ကို ထောက်ပံ့ပေးခဲ့ပြီး၊ ညိုရောင်ချောင်းကျေးရွာမှအိမ်ထောင်စု (၁၃၀)စု အတွက် မိသားစုသုံးပစ္စည်း(၅၄)ပုံး၊တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၃၀)အိတ်၊ အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၃၀)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၇၆)စုံ၊ တာပေါ်လင်(၁၅၂)စ၊ ခြင်
ထောင် (၇၆)လုံးတို့ကို သွားရောက် ကူညီထောက်ပံ့ပေးခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ဆက်လက်ထောက်ပံ့နိုင်ရန်နှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ရန်အတွက် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။
[gallery ids="15226,15227,15228,15229,15230,15231,15232,15233,15234"]

Read More

  26/ May/ 2023

ပေါက်တောတွင် မုန်တိုင်းကြောင့်ရေအခဲအခက်ရှိသည့်နေရာများအား ကြက်ခြေနီက ကူညီ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက စစ်တွေမြို့နယ်မှ တဆင့်ရေလီတာ (၆၀၀၀)ခန့်ကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းက သွားရောက်ပေးဝေခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့်ရေအခက်အခဲရှိတဲ့နေရာတွေကို လက်လှမ်းမီသလောက်သွားရောက်ကာ နေ့စဉ်ရေပေးဝေလျက်ရှိသလို၊ သန့်ရှင်းတဲ့ရေအရင်းမြစ်ရရှိအောင် ကူညီပေးနိုင်ဖို့အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ [gallery display="grid" targetsize="wcstandard" link="file" columns="2" size="wcstandard" ids="15211,15212,15213,15214"]

Read More