ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန

မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာနသည်လည်း အရေးပါသော ဌာနတစ်ခုဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းအပြီးတွင် ထောက်ပံ့ပို့ဆောင်ရေးယူနစ်အဖြစ် စတင် ထူထောင်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်း၊ ပြန်လည်ထူထောင်ရေး စီမံကိန်းကာလ များတွင်လည်း လိုအပ်သည့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများလည်း ပြုပေးခဲ့သည်။

ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့သည် အသင်း၏ သယ်ယူပို့ဆောင်ရေး၊ ဝယ်ယူဖြည့်တင်းရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လိုအပ်ချက်များကို စီမံဆောင်ရွက်ပေးခဲ့ပြီး အခြားအဖွဲ့အစည်းများ မသွားရောက်နိုင်သည့် သွားလာရန်ခက်ခဲသည့် ဒေသများအထိ လူမှုကရုဏာအကူအညီများ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာနသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော စီမံချက် ဒေသမှ ဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များကိုသာမက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး မှ စေတနာလုပ်အားရှင်များအား ထောက်ပံ့ပို့ဆောင်ရေး သင်တန်းများ၊ သိုလှောင်ရုံ ထိန်းသိမ်းရေး သင်တန်းများနှင့် ယာဉ်အသုံးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းများ ပို့ချပေးလျက်ရှိသည်။

သိုလှောင်ရုံများနှင့် နေရာများ – သိုလှောင်ရုံ စုစုပေါင်း ၃၀ လုံး

  • ကချင်ပြည်နယ် – မြစ်ကြီးနား
  • ကယားပြည်နယ်- လွိုင်ကော်
  • ကရင်ပြည်နယ်- ဘားအံ
  • ချင်းပြည်နယ် – ဟားခါး
  • မွန်ပြည်နယ် – မော်လမြိုင်
  • ရခိုင်ပြည်နယ် – စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ သံတွဲမြို့၊ ဘူးသီးတောင်နှင့် မောင်တောမြို့
  • ရှမ်းပြည်နယ် – ကျိုင်းတုံမြို့၊ တောင်ကြီးမြို့နှင့် လားရှိုးမြို့
  • စစ်ကိုင်းတိုင်းဒေသကြီး – စစ်ကိုင်းမြို့၊ မုံရွာမြို့နှင့် ကလေးမြို့
  • ပဲခူးတိုင်းဒေသကြီး – ပဲခူးမြို့နှင့် ပြည်မြို့
  • မကွေးတိုင်းဒေသကြီး – မကွေးမြို့
  • မန္တလေးတိုင်းဒေသကြီး – မန္တလေး
  • တနင်္သာရီတိုင်းဒေသကြီး – မြိတ်မြို့နှင့် ထားဝယ်မြို့
  • ရန်ကုန်တိုင်းဒေသကြီး – သန်လျင်မြို့
  • ဧရာဝတီတိုင်းဒေသကြီး – ပုသိမ်မြို့၊ ဘိုကလေးမြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့၊ မြောင်းမြနှင့် ဝါးခယ်မမြို့
  • နေပြည်တော်ကောင်စီနယ်မြေ – နေပြည်တော်

ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ကို ဆက်သွယ်လိုပါက eieihtwe@redcross.org.mm သို့အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။